တေးသံရှင် ဖြိုးပြည့်စုံ၊ အောင်ထက်၊ မိစန္ဒီ၊ နီနီခင်ဇော် နဲ့ Jewel တို့ သီဆိုတင်ဆက်မဲ့ “Friends Universe” ဂီတဖျော်ဖြေပွဲ ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် (စနေနေ့) တွင် အမျိုးသားကဇာတ်ရုံ (National Theatre) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီ Concert ဟာ ပုံမှန်အတိုင်း သီချင်းဆိုဖျော်ဖြေသွားမဲ့ ပုံစံတစ်မျိုးသာမဟုတ်ဘဲ အိပ်မက်ဆန်ဆန် Universe တစ်ခုထဲကို ရောက်သွားသလို ခံစားရစေမယ့် ဖျော်ဖြေမှုအလှအပ၊ Performance အသစ်တွေနဲ့ တင်ဆက်သွားကြမှာပါ။ ဒီအတွက် ဂီတချစ်သူ ပရိသတ်တွေအဖို့ အင်အားပြည့် Power Mood ကနေ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Emotion မျိုးစုံ အထိ တစ်ညတည်းမှာ အပြည့်အဝ ခံစားရစေမဲ့ Concert ဖြစ်လာမှာပါ။
“Friends Universe” ကို သရုပ်ဖော်တင်ဆက်မှုတွေအပြင် သီချင်းတွေ၊ အလှတရားတွေကို “အချစ်ဆုံးသူငယ်ချင်း” ဆိုတဲ့ သံယောဇဉ် ကို အခြေခံပြီး ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘဝမှာ အခင်ရဆုံး သူငယ်ချင်းတွေနဲ့အတူ လာရောက်ကြည့်ရှုဖို့ သင့်တော်တဲ့ Concert တစ်ပွဲဖြစ်ကြောင်း MY Yangon က ဂီတချစ်သူတို့ကို သတင်းပါးလိုက်ပါတယ်။

ပွဲအသေးစိတ်
နေ့ရက် – ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် (စနေနေ့)
နေရာ – အမျိုးသားကဇာတ်ရုံ (National Theatre)
လက်မှတ်ဈေးနှုန်း - ဖော်ပြပါ Friends Universe Facebook Page တွင် စုံစမ်းနိုင်ပါတယ်။
https://www.facebook.com/profile.php?id=61586146622836
.
Read 70 times