Things To Do

ထိပ်တန်းကုမ္ပဏီ (၆၅) ခု ပါဝင်မယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလုပ်အကိုင်ပြပွဲကြီး

JobNATION 2024

JobNet Myanmar မှ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလုပ်အကိုင်ပြပွဲကြီး JobNATION 2024 ကို လာမယ့် မေလ (၁၈) ရက်နေ့၊ စနေနေ့မှာ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ Career တစ်ခုကို ရွေးချယ်အစပြုချင်တယ်ဆိုရင် ဒါမှမဟုတ် အခွင့်အလမ်းပိုရမယ့် အလုပ်အကိုင်အသစ်ကို ရှာဖွေချင်တယ်ဆိုရင် သွားကိုသွားသင့်တဲ့ ပွဲတစ်ခုပါ။ 

 

JobNATION 2024 မှာ ပြည်တွင်းနှင့် နိုင်ငံတကာအခြေစိုက် ထိပ်တန်းကုမ္ပဏီပေါင်း ၆၅ ခုမှ အလုပ်ခေါ်ယူသွားမှာဖြစ်ပါတယ်။ အလုပ်အကိုင်ပြပွဲကြီးမှာ အသင့်တော်ဆုံး ဝန်ထမ်းတွေကို ရှာဖွေနေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီတွေမှ HR မန်နေဂျာတွေ၊ ဒါရိုက်တာတွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်မယ့် အခွင့်အရေးရှိပါတယ်။ Sales, Banking, Insurance, Business Development, Accounting, Marketing, Engineering, Hospitality, IT and Software Development, Telecom, Retail အစရှိတဲ့ အလုပ်အကိုင်နယ်ပယ်ထဲမှ ကိုယ်နဲ့ သင့်တော်မယ့်အလုပ်တစ်ခုကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။  

 

အလုပ်လျှောက်တဲ့အခါမှာလည်း ကုမ္ပဏီအများကြီးကို အလုပ်လျှောက်ချင်လို့ဆိုပြီး CV Form တွေအထပ်လိုက် ယူဆောင်သွားဖို့ မလိုအပ်တော့ပါဘူး။ JobNATION ပွဲကြီးