Travel

Staycation သွားချင်သူတွေအတွက် ကျပ် (၄) သောင်းအောက် ရန်ကုန်မြို့က Hotel များ

 Hotels in Yangon for less than 40,000 Kyats for those who want to go to Staycation

အခုလိုကာလမှာ ခရီးသွားလို့လည်းမရဘူးဆိုတော့ ခရီးသွားရသလိုမျိုး ဖြစ်တဲ့  Staycation ပြုလုပ်ခြင်းဟာ ခေတ်စားလာတာကိုတွေ့ရပါတယ်။

 

Staycation ပြုလုပ်ရာမှာ ပိုက်ဆံအများကြီးလည်း မသုံးချင်ဘူး။Staycation Mood လေးလည်း အပြည့်အ၀ ရချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ကျပ် (၄၀,၀၀၀)အောက်ရှိတဲ့   Hotel List လေးတွေကို ဖော်ပြပေးထားပါတယ်။

 

(၁)Hotel Scion Yangon

 

ဒီဟိုတယ်ဟာ မရမ်းကုန်းမြို့နယ်ရှိ မဟာစည်မှတ်တိုင်အနီးမှာ တည်ရှိပါတယ်။ဒါ့အပြင် Spa ပါ၀င်တဲ့အတွက် တည်းခိုတဲ့သူတွေအတွက် စိတ်အပန်းဖြေစေနိုင်မှာ ဖြစ်ပါတယ်။စျေးနှုန်းအနေနဲ့ကတော့ ကျပ်(၃၅၀၀၀)သာရှိပြီး ဖုန်းနံပါတ် ( 09 8877880915)ကို ဆက်သွယ်နိုင်ပါတယ်။

 

(၂)Hotel Accord

 

 

ဒီဟိုတယ်ကတော့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့  စမ်းချောင်းမြို့နယ်မှာ တည်ရှိပါတယ်။တည်းခိုသူတိုင်းကို  မနက်စာ ကျွေးတဲ့အပြင် အခန်းတိုင်းမှာ Wifi  ပါ၀င်ပါတယ်။ဒါ့အပြင် ရေပူ၊ရေးအေး စနစ်(၂)မျိုးလုံးပါ၀င်တဲ့အတွက် အခုလိုဆောင်းရာသီအတွက် ပိုအဆင်ပြေပါတယ်။  Junction Square၊Gamone Pwint၊ Dagon Centerနဲ့ CityMart တို့နဲ့ နီးပါတယ်။အခန်းခဈေးနှုန်း အနေနဲ့ကတော့  ကျပ် (၃၅,၀၀၀) မှစ၍ တည်းခိုနိုင်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက  ဖုန်းနံပါတ် (01-7501670 ၊ 01-7502469 ၊ 09975751777)တို့ကို ဆက်သွယ်နိုင်ပါတယ်။

 

(၃)Best Western Chinatown Hotel

 

 

ရန်ကုန်မြို့ရဲ့ Downtown မှာတည်ရှိပြီး  အရည်အသွေးမြင့် Facilities နှင့် Amenities များကိုသာအသုံးပြုထားတဲ့ အပြင်  တည်းခိုသူများအတွက်လည်း မနက်စာများ ကိုလည်း ပြင်ဆင်ပေးထားပါတယ်။အခန်းစျေးနှုန်းအနေနဲ့ကတော့ ကျပ်(၄၀,၀၀၀)မှ စကာ တည်းခိုနိုင်မည် ဖြစ်ပြီး  သေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် (01-2303206 ၊ 01-2303207 ၊ 01-251085၊ 01-251086) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

(၄) Hotel Broadway Yangon

 

 

ဒီဟိုတယ်ကတော့ မရမ်းကုန်း မြို့နယ်တွင်ရှိပြီး  ကုလားကျောင်းနဲ့ ခဝဲခြံမှတ်တိုင်ကြားမှာ တည်ရှိပါတယ်။

နေ့စဥ် ကျန်းမာရေး ဝန်ဆောင်မှု အနေနဲ့   ပိုးသတ်ဆေးများကို နာရီခြားဖြန်းထားတဲ့အတွက် ကျန်းမာရေးအတွက်လည်း စိတ်ချနိုင်ပြီး စိတ်အေးလက်အေး အနားယူနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ကျပ်(၃၀,၀၀၀)မှစကာ တည်းခိုနိုင်မည်ဖြစ်ပြီး ဖုန်းနံပါတ်(01-9669291)ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

(၅)Sanctuary Hotel Yangon

 

 

ဒီဟိုတယ်လေးကတော့ ရန်ကုန်မြို့ရဲ့ သွားရလာရလွယ်ကူတဲ့ ကျောက်တံတားမြို့နယ်မှာ တည်ရှိပြီး ဒီဇင်ဘာ (၄)ရက်နေ့အထိ ပရိုမိုရှင်း အစီအစဥ်လေးတွေလည်း ရှိပါသေးတယ်။ဒါ့အပြင်   ကျန်းမာ​ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ Social Distance နည်းလမ်းများကို ဆောင်ရွက်ထားရှိတဲ့အပြင်   နေ့စဉ် ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ထားတဲ့အတွက် စိတ်ချလက်ချ အနားယူနိုင်မှာ ဖြစ်ပါတယ်။စျေးနှုန်းအနေနဲ့ကတော့ ကျပ်(၂၀,၀၀၀)မှစ၍ တည်းခိုနိုင်မည်ဖြစ်ပြီး ဖုန်းနံပါတ်(01-8373411)ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

⇐ Previous Next

Read 8123 times