Health & Beauty

လူငယ်ဆန်ပြီး စတိုင်ကျလှပစေမယ့် ဆောင်းရာသီဖက်ရှင်ကို ဘယ်လိုတွဲစပ် ဝတ်ဆင်ကြမလဲ?

With the onset of December, many young people are now thinking about how to wear winter fashions.

ဒီဇင်ဘာအစလည်း ရောက်နေပြီဆိုတော့ အခုချိန်မှာ ဆောင်းရာသီဖက်ရှင်လေးတွေကို ဘယ်လို ဝတ်ဆင်ကြမလဲဆိုတာ လူငယ်တော်တော်များများလည်း စဥ်းစားလာကြပါပြီ။

အခုလို ဆောင်းဝင်ခါစ အချိန်လေးမှာ လူငယ်တွေအကြိုက် ကိုရီးယားဆန်ဆန် ဖက်ရှင်လေးတွေကို တော်တော်များများက ၀တ်ဆင်လာကြပြီ ဖြစ်ပါတယ်။ဒါပေမယ့် တွဲစပ်ဝတ်ဆင်ဖို့အတွက်  အချိန်မရှိတာပဲဖြစ်ဖြစ်၊ စတိုင်ကျကျ လှပဖို့အတွက် လူငယ်ဆန်တဲ့ ဖက်ရှင်လေးတွေကို တစ်ခါထဲ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ် အောက်မှာ ဖော်ပြထားတဲ့ ဖက်ရှင်ပုံစံလေးတွေကို ဝတ်ဆင်လို့ရပါတယ်နော်။

(၁)ဆွယ်တာပွပွနဲ့ စကပ်အတို

အရမ်းမအေးတဲ့ အခုလိုဆောင်းဝင်ခါစ အချိန်လေးမှာဆိုရင် ဆွယ်တာပွပွကို တစ်ထပ်တည်း ဝတ်ပြီး စကပ်အတိုနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ ချစ်စရာကောင်းပြီး ဖက်ရှင်ကျတဲ့ ပုံစံလေးကို ရရှိစေမှာ ဖြစ်ပါတယ်။ 

(၂)အနွေးထည်ပွပွနဲ့ ဂျင်းဘောင်းဘီ

ဒီလိုမျိုး တွဲစပ်၀တ်ဆင်မှုက လူငယ်အများ စုဝတ်ဆင်နေကြပုံစံတစ်မျိုးလည်း ဖြစ်ပါတယ်။ဂျင်းဘောင်ဘီနဲ့ အနွေးထည် ပွပွဝတ်တဲ့ပုံစံက ဘယ်တော့မှ ရိုးမသွားစေတဲ့ ဖက်ရှင်တစ်မျိုးလည်း ဖြစ်ပါတယ်။ 

(၃)အနွေးထည်ပါးပါးနဲ့ စကပ်တို

ဒီဖက်ရှင်ကတော့ လက်ရှိ (၂၀၂၀)ခုနှစ်မှာ ခေတ်စားနေတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ဆောင်းတွင်း ရာသီဥတုနဲ့လိုက်ဖက်တဲ့ ဖက်ရှင် တစ်မျိုး ဖြစ်ပြီး တီရှုပ်ကိုအောင်ကနေ ထည့်၀တ်တာပဲဖြစ်ဖြစ်၊ ကြိုက်နှစ်သက်ရာ အင်္ကျီကို ထည့်ဝတ်တာပဲဖြစ်ဖြစ် အပေါ်ထပ်ကို အနွေးထည်ပါးပါးလေးထပ်၀တ်ပြီး စကပ်တိုလေးကို တွဲဖက်ဝတ်ဆင်တာဟာလည်း  လူငယ်ဆန်ပြီး ဖက်ရှင်ကျတဲ့ ပုံစံတစ်မျိုး ဖြစ်စေမှာပါ။

(၄)ခေါင်းစွပ်အပွနဲ့ စကပ်တို

ဒါကတော့ လူငယ်အရမ်းဆန်တဲ့ ပုံဆန်လေးဖြစ်ပြီး အသက်(၂၀)ဝန်းကျင် မိန်းကလေးအများစု ဝတ်ဆင်လေ့ရှိတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။လူငယ်ဆန်ပြီး ပေါ့ပါးလွတ်လပ်တဲ့ သွင်ပြင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

(၅)ဆွယ်တာအပါးနဲ့ စကပ်ရှည်

ဒါကတော့ မိန်းကလေးဆန်ပြီး လှပတဲ့သွင်ပြင်လေးကို ရရှိစေမှာ ဖြစ်ပါတယ်။မိန်းကလေးဆန်တဲ့ ဖက်ရှင်ပုံစံလေးကို သဘောကျတဲ့ လူငယ်တွေအကြိုက်ပုံစံလေးလည်း ဖြစ်ပါတယ်။

လူငယ်ဆန်ဆန် ဆောင်းရာသီ ဖက်ရှင်လေးတွေကို သဘောကျမယ်ဆိုရင်တော့ တွဲဖက်ဝတ်ဆင်ဖို့ Save ထားလိုက်ပါတော့နော်။

 

⇐ Previous Next

Read 5185 times