Things To Do

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကြီးကို ဆင်နွှဲကြစို့

Celebrate the Grand 120th Anniversary of Yangon Zoo

အရှေ့တောင်အာရှရဲ့ သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ အခုဆိုရင် သက်တမ်း ၁၂၀ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်ကတည်းက စတင်ခဲ့တာမို့ တကယ့်ကို ထူးခြားရှည်လျားတဲ့ သက်တမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒီထူးခြားတဲ့ သမိုင်းဝင်နှစ်ပတ်လည်ကို ဂုဏ်ပြုဖို့အတွက် ၂၀၂၆၊ ဇန်နဝါရီ ၃၁ ကနေ ဖေဖော်ဝါရီ  ရက်နေ့ အထိ ပျော်ပွဲရွှင်ပွဲတွေကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။

 

ဘာတွေပါဝင်မလဲဆိုတော့ -

  • ဇန်နဝါရီ ၃၁:  ဖွင့်ပွဲအခမ်းအနား။
  • ဖေဖော်ဝါရီ  - : ဈေးရောင်းပွဲတော်၊ အဆို၊ အက၊ မျက်လှည့်ပြပွဲတွေနဲ့ ကလေးငယ်တွေအတွက် Talk Show တွေအပြင် ဖျော်ဖြေရေးအစီအစဉ်ပေါင်းစုံ။

 

ငယ်စဉ်ကတည်းက အမှတ်တရတွေရှိခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ်ကြီးကို မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ တစ်ခေါက်ပြန်လည်လည်ပတ်ရင်း ၁၂၀ နှစ်ပြည့်ပွဲတော်မှာ အမှတ်တရဖြစ်ရပ်တွေနဲ့ ပျော်ရွှင်စရာတွေ ဖန်တီးနိုင်အောင် MY Yangon က ဒီသတင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။

 

Yangon Zoo

⇐ Previous

Read 32 times