Things To Do

သင်္ကြန်ပိတ်ရက်မှာ စိတ်ကြိုက်ခုန်ပေါက်ကစားလို့ရမယ့် Bounce Space Playground

Bounce Space Indoor Playground

သင်္ကြန်ပိတ်ရက်မှာ အပြင်လည်းထွက်မလည်ချင်ဘူး၊ အိမ်ထဲမှာလည်း အောင်းမနေချင်ဘူးဆို ဖွင့်ထားတာ (၅) ရက်လောက်ပဲရှိသေးတဲ့ ကလေးလူကြီးမရွေး စိတ်ကြိုက်ခုန်ပေါက် ကစားလို့ရတဲ့ Bounce Space ဆိုတဲ့ Indoor Playground ကို ခေတ်မီအောင် သွားကြည့်ကြည့်ပါ။  

Bounce Space ဆိုတာကတော့ ကလေး လူကြီး၊ ကျား မ မရွေး ဝင်ရောက်ဆော့ကစားလို့ရပြီး စိတ်အပန်းပြေစေနိုင်မယ့် Indoor ကစားကွင်းပါ။ တည်နေရာကတော့ ရန်ကုန်မြို့၊ ၉ မိုင်၊ တော်ဝင်လမ်း၊ ဝိတိုရိယဆေးရုံရှေ့မှာ ရှိပါတယ်။ Bounce Space မှာ - 

- အမြင့်ရောက်အောင် ခုန်လို့ရမယ့် Trampoline အကြမ်းစားကြီးတွေ 

- လျှော်စီးချင်တယ်ဆိုတဲ့သူတွေအတွက် အမိုက်စား Slide လျှောကြီးတွေ  

- မကျေနပ်တဲ့သူကို  စိတ်ကြိုက် ပြေးတိုက်ပြီး လွင့်ထွက်သွားအောင် လုပ်လို့ရမယ့် Bumper Ball 

- စွန့်စားရတာကြိုက်တဲ့သူတွေအတွက် Mountain Climbing နဲ့ Zipline 

- Spider Man Crazy  တွေအတွက် ပင့်ကူတစ်ကောင်လို ခံစားချက်မျိုးပေးမယ့် Spider Game 

- Basketball ကိုမှ ဝါသနာပါတယ်ဆိုရင် Trampoline နဲ့ခုန်ပြီး အလှကွက်တွေနဲ့ Score ယူလို့ရမယ့် Trampoline Basketball Game စတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကစားနည်းပေါင်း (၁၀) မျိုးကျော်လောက် ရှိပါတယ်။

ဒါ့အပြင် သားသားမီးမီးတို့အတွက်လည်း သီးသန့် Playground Space လေးရှိတာဖြစ်လို့ မိသားစုလိုက် ပျော်ပါးလို့ ရပါတယ်။ 

စျေးနှုန်းကတော့ (၃) ပေအောက်ကလေးဆို - ၁၀,၀၀၀ ကျပ်၊ (၃) ပေအထက် ကလေးနှင့် လူကြီးဆို - ၂၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ 

အပေါ်က စျေးနှုန်းနဲ့ အချိန်ကန့်သတ်ချက်မရှိ စိတ်ကြိုက်ကစားလို့ရပါတယ်။ ဒါပေမဲ့ သူတို့ဆီက ပေးတဲ့ ခြေအိတ်လေးတော့ တစ်စုံ ၂,၅၀၀ ကျပ်နဲ့ ဝယ်ပေးရပါတယ်။ ဧပြီလ (၅) ရက်နေ့အထိ Grand Opening ကာလမို့ 50% off ရှိတာကြောင့် တစ်ယောက်ကို ၁၂,၅၀၀ ကျပ်ပဲ ကျပါတော့မယ်။

စားသောက်စရာအနေနဲ့ ပေါ့ပေါ့ပါးပါး အဆာပြေစားလို့ရမယ့် အသင့်စားခေါက်ဆွဲဘူးတွေနဲ့ အအေးအစုံတို့ပဲ ရပါတယ်။  

ကစားကွင်းဖွင့်ချိန်ကတော့ တနင်္လာနေ့မှ သောကြာနေ့အထိ မနက် (၁၀) နာရီကနေ ည (၈) နာရီအထိ ဖွင့်ပြီး စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ မနက် (၉) နာရီကနေ ည (၈) နာရီအထိ ဖွင့်ပါတယ်။ 

ဖုန်း - 09 985 766668

FB Page - Bounce Space Play Ground 

⇐ Previous

Read 1055 times