Health & Beauty

ဘာကြောင့် အိပ်ရေးဝအောင် အိပ်သင့်တာလဲ ?

Why should I get enough sleep?

လောကကြီးမှာ အအိပ်အစားက လူတိုင်းနဲ့တည့်ပါတယ်။ လူတွေအနေနဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေပြီးတဲ့အခါမှာတော့ ခန္ဓာကိုယ်ကို ပြန်ပြီး အနားပေးအိပ်စက်ကြရပါတယ်။ ခန္ဓာကိုယ်က စက်နဲ့တူပါတယ်။ မရပ်မနားခိုင်းတဲ့အခါမှာ နောက်ဆက်တွဲရလာတဲ့ ရလဒ်တွေက အဆိုးတွေပဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံမှန်အနားပေးချိန်တွေ လိုအပ်ပါတယ်။

လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ အိပ်စက်ခြင်းက အရေးကြီးပါတယ်။ လူတစ်ယောက်က တစ်နေ့ကို အနည်းဆုံး (၇) နာရီ (၈) နာရီလောက် အိပ်စက်သင့်ပါတယ်။ အိပ်ရေးမဝရင် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲလက္ခဏာတွေက များသောအားဖြင့် ဆိုးရွားတတ်ပါတယ်။ 

နံနက်ခင်းတိုင်းမှာ အချိန်မှန် ပုံမှန် လှုံ့ဆော်မှုက လူ့ခန္ဓာကိုယ်ကို ညဖက်မှာ အိပ်စက်ဖို့နဲ့ နံနက်ခင်းမှာနိုးထဖို့ကို သင်ပြပေးပါတယ်။ ဥပမာ - ညတိုင်း ပုံမှန် ည (၁၁) နာရီမှာ အိပ်စက်ပြီး နံနက် (၆) နာရီမှာ အိပ်ရာ ထတယ် ဆိုရင် နေ့စဉ် ည (၁၁) နာရီဆိုလျှင် အိပ်ချင်လာပြီး နံနက် (၆) နာရီမှာ အိပ်ရာ အမြဲနိုးထတတ်ပါတယ်။ 

How Can I Sleep Better at Night? Tips to Start Today. - Firstbeat

နံနက်ခင်းတွေမှာ အိပ်ရာနိုးထချိန်တွေ တစ်နေ့နဲ့ တစ်နေ့ မတူတဲ့အခါမှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက နာရီအချိန်မမှန်တော့ဘဲ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ နိုးထကာစမှာ လေးလံထိုင်းမှိုင်းနေပြီး ဘာကိုမှ စိတ်ဝင်တစား အလုပ်လုပ်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။

အိပ်ရာမဝင်ခင် (၆) နာရီမှ (၁၀) နာရီအတွင်းမှာ ကော်ဖီ ၊ လက်ဖက်ရည်၊ ချော့ကလက်ရည်တို့ကို မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က အိပ်စက်လိုမှုကို တားမြစ်ပါတယ်။ အရည်များ သောက်ထားတဲ့အတွက် ရေချိုးခန်းကို ထ ထ သွားနေရခြင်းကလည်း ကောင်းမွန်စွာ အိပ်စက်ရခြင်းကို အဟန့်အတား ဖြစ်စေပါတယ်။ 

8 Tips for Better Sleep at Night - Mindful

နွားနို့သောက်ခြင်းက အိပ်စက်လိုမှုကို ဖြစ်ပေါ်စေပြီး ညဖက်မှာ နွားနို့သောက်ဖို့ သင့်တော်ပါတယ်။ ရေနွေးနွေးနဲ့ရေချိုးပြီးနောက် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး အိပ်စက်လိုမှုကို ဖြစ်ပေါ်စေတဲ့အတွက် ညနေဖက်မှာ ရေနွေးနွေးနဲ့ရေချိုးဖို့ သင့်ပါတယ်။

အိပ်ရေးဝနေတဲ့ သူတစ်ယောက်က...

၁။ စိတ်ဖိစီးမှု

စိတ်ဖိစီးတာတွေ စိတ်ဓာတ်ကျတာတွေ စိတ်မကြည်လင်တာတွေက အိပ်ရေးပျက်တဲ့သူတွေဆိုရင် အများဆုံးခံစားရပါတယ်။ အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်စက်ထားတဲ့သူတစ်ယောက်မှာ လန်းဆန်းတက်ကြွမှူရယ် ပျော်ရွှင်မှူကိုဖြစ်စေတဲ့ ဟော်မုန်းတွေ မြင့်တက်နေမှာပါ။

၂။ အာရုံစူးစိုက်မှု

အိပ်ရေးဝဝအိပ်ထားတဲ့သူတစ်ယောက်ရဲ့ ဦးနှောက်စွမ်းဆောင်ရည်က တိုးတက်ကောင်းမွန်နေပြီးတော့ လန်းဆန်းတက်ကြွနေတတ်ပါတယ်။ အမြဲတန်းတက်ကြွနေတဲ့ ဦးနှောက်က အာရုံစူးစိုက်မှုကို အများကြီး အကူအညီပေးနိုင်ပါတယ်။ ကားမောင်းတာတို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေ သေချာစဉ်းစားတွေးခေါ်ရမယ့်နေရာတွေမှာ သိသိသာသာတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။

Treatments for sleeping issues | Sleep | ReachOut Australia

၃။ ကိုယ်ခံအား

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကူးစက်ရောဂါပိုးမွှားတွေ ဝင်ရောက်နိုင်ပြီဆိုရင် ကိုယ်ခံအားနည်းနေလို့ပါ။ အိပ်ရေးဝဝအိပ်စက်ထားမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီးတော့ ဖျားနာတာတွေ ကူးစက်ရောဂါတွေဝင်လာနိုင်မှာ မဟုတ်ပါဘူး။

၄။ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်

အိပ်ချိန်မှန်မှန် အိပ်ရေးဝဝအိပ်ထားရင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ စွမ်းအင်တွေ ပြည့်ဝနေပြီးတော့ အိပ်ရေးပျက်လို့ အစားစားချင်စိတ်များနေတာတွေကို လျော့ချပေးပါတယ်။ အိပ်ရေးပျက်တဲ့သူတွေက ဆာလောင်မှူကို ပိုခံစားရပြီးတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သကြားဓာတ်များတဲ့ အစာတွေ အဆီများတဲ့အဆာတွေကို စားမိတတ်ကြပါတယ်။ အိပ်ရေးဝဝအိပ်ထားတဲ့လူက အဲ့ဒီလို ဆာလောင်မှုကို မခံစားရပဲ ပုံမှန်အတိုင်း စားသုံးနိုင်တာမလို့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အလေးချိန်ကို ထိန်းထားနိုင်မှာပါ။

The Harder You Try, the Worse You Sleep -GymLion

⇐ Previous Next

Read 1166 times