Health & Beauty

ဇက်ကြောတက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်းများ

How to treat Shoulder Pain

အကြောတက်တယ်ဆိုတာ လူတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ ဝေဒနာတစ်ခုဖြစ်တဲ့အပြင် အကြောတက်ခြင်းကြောင့် တစ်နေ့တာလုပ်ဆောင်မှုတွေအတွက် အဟန့်အတားတစ်ခုလို ဖြစ်နိုင်ပါတယ်။ 

လူအများစုက ဇက်ကြောတက်တာကို နှိပ်နယ်ပေးတာ၊ အကိုက်ခဲပျောက်ဆေးသောက်တာ စတဲ့နည်းလမ်းတွေနဲ့ ကုသကြပါတယ်။ ဇက်ကြောတက်တယ်ဆိုတာက အာရုံစိုက်တာများပြီး ပခုံးရှိကြွက်သား၊ နောက်ကျော၊ လက်ပြင်နဲ့ ဇက်ပိုးရှိကြွက်သားတွေ တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာပါ။ 

Advertisement 

Click Here >> Han Myanmar Construction

ဇက်ကြောတက်စေနိုင်တဲ့ အကြောင်းရင်းများ

ခန္ဓာကိုယ်ကို ကြာရှည်စွာ ကိုင်းထားပြီး စာဖတ်တာ၊ ဖုန်းနဲ့ ကွန်ပျူတာအကြည့်များတာ၊ ခေါင်းအုံးမြင့်လွန်းတာ/အရမ်းနိမ့်တာ၊ ခါးကိုကုန်းပြီး ကြာရှည်အလုပ်လုပ်တာ၊ ထိုင်နေချိန် ကိုယ်ဟန်အနေအထားမမှန်တာ၊ ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သုံးတာ၊ စိတ်ဖိစီးမှုများတာ၊ သွေးတက်စေတဲ့ အစားအစာတွေ စားတာတွေကလည်း ဇက်ကြောတတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဇက်ကြောတက်ခြင်းမှ ကာကွယ်နည်း

မနက်အိပ်ယာထချိန်မှာ ပုံမှန် ခေါင်းလေ့ကျင့်ခန်းပြုလုပ်တာ၊ ခေါင်းအုန်းကို ပခုံးနဲ့ တစ်တန်းတည်းထားပြီး အိပ်စက်တာ၊ ဂုတ်ကြောကို နှိပ်နယ်ပေးတာ၊ ဖုန်း၊ ကွန်ပျူတာကို ကြည့်မယ်ဆိုရင် ခါးကို မတ်မတ်ထိုင်ပြီးခေါင်းကို တည့်တည့်အနေအထားမှာ ကြည့်တာ၊ အကြောတက်စေနိုင်တဲ့ အစားအစာတွေ စားတာ ရှောင်ကျဉ်တာ၊ အရက်၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်တာ စတာတွေ လုပ်ပြီး ဇက်ကြောတက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

ဇက်ကြောတက်ခြင်းကို သက်သာအောင် ကုသနည်း

ဇက်ကြောမနေနိုင်အောင်တက်နေပြီဆိုရင် ဒီအချက်လေးတွေကို လုပ်ဆောင်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။ 

- ခေါင်းလေ့ကျင့်ခန်းလုပ်ပေးတာ (ခေါင်းကို ရှေ့ငိုက်ချလိုက်၊ နောက်လှန်ချလိုက် လေ့ကျင့်ခန်းကို ဖြည်းဖြည်းလုပ်ပါ။ ဘေးကို ဘယ်/ညာ လှည့်တာလည်း တလှည့်စီ လုပ်ပါ။)

- အိပ်ယာပေါ်တွင် ခေါင်းအုံးမပါဘဲ အနောက်ဘက် လည်ပင်းအောက်တွင် နူညံ့တဲ့ပုဝါကို အလိပ်ပုံစံ လိပ်ပြီး ပေါ့ပါးသော ကိုယ်ဟန်ဖြင့် ပက်လက်အိပ်တာ

- လည်ပင်းတဝိုက် ကြွက်သားတွေကို အသာအယာ နှိပ်နယ်ပေးတာ

- ဒဏ်သက်သာအောင် ရေနွေးကပ်တာ

- ရေများများသောက်တာ (ကျောရိုးမကြီးရဲ့ အဆစ်ပြားလေးတွေ ဟန်ချက်ညီဖို့နဲ့ ခါးဆစ်ရိုးမှာ ဖိအားမဖြစ်စေဖို့ ရေကို လိုအပ်ပါတယ်။)

- မျက်မှန်သမားတွေက ၆ လ (သို့) တစ်နှစ်တစ်ခါ ပါပါစစ်တာတွေ လုပ်ပေးခြင်းဖြင့် ဇာတ်ကြောတက်တာကို အနှေးနဲ့အမြန် သက်သာစေနိုင်ပါတယ်။ 

လိုအပ်ရင် ဆရာဝန်နဲ့ ပြသကာ အကြောလိမ်းဆေးတွေ ဝယ်လိမ်းတာနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း သောက်သုံးနိုင်ပါတယ်။

⇐ Previous Next

Read 910 times