Things To Do

ဒီနှစ်ထဲ လက်ထပ်မယ့် မင်္ဂလာမောင်နှံတွေ သွားသင့်တဲ့ ဒိတ်ဒိတ်ကြဲ Wedding Fair ကြီး

Date Date Kyal Wedding Fair 2024

ဒီနှစ်ထဲ မင်္ဂလာဆောင်မယ်လို့ စဉ်းစားထားပြီး တစ်သက်မှာ တစ်ခါသာ ကျင်းပရမယ့် မင်္ဂလာပွဲအတွက် အခမ်းအနားဆုံးဖြစ်အောင် စိတ်ကူးထားတယ်ဆိုရင် Myanmar Wedding Society Group ကနေ ကြီးမှူးကျင်းပမယ့် Wedding Fair တစ်ခုအကြောင်း သတင်းကောင်းပါးပါရစေ။

 

ပွဲရဲ့ နာမည်ကိုက "ဒိတ်ဒိတ်ကြဲ Wedding Fair" ဆိုတော့ နာမည်ကြားတာနဲ့ အရှိန်အဝါတစ်ခု ရနေမှာ အသေအချာပါပဲ။ ဒီပွဲကို ဘယ်ဒိတ်ဒိတ်ကြဲတွေ လာမှာလဲ? ဘယ်လို ဝန်ဆောင်မှုတွေ ပါမှာလဲ? ဘယ်လို အတန်ဆုံး ပရိုမိုးရှင်းတွေနဲ့ ရင်ခုန်ရမလဲ? ဆိုတာကိုတော့ အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်။

 

ဆိုင်ခန်းပေါင်း (၃၀) ကျော်ပါဝင်မယ့် "ဒိတ်ဒိတ်ကြဲ Wedding Fair" ကြီးက MWSG ရဲ့ ပထမဆုံးကျင်းပတဲ့ Wedding Fair ဖြစ်ပြီး တစ်နှစ်မှာ နှစ်ကြိမ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ပထမဆုံး "ဒိတ်ဒိတ်ကြဲ Wedding Fair" ကိုတော့ မတ်လ (၉) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွားမှာပါ။ 

 

ဘယ်လို Wedding Services တွေ ပါဝင်မလဲ?

- Hotel များ

- နာမည်ကျော် Makeup Artist များ

- မင်္ဂလာဝတ်စုံဆိုင်များ

- မင်္ဂလာဖိတ်စာနှင့် ပြန်ကမ်းဆိုင်များ

- Wedding Planner များ

- Floral ဆိုင်များ

- Photo & Video ဝန်ဆောင်မှု

- စိန်ရတနာဆိုင်များ စတဲ့ မင်္ဂလာအခမ်းအနားတစ်ခုမှာ လိုအပ်တဲ့ Wedding Services Providers များအားလုံးကို တစ်စုတစ်စည်းတည်း တွေရမယ့် အစုံလင်ဆုံး Wedding Fair ကြီး ဖြစ်ပါတယ်။ 

 

ဒီပွဲကြီးမှာ မင်္ဂလာဝန်ဆောင်မှုလုပ်ငန်းတွေ စုံစုံလင်လင် ပါဝင်ပြသသွားမှာဖြစ်တဲ့အတွက် သွားလာစုံစမ်းမှုများစွာမလိုအပ်ဘဲ Wedding ကိစ္စတွေကို တစ်နေရာတည်းမှာ မေးမြန်းစုံစမ်းနိုင်တာဖြစ်တဲ့အတွက် အချိန်ကုန် လူပင်ပန်းသက်သာစေပါတယ်။ 

 

ဒီပွဲကို သွားမယ်ဆိုရင် စိတ်ကူးအိပ်မက်ထဲက သတို့သား/သတို့သမီးဝတ်စုံလေးတွေ၊ ဆန်းသစ်လှပတဲ့ လက်ဝတ်ရတနာဒီဇိုင်းတွေကို အပြင်မှာ ကိုယ်တိုင်ရွေးချယ်ကြည့်လို့ရပါမယ်။ လှပတဲ့ ပန်းအပြင်အဆင်တွေအတွက် Floral Service တွေကို စုံစမ်းနိုင်ပါတယ်။ အမှတ်တမဲ့တွေကို အမှတ်တရတွေအဖြစ် မှတ်တမ်းတင်ဖို့ ရိုက်ကူးရေးနဲ့ ဓာတ်ပုံ Package တွေကို ဝယ်ယူနိုင်ပါတယ်။ 

 

