Travel

ဝင်ကြေး ၁,၀၀၀ ကျပ်နဲ့ တစ်နေကုန် အပန်းဖြေလို့ရတဲ့ ရန်ကုန်မြို့အနီးက 489 Villa

489 Villa in Yangon

အားလပ်ရက်လေးမှာ နေ့ချင်းပြန်ခရီးတိုလေး ထွက်ပြီး အပန်းဖြေချင်တဲ့သူတွေအတွက် ရန်ကုန်မြို့ထဲကနေ (၁) နာရီလောက်သာ ကားစီးသွားရတဲ့ 489 Villa ဆိုတဲ့ အပန်းဖြေနေရာလေးကို မျှဝေပေးချင်ပါတယ်။ သူ့ရဲ့ ဝင်ကြေးက လူကြီး ၁,၀၀၀ ကျပ် ဖြစ်ပြီး ၁၀ နှစ်အောက် ကလေးငယ်တွေအတွက်ဆို အခမဲ့ပါ။

ခရီးဝေးမသွားဘဲ ရန်ကုန်မြို့နီးနီးနားနားမှာပဲ စျေးတန်တန်နဲ့ အပန်းဖြေအနားယူချင်တဲ့ မိသားစုတွေ၊ သူငယ်ချင်းဘော်ဒါတွေအနေနဲ့ 489 Villa လေးကို မရောက်ဖူးသေးရင် သွားရောက်လည်ပတ်ကြည့်ပါ။ တည်နေရာလေးကတော့ အောင်မင်္ဂလာအဝေးပြေး၊ အမှတ်သုံးလမ်းဆုံ၊ ဇေကမ္ဘာအိမ်ရာ (၁၂) လမ်းအကျော်၊ ချောင်းကူးတံတားနှစ်ခုမြောက်ရဲ့ ဘေးကပ်ရပ် ခြံအမှတ် 489/B မှာပဲ ဖြစ်ပါတယ်။ 

489 Villa မှာ ဘာတွေ ရှိလဲဆိုရင် -

- အနားယူ ဝင်ထိုင်လို့ရတဲ့ ရေပေါ်ဘန်ဂလိုတဲတွေ

- အဆိုဝါသနာရှင်တွေအတွက် KTV 

- ကလေးတွေအတွက် ကစားကွင်း

- ဓာတ်ဖမ်းချင်သူတွေအတွက် အလှနေရာတွေ

- အစားတလိုင်း အသောက်တလိုင်းတွေအတွက် အစားကောင်း အမြည်းကောင်းတွ

- ညအိပ်တည်းခိုချင်သူတွေအတွက် အခန်းတွေ ရှိပါတယ်။ 

မြို့ပြရဲ့ အဝေးက ခြံဝန်းကျယ်ကြီးထဲမှာ တည်ရှိတာဖြစ်တဲ့အတွက် စိမ်းစိမ်းစိုစို သစ်ပင်ပန်းမာန်တွေနဲ့ ရွာဘက်ရောက်နေသလိုမျိုး ခံစားရစေပါတယ်။ ရေပေါ်ဘန်ဂလိုတဲတွေက အလုံး (၃၀) လောက်ရှိပြီး အချိန်တခဏတော့ ဝင်ရောက်အနားယူလို့ရပါတယ်။ ပိုက်ဆံပေးစရာ မလိုပါဘူး။ 

မိသားစုနဲ့ သွားလို့ သားသားမီးမီးတွေပါ ပါရင် ကလေးတွေ အပျော်တမ်းကစားလို့ရမယ့် ကစားကွင်းအသေးလေးလည်း ရှိပါတယ်။ နောက်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တဲ့သူတွေအတွက် Photo Spot နေရာတွေလည်း အများကြီး ရှိပါတယ်။ 

အဆိုဝါသနာရှင်တွေအတွက်ကျတော့ KTV Room တွေက တစ်နာရီကို ၂၅,၀၀၀ ကျပ်တန်ရယ်၊ တစ်နာရီ ၃၅,၀၀၀ ကျပ်တန်ရယ် ဆိုပြီး (၂) မျိုး ရှိပါတယ်။ တည်းခိုခန်း ငှားချင်ရင်တော့ (၃) နာရီစာကို ၂၅,၀၀၀ ကျပ်ဖြစ်ပြီး တစ်ညအိပ်မယ်ဆိုရင်တော့ ၄၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ 

