Travel

သင်္ကြန်ကာလအတွင်း ပြေးဆွဲ/ရပ်နားမည့် ရထားခရီးစဉ်များ

Myanmar Train Schedules in Thingyan

လာမည့် ၂၀၂၄ ခုနှစ် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့် ရထားခရီးစဉ်နှင့် ရပ်နားမည့် ရထားခရီးစဉ်များကို မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။ 

သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့် ရထားခရီးစဉ်များ

===================

- ရန်ကုန်-မန္တလေး-ရန်ကုန် အမှတ် (၁၁) အဆန်/ အမှတ် (၁၂) အစုန် ရထားနှင့် 

- ရန်ကုန်-မော်လမြိုင်-ရန်ကုန် အမှတ် (၈၁) အဆန်/ အမှတ် (၈၂) အစုန် ရထားတို့ကို ပုံမှန်အတိုင်း နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်သည်။ 

- ရန်ကုန်-မန္တလေး-ရန်ကုန် စာပို့ရထား အမှတ် (၁) အဆန်/ အမှတ် (၂) အစုန်ကိုလည်း ပုံမှန်အတိုင်း ရက်ခြားပြေးဆွဲသွားပါမည်။

- ဧပြီလ (၁၁)၊ (၁၂)၊ (၂၀)၊ (၂၁) ရက်နေ့တို့တွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားနှင့် ရန်ကုန်-ပြည်-ရန်ကုန် အထူးရထားတို့ကို ပြေးဆွဲပါမည်။

သင်္ကြန်ကာလအတွင်း ရပ်နားမည့် ရထားခရီးစဉ်များ

=======================

- ၁၄ .၄.၂၀၂၄ နေ့ထွက် ရန်ကုန်-မန္တလေး အစုန်/အဆန် လေအိတ်အမြန်ရထား 

- ရန်ကုန်-ပဲခူး-ရန်ကုန် အမှတ် (၁၃) အဆန်/ အမှတ် (၁၄) အစုန် 

- ရန်ကုန်-ပြည်-ရန်ကုန် အမှတ် (၇၁) အဆန်/ အမှတ် (၇၂) အစုန် 

- ရန်ကုန်-ပုဂံ-ရန်ကုန် အမှတ် (၆၁) အဆန်/ အမှတ် (၆၂) အစုန်

- မြို့ပတ်ရထားများအားလုံး

ထိုရပ်နားထားသည့် ရထားခရီးစဉ်များကို နှစ်ဆန်းတစ်ရက်နေ့မှ စတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ အသိပေးထားသည်။

 

⇐ Previous Next

Read 789 times