ခေတ်မှီဆန်းသစ်တဲ့ Wedding Invitation နဲ့ Wedding Gift လေးတွေကိုလည်း ပွဲမှာ မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် နာမည်ကျော် မိတ်ကပ် Artist တွေရဲ့ နမူနာ ခြယ်သထုံးဖွဲ့ပြမယ့်ပုံကို ကြည့်ပြီး ကိုယ်နဲ့အလိုက်အဖက်ဆုံး Look ကို ရွေးနိုင်ဦးမှာပါ။ ဒါမှမဟုတ် စိတ်ရှူပ်မခံဘဲ One Stop Service ယူပြီး မင်္ဂလာပွဲကျင်းပချင်တာဆိုရင်လည်း Event Planner တွေဆီက ပရိုမိုးရှင်းတွေယူပြီး ကိုယ့်စိတ်ကြိုက် စီစဉ်ခိုင်းလို့ ရပါသေးတယ်။ 

 

ပွဲမှာ ပါဝင်ပြသသွားမယ့် Wedding Services Provider တွေကတော့ - 

1. Peter's Bridal Garden

2. Thidagu Wedding

3. Kyal Thazin Wedding Services

4. ချစ်သူတို့အတွက်အနာဂတ် Wedding Planning Services

5. မင်္ဂလာဦး သတို့သား၊သတို့သမီး ဝတ်စုံနှင့်လက်ဝတ်ရတနာ

6. PNA's Wedding Studio One Stop Service

7. YG wedding planner

8. SWEET Couple - Floral & Wedding Service

9. စုနန္ဒာ မင်္ဂလာဝတ်စုံ

10. HG Wedding Planner Services

11. Rose & Romance Wedding Service

12. KS Photography 

13. My Art Photography 

14. Myin Thar Invitation cards & Printing

15. Sweet Invitation Card

16. တော်ဝင်မေ - Royal May Diamond and Jewellery

17. Honey Floral & Wedding Decoration Services

18. Mirror Bridal Service & Photo Studio

19. Violet One Stop Wedding Service & Event Planner

20. My Precious Wedding Decorations & Planning 

21. Mercure Hotel

22. Sabel Invitation 

23. MUA Eimon KyawSwar

24. Pyay Kan Premium Gift Shop

25. Forever One Stop Wedding Services & Planning

26. Lovely Moment Invitations တို့ဖြစ်ပါတယ်။ ဒါ့အပြင် ကောဇော်နီထက်မှာ ချစ်သူလက်ကို ဆွဲပြီး အလှဆုံး သတို့သမီးလေးဖြစ်ခွင့်ရဖို့အတွက် ဒိတ်ဒိတ်ကြဲ မိတ်ကပ်ပညာရှင်တွေဖြစ်ကြတဲ့ - 

27. မိတ်ကပ်ခင်စန်းဝင်းအပြင် 

28. မိတ်ကပ်မေမိုး 

29. မိတ်ကပ် Vivian Aung

30. မိတ်ကပ် Yar Yar 

31. မိတ်ကပ် Calvin Wai Yan

32. မိတ်ကပ် Eimon Kyaw Swar တို့ရဲ့ Makeup Look တွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ 

 

Special Promotion & Special Gift

ဒိတ်ဒိတ်ကြဲ Wedding Fair ကြီးမှာ ပါဝင်မယ့် Wedding Providers တွေအနေနဲ့ လာရောက်ဝယ်ယူမယ့် Customer တွေအတွက် 50% အထိ အထူးလျှော့စျေးတွေ၊ သိန်း ၅၀ အထိ Cash Back လက်ဆောင်တွေ၊ ဗလာမပါ ကံစမ်းမဲတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။ 

 

ဒါကြောင့် ဒီပွဲကို သွားမယ်ဆိုရင် မင်္ဂလာပွဲအခမ်းအနားတစ်ခုအတွက် လိုအပ်တဲ့ ကိစ္စတွေကို အတန်ဆုံးစျေးနှုန်းတွေနဲ့ ရွေးချယ်ဝယ်ယူ စီစဉ်နိုင်မှာဖြစ်တဲ့အတွက် မင်္ဂလာမောင်နှံတွေ သွားသင့်တဲ့ ပွဲလေးတစ်ပွဲဖြစ်ပါတယ်နော်။ 

 

ပွဲနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ စုံစမ်းမေးမြန်းလိုပါက အောက်ကလင့်ခ်ကနေတဆင့် Myanmar Wedding Society Group ကို တိုက်ရိုက် မေးကြည့်လို့ရပါတယ်။ 

>> https://www.facebook.com/MyanmarWeddingSocietyGroup

 

နေ့ရက် : 9 - 10 March, 2024.

နေရာ : YCC ခန်းမ (Inya Lake Hotel ဝင်းအတွင်း)

အချိန် : မနက် 9 နာရီမှ ညနေ 6 နာရီအထိ

⇐ Previous Next

Read 446 times