Travel

ဝင်ကြေး (၁,၅၀၀) ကျပ်နဲ့ သဘာ၀ခြံလေးထဲ တစ်နေကုန် အနားယူလို့ရမယ့် TM Farm

TM Farm Road House

TM Farm က ရန်ကုန်နဲ့ နီးနီးနားနားမှာလည်း ဖြစ်တယ်၊ မွေးမြူရေးနဲ့ ပတ်သက်ပြီး လေ့လာစရာလည်း ရှိတယ်၊ မိသားစု/သူငယ်ချင်းတွေနဲ့အတူ တိတ်ဆိတ်အေးချမ်းတဲ့ သဘာ၀ခြံလေးမှာ အပန်းဖြေအနားယူလို့ရတဲ့ လည်ပတ်စရာနေရာတစ်ခုပါ။

 

TM Farm ဟာ အပန်းဖြေစခန်းတစ်ခုထက်ပိုပြီး ကိုယ်တိုင်မွေးမြူထားတဲ့  နို့စားနွားမွေးမြူရေးခြံမှ ထွက်ရှိတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ခြံထွက်အစားအသောက်တွေကို မှာယူစားသောက် အနားယူလို့ရမယ့် Farm Site လေးတစ်ခု ဖြစ်ပါတယ်။ 

 

 

တည်နေရာကတော့ ထောက်ကြန့်စစ်သင်္ချိုင်းအကျော် ဘုရားလမ်း၊ နွယ်ခွေရွာသစ်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ထဲကနေသွားရင် ကားနဲ့ (၁) နာရီလောက်ပဲ မောင်းသွားရတဲ့နေရာလေးပါ။ ကားနဲ့လာချင်သူ​တွေအတွက် ထောက်ကြန့် စစ်သင်္ချိုင်းဘေးလမ်းကနေ ဝင်ရောက်ပြီး TM Farm ကို သွားရောက်ရမှာ ဖြစ်ပါတယ်။ 

 

Busနဲ့ သွားရင် 37, 35, 32, 36, 41 တို့ရောက်ပြီး လမ်းသစ်မှတ်တိုင် (ထောက်ကြန့်စစ်သင်္ချိုင်း) မှာ ဆင်းရပါတယ်။ 37 ဝါယာလက်ကားက လွဲပြီး ထောက်ကြန့်စစ်သင်္ချိုင်းကို ရောက်ပါတယ်။ ပြီးရင်တော့ ကယ်ရီလေး (၅) မိနစ်လောက် ထပ်စီးလိုက်ရင် TM Farm ကိုရောက်ပါပြီ။ 

 

Farm ကိုတော့ နံနက် (၆:၃၀) ကနေ ညနေ (၆:၀၀) နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ သဘာ၀ရှုခင်းတွေကတော့ ထုံစံအတိုင်း မနက်ပိုင်းအစောလေးနဲ့ ညနေစောင်းဆို ပိုလှပါတယ်။ 

 

 

ကျေးလက်ရဲ့ အငွေ့အသက်လေးတွေကို ခံစားရင်း ခြံထွက်သဘာဝ နွားနို့စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်၊ ဖာလူဒါ၊ ဒိန်ချဉ်၊ နွားနို့အအေး၊ နွားနို့အပူ၊ ကူဖီမလိုင်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ကိတ်မျိုးစုံနှင့် အအေးမျိုးစုံ၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ တိုင်းရင်းသားအစားအစာများ၊ တရုတ်/ယိုးဒယားအစားအစာများကိုလည်း မှာယူစားသုံးနိုင်မှာပါ။ ပြင်ပအစားအစာ ယူဆောင်ခွင့် မပြုထားပါဘူး။ 

 

Activities တွေအနေနဲ့တော့ ဓာတ်ပုံရိုက်တာနဲ့ မွေးမြူရေးခြံဘက်ကို သွားလေ့လာတာက လွဲပြီး ဘာမှတော့ လုပ်စရာမရှိပါဘူး။ ခြံလေးရဲ့ အားသာချက်က သဘာ၀ဆန်ပြီး ပန်းရောင်စုံတွေနဲ့ သာယာလှပတယ်။ အေးအေးဆေးဆေး နားခိုစရာနေရာလေးတွေ များတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ View အလှလေးတွေ ပေါတယ်။

 

 

ဒါ့အပြင် တံတားအဆုံးမှာရှိတဲ့ နို့စားနွား မွေးမြူရေးခြံဘက်ကိုလည်း သွားကြည့်လို့ ရတယ်။ နောက်ပြီး ဓာတ်မြေဩဇာမသုံးဘဲ နွားချေးနဲ့ စိုက်ပျိုးထားတဲ့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူသွားလို့ရတယ်။ ဝင်ကြေးက တစ်နေကုန် ခြံထဲ အပန်းဖြေမှ ၁,၅၀၀ ကျပ်ပဲဆိုတော့ တန်ပါတယ်။  

 

တခြားစုံစမ်းမေးမြန်းစရာရှိရင် (Ph no- 09407973778) ကို နံနက် ၇ နာရီမှ ညနေ ၆ နာရီ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။ 

 

⇐ Previous Next

Read 1301 times