Things To Do

Uno Flip ထက် ပိုကြမ်းမယ့် Uno No Mercy

Uno No Mercy

လတ်တလော အွန်လိုင်းပေါ်မှာ မိတ်ပျက်ဆွေပျက် ဆော့လို့ရပြီဆိုတဲ့ Uno ရဲ့ Version အသစ်လေးက လူငယ်တွေကြား စိတ်ဝင်စားမှုများနေတာမို့ ကစားနည်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တချို့ကို သိသလောက်လေး မျှဝေပေးချင်ပါတယ်။ ဘေးက ကိုယ့်သူငယ်ချင်းကို +4 နဲ့ ဒုက္ခပေးရတာ အားမရဘူးဆိုရင် +10 ထိ ဆွဲခိုင်းလို့ရတဲ့ ဒီဂိမ်းလေးကိုသာ ဆော့ကြည့်လိုက်ပါ။ Uno No Mercy က Uno Flip နဲ့ မတူဘဲ ပိုပြီး ညစ်လို့ကောင်းတဲ့ Card အသစ်လေးတွေ ပါလာပါတယ်။ ဘယ်လို Card အသစ်တွေ ပါလဲဆိုတာကိုတော့ အောက်မှာဆက်ဖတ်ကြည့်လိုက်နော်။ 

 

Uno No Mercy မှာ -

- +2၊ +4 အပြင် အမုန်းဆွဲရမယ့် +6၊ +10

- ကိုယ့်ဆီမှာ ရှိတဲ့ အရောင်တူကတ်တွေကို တစ်ခါတည်း ချလို့ရမယ့် Discard All (ကိုယ့်မှာ အနီရောင်တွေ ပါတာများနေရင် အကုန်လုံးတန်းချလို့ ရပါတယ်)

- တစ်ဝိုင်းလုံးကို Skip လို့ရတဲ့ Skip Everyone (ကိုယ့်အလှည့် ချက်ချင်း ပြန်ရောက်ချင်ရင် သုံးပါ)

- ကိုယ့်ဘေးကလူကို အရောင်တစ်ခု ရွေးခိုင်းပြီး သူကိုယ်တိုင် Deck ပေါ် ဆွဲကြည့်လို့ အဲ့အရောင်မပါရင် မပါမချင်း ဆက်ဆွဲနေရမယ့် Wild Color Roulette (ဒီကတ်ချတဲ့သူရဲ့ ဘေးကလူက Deck ပေါ်မှာ ဘာအရောင်ရှိနိုင်လဲဆိုတာ မှန်းပြီး ပြောကြည့်ရမှာပါ။ ပြီးရင် ကတ်ကို ဖွင့်ပြီး ဆွဲရမှာပါ။ သူပြောလိုက်တဲ့ အရောင်က Deck အပေါ်ဘက်ပိုင်းမှာ ရှိမနေရင် ကိုယ့်ရှူးကိုယ်ပတ်မယ့် ကတ်ပါ)

- ကိုယ့်ကတ်နဲ့ တစ်ခြားသူရဲ့ကတ်ကို လဲလို့ရတဲ့ 7’s Swap (ကိုယ့်မှာ ကတ်များနေရင် Uno လို့ အော်ထားတဲ့ သူရဲ့ ကတ်နဲ့သာ လဲချလိုက်ပါ)

- ကစားသူတွေအားလုံးက ကတ်တွေကို ကိုယ့်ဘေးကလူတွေဆီ လက်ဆင့်ကမ်းရမယ့် 0’s Pass

- Reverse လုပ်ခံရမယ့်အပြင် ၄ ကတ်ပါ ထပ်ဆွဲရမယ့် +4 Reverse (Uno Flip မှာက Reverse က ပြသနာမရှိပေမဲ့ ဒီမှာက အန္တရာယ်ရှိပါတယ်)  စတဲ့ ထူးခြားတဲ့ကတ်တွေ ပါဝင်ပါတယ်။ 

 

ကစားပွဲ စည်းမျဉ်းအရတော့ ကိုယ့်လက်ထဲမှာ ၂၅ ကတ် ရှိနေရင် ရှုံးသွားတဲ့ သဘောဖြစ်တဲ့အတွက် ပွဲထဲက ထွက်ရမှာပါ။ နောက်ဆုံးတစ်ယောက်ထဲ ကျန်ခဲ့တဲ့သူက အနိုင်ရတဲ့သူပါ။ တစ်ဘူးမှာ ၁၆၈ ကတ် ပါဝင်ပါတယ်။ ကစားသမားတွေကတော့ ၃ ယောက်-၄ယောက် ပါဝင်ဆော့နိုင်ပါတယ်။ 

 

⇐ Previous Next

Read 623 times