Entertainment

ဒီတစ်ပတ် ရုံဝင်မဲ့ နိုင်ငံတကာရုင်ရှင် ၂ ကား — Crime Thriller တစ်ကား၊ Survival Action တစ်ကား

Two International Films Hitting Cinemas This Week — One Crime Thriller, One Survival Action

ဒီတစ်ပတ် 30 January 2026, ရုပ်ရှင်ရုံတွေမှာ genre မတူတဲ့ movie သစ်  ကား တစ်ပြိုင်နက် ဝင်ရောက်ပြသမဲ့အတွက် နိုင်ငံတကာရုပ်ရှင်ချစ်သူတွေအတွက် ရွေးချယ်မှုတွေနဲ့အတူ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၂ ကားကတော့ အမျိုးသမီးရဲအရာရှိတစ်ဦးရဲ့ crime thriller တစ်ကားနဲ့ အချိန်နဲ့အပြိုင် တိုက်ရတဲ့ survival action thriller တစ်ကားတို့ပါ။

 

Mardaani 3 — အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ မရပ်မနားတိုက်ပွဲ

Crime thriller vibe ကြိုက်တဲ့သူတွေအတွက် ဒီတစ်ပတ်ရဲ့ highlight ကတော့ Mardaani 3 ပါ။ ဒီကားမှာ ပရိသတ်တွေ ရင်းနှီးပြီးသား Rani Mukerji သရုပ်ဆောင်ထားတဲ့ Shivani Shivaji Roy ကို ထပ်မံတွေ့မြင်ရမှာဖြစ်ပြီး အန္တရာယ်များတဲ့ အမှုတစ်ခုကို ရင်ဆိုင်ဖြေရှင်းရတဲ့ ရဲအရာရှိတစ်ယောက်အဖြစ် ပြန်လည်တင်ဆက်ထားပါတယ်။

Mardaani ဇာတ်လမ်းတွဲရဲ့ အဓိကအားသာချက်က အက်ရှင်ထက် ပိုပြီး အမှုစုံစမ်းရေးနဲ့ စိတ်ပိုင်းဆိုင်ရာတင်းမာမှု ကို အလေးထားပြသတာပါ။ ဒီကားမှာလည်း အမျိုးသမီးတစ်ယောက်ရဲ့ သတ္တိ၊ တာဝန်ယူမှုနဲ့ မရပ်မနားရပ်တည်မှုကို ထိထိမိမိ မြင်တွေ့ရမယ့် crime thriller တစ်ကားဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ရဲအမှုစုံစမ်းရေးဇာတ်ကားတွေ၊ တင်းမာတဲ့ storyline နဲ့ အင်အားပြင်းတဲ့ အမျိုးသမီးဇာတ်ကောင်တွေကို ကြိုက်သူတွေအတွက် Mardaani 3 က ဒီတစ်ပတ် cinema watchlist ထဲ မဖြစ်မနေ ထည့်ထားသင့်တဲ့ကားတစ်ကားပါ။

Mardaani 3

MERCY — အချိန်နဲ့အပြိုင် အသက်ရှင်ဖို့ တိုက်ရတဲ့ Survival Thriller

အက်ရှင်မြန်မြန်၊ tension ပြင်းပြင်း ကြိုက်တဲ့သူတွေ အတွက်တော့ MERCY က နောက်ထပ်ရွေးချယ်စရာကောင်းတဲ့ကားတစ်ကားပါ။ ဒီကားမှာ Hollywood သရုပ်ဆောင် Chris Pratt ပါဝင်သရုပ်ဆောင်ထားပြီး မထင်မှတ်ပဲ အန္တရာယ်ကြီးတစ်ခုထဲ ဆွဲသွင်းခံရတဲ့ လူတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

MERCY က ရိုးရိုး action ကားတစ်ကားမဟုတ်ဘဲ အချိန်နဲ့ ပြိုင်ပြီး ဆုံးဖြတ်ချက်တွေချရတဲ့ survival thriller ပုံစံပါ။ ဇာတ်လမ်းအတွင် တရားမျှတမှု၊ အမှန်တရားနဲ့ လူသားရဲ့ ရွေးချယ်မှုတွေကိုပါ စဉ်းစားစေမဲ့ အချက်တွေ ပါဝင်လာတာကြောင့် action ကြိုက်သူတွေအတွက် ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။ Sci-fi touch ပါတဲ့ action thriller တွေ၊ chase scene ပြင်းပြင်းနဲ့ စိတ်ဖိစီးမှုအပြည့်ခံစားချင်တဲ့သူတွေအတွက် MERCY ကို cinema watchlist ထဲ ထည့်ထားလိုက်ပါ။  

MERCY

ဒီတစ်ပတ် ဘယ်ကားရွေးမလဲ?

  • Crime thriller + strong female lead ကြိုက်ရင် … Mardaani 3
  • Action + survival + time-pressure thriller ကြိုက်ရင်  MERCY

 

Genre မတူတဲ့ movie  ကားကို ရုပ်ရှင်ရုံတွေမှာ တစ်ပတ်တည်း ကြည့်နိုင်မယ့်အတွက် ကိုယ့်စိတ်ကြိုက် style နဲ့ ရွေးချယ်ကြည့်ရှုနိုင်ပါတယ်လို့ MY Yangon ကနေ နိုင်ငံတကာရုပ်ရှင်ချစ်သူတွေအတွက် ညွှန်းဆိုလိုက်ပါတယ်။

 

 

 

⇐ Previous

Read 68 times