စားဖို့ သောက်ဖို့အတွက်လည်း စားသောက်ဆိုင်ကနေ မှာယူသုံးဆောင်လို့ ရပါတယ်။ သူ့စားသောက်ဆိုင်မှာက ထမင်းကြော်၊ ခေါက်ဆွဲကြော်တို့အပြင် မြန်မာအသုပ်တွေ၊ ယိုးဒယားအထောင်းတွေ၊ ငါးနဲ့ ပင်လယ်စာ ဟင်းလျာတွေ၊ ကြက်သားဟင်းလျာတွေ၊ ဝက်သားဟင်းလျာတွေ၊ အသီးအရွက်ကြော်နဲ့ အရည်သောက်အနေနဲ့ ဟင်းချိုတွေ ရပါတယ်။ ဒါ့အပြင် အသောက်လေးနဲ့မှ ခံတွင်းစိုချင်တဲ့သူတွေအတွက် သဘာဝ ကချင်ရိုးရာ ခေါင်ရည်စစ်စစ်လည်း ရပါသေးတယ်။ အစားအသောက်စျေးနှုန်းတွေကတော့ စျေးမကြီးဘဲ ပုံမှန်ပါပဲ။ ပြင်ပက အစားအသောက်တွေ ခြံထဲကို ယူသွားချင်ရင် Charges ထပ်ပေးရပါတယ်။ 

အပတ်စဉ် စနေနဲ့ တနင်္ဂနွေ နေ့တိုင်း 1:00 Pm ကနေ 5:00 Pm အထိ Unplugged အစီအစဉ်လည်း ရှိပါတယ်။ ပိတ်ရက်တွေဆိုရင် လူအရမ်းများတဲ့အတွက် 09975100983 ကို ဆက်သွယ်ပြီး ဘန်ဂလိုတွေကို Booking ကြိုလုပ်ဖို့ မမေ့နဲနော်။ ခြံဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဖြစ်ပါတယ်။  

YBS ကားနဲ့ သွားမယ်ဆိုရင် -

- ဆူးလေ ဘက်ကနေသွားမယ်ဆိုရင် YBS (36) နဲ့ (116) ရောက်ပါတယ် 

အမှတ် (၃) လမ်းဆုံမှာ ဆင်းပြီး ဆိုင်ကယ်ကယ်ရီမှတစ်ဆင့် စီးသွားပါ 

- မော်တင်/ မြေနီကုန်း/ လှည်းတန်း/ စိုက်ပျိုးရေး/ အင်းလျားကန်ဘောင်ဘက်ကနေလာမယ်ဆိုရင် YBS (35) ကားစီးပါ 

အမှတ် (၃) လမ်းဆုံမှာ ဆင်းပြီး ဆိုင်ကယ်ကယ်ရီမှတစ်ဆင့် စီးသွားပါ 

- ဇဝန/ စံပြစျေး/ တဥက္ကလာဘုရား/ ဘေလီ/ မဥက္ကလာ ၂ စျေး/ မဥက္ကလာ အဝိုင်းဆို YBS (92) ကားစီးပြီး

အမှတ် (၃) လမ်းဆုံမှာ ဆင်းပြီး ဆိုင်ကယ်ကယ်ရီမှတစ်ဆင့် စီးသွားပါ 

- သန်လျင်/ သာကေတအဝိုင်း သုဝဏ္ဏလမ်းဆုံ/ ဇဝန/ တဥက္ကလာ စာတိုက်/ ဘေလီ/ မဥက္ကလာ ၂စျေး/ မဥက္ကလာ အဝိုင်း YBS (32) ကားစီးပါ 

အမှတ် (၃) လမ်းဆုံမှာ ဆင်းပြီး ဆိုင်ကယ်ကယ်ရီမှတစ်ဆင့်စီးသွားပါ 

- YBS (97) စီးပွားရေးတက္ကသိုလ် ရွာသားကြီး/ စံပြစျေး/ ဘေလီ/ ကမ္ဘာအေး/ ၈မိုင်/ စော်ဘွားကြီးကုန်း/ ခရေပင်လမ်းခွဲ စီးပါ 

အမှတ် (၃) လမ်းဆုံမှာ ဆင်းပြီး ဆိုင်ကယ်ကယ်ရီမှတစ်ဆင့် စီးသွားပါ 

⇐ Previous Next

Read 47566 times