ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံး ရတနာပါ။ အဲဒီထဲမှာမှ အသက်ရှင်သန်နေထိုင်ဖို့အတွက် အဓိကကျတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “နှလုံး” ရဲ့ ကျန်းမာရေးကတော့ လုံးဝကို မပေါ့ဆသင့်တဲ့ အရာတစ်ခုပါပဲ။ နှလုံးဆိုတာ ကျွန်တော်တို့ မွေးဖွားလာချိန်ကစလို့ သေဆုံးချိန်အထိ တစ်မိနစ်မနားဘဲ အဆက်မပြတ် အလုပ်လုပ်နေရတဲ့ စက်တစ်မျိုးနဲ့တူပါတယ်။ ဒါပေမဲ့ ဒီစက်ကို သေချာဂရုမစိုက်ဘူးဆိုရင်တော့ ရုတ်တရက် ရပ်တန့်သွားနိုင်တာကို လူတိုင်း သတိထားဖို့ လိုအပ်ပါတယ်။
နှလုံးရောဂါကို ဘာကြောင့် ဂရုစိုက်သင့်တာလဲ
နှလုံးရောဂါဆိုတာ ဖြစ်လာပြီဆိုရင် အချိန်မရွေး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်အောင် ဆိုးရွားတဲ့ ရောဂါတစ်ခုပါ။ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း စတဲ့ အခြေအနေတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ တချို့လူတွေက နှလုံးရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ရင်ဘတ်အောင့်တာ၊ မောပန်းလွယ်တာ၊ အသက်ရှူရ ခက်ခဲတာတွေကို လျစ်လျူရှုထားတတ်ကြတယ်။ ဒီလို လက္ခဏာလေးတွေ ပေါ်လာပြီဆိုရင် 'ဒါ နားခဏနားလိုက်ရင် ပျောက်သွားမှာပါ' ဆိုပြီး ပေါ့ဆမနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်သင့်ပါတယ်။ အချိန်မီ စစ်ဆေး ကုသမှု ခံယူခြင်းဖြင့် မိမိရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။

နှလုံးကျန်းမာစေဖို့ ဆောင်ရန် ရှောင်ရန်များ
နှလုံးရောဂါမဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ နေ့စဉ်လူနေမှုပုံစံလေးတွေကို ပြောင်းလဲပေးရုံနဲ့ နှလုံးကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ပါတယ်။
ဆောင်ရန်များ (လုပ်သင့်သောအရာများ):
ရှောင်ရန်များ (ရှောင်သင့်သောအရာများ):

နှလုံးရောဂါသည်များအား နွေးထွေးစွာ စောင့်ရှောက်ခြင်း
မိသားစုဝင် သို့မဟုတ် ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ဟာ နှလုံးရောဂါ အခံရှိနေတယ်ဆိုရင် သူတို့ကို နားလည်မှု၊ စာနာမှုနဲ့ နွေးထွေးတဲ့ စောင့်ရှောက်မှုတွေ ပေးဖို့ အထူးလိုအပ်ပါတယ်။ ရောဂါသည်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို မြှင့်တင်ပေးတာ၊ ဆေးဝါးတွေကို အချိန်မှန် သောက်သုံးဖို့ ကူညီပေးတာ၊ သူတို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ပြင်ဆင်ပေးတာမျိုးတွေဟာ အလွန်အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုဟာ ရောဂါကို ရင်ဆိုင်ကျော်လွှားရာမှာ ကြီးမားတဲ့ အားတစ်ခု ဖြစ်စေပါတယ်။
နိဂုံးချုပ်အနေဖြင့်
နှလုံးကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုတာ အသက်အရွယ်ကြီးမှ စတင်ရမှာ မဟုတ်ဘဲ ငယ်စဉ်ကတည်းက ဂရုပြုသင့်ပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခြင်း၊ ပုံမှန်စစ်ဆေးခြင်းတွေ ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်။

မကြာသေးမီ အောက်တိုဘာ ၂၅ ရက်ညက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် Eastern Yangon Event Park မှာ ပြုလုပ်ခဲ့တဲ့ “Idiots Farewell” ဖျော်ဖြေပွဲမှာလည်း အဆိုတော် အဒီနို (Adino) ဟာ နှလုံးရောဂါအခံကြောင့် စင်ပေါ်မှာ သီဆိုရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့ရတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် နှလုံးရောဂါကို မပေါ့ဆသင့်ကြောင်း အသိပေးလိုက်တဲ့ သတိပေးခေါင်းလောင်းသံတစ်ခု ဖြစ်ပါကြောင်း MY Yangon Guide က နှလုံးရောဂါဆိုင်ရာ ကျန်းမာရေး အသိပေးဆောင်းပါးအဖြစ် တင်ဆက်လိုက်ပါတယ်။
Read 98 times