Yangon မြို့ရဲ့ အေးမြတဲ့ Inya Lake အနီးမှာ Wine ချစ်သူတွေ၊ Music Lover တွေ၊ Weekend ကို အထာကျကျ Chill ချင်သူတွေအတွက် Aythaya Wine Festival 2026 ကို MY Yangon ကနေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီ Event ကို January 31, 2026, Inya Pop Market (Uttara Lounge), Yangon မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Wine, Food & Music ကို တစ်နေရာတည်းမှာ ပေါင်းစပ်ထားတဲ့ Lifestyle Event တစ်ခုအဖြစ် ခံစားနိုင်မှာပါ။
Aythaya Wine Festival 2026 မှာ Double J၊ အိမ့်ချစ် တို့လို နာမည်ကြီး Artist တွေရဲ့ Live Performance တွေအပြင် 90’s Band ရဲ့ မြူးမြူးကြွကြွ သီချင်းတွေကိုလည်း နားဆင်နိုင်မှာဖြစ်လို့ ဝိုင်တစ်ခွက်နဲ့အတူ ဂီတတေးသွားတွေကြား ငြိမ့်နေရမှာ တကယ်မိုက်ပါလိမ့်မယ်။
ပြီးတော့ Wine အကြောင်းကို ပိုပြီး နားလည်ချင်သူတွေအတွက် ဒီပွဲမှာပဲ Wine Knowledge Sharing Session နဲ့ Blind Tasting Experience တွေက တကယ့်ကို စိတ်ဝင်စားစရာ အစီအစဉ်တစ်ခု ဖြစ်ပါလိမ့်မယ်။ Wine Beginner ဖြစ်ဖြစ်၊ Wine Lover ဖြစ်ဖြစ် အသစ်အဆန်း Experience တစ်ခုကို သေချာပေါက် ခံစားရစေမှာပါ။

အဲဒါအပြင် ပျော်ရွှင်ဖွယ် Game အစီအစဉ်တွေ၊ ဆုလက်ဆောင်ရယူနိုင်မဲ့ Activity မျိုးစုံရှိတာကြောင့်
သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ Couple Date ပဲဖြစ်ဖြစ်၊ Chill & Fun ဖြစ်စေမဲ့ Atmosphere ဆိုတာ လုံးဝ ယုံကြည်ထားနိုင်ပါတယ်။
ဒီပွဲကို ဘယ်သူတွေ သွားသင့်လဲ?
ကဲ …. Wine၊ Music နဲ့ အပန်းဖြေမှုတွေကို Inya Lake ရဲ့ အေးမြတဲ့ လေညင်းနဲ့အတူ ခံစားချင်တယ်ဆိုရင် Aythaya Wine Festival 2026 ကို ဒီတစ်ပတ် Weekend Must-Go Event List ထဲမှာ ထည့်ထားသင့်ကြောင်း MY Yangon က ပြန်လည်မျှဝေလိုက်ပါတယ်။
.
Read 54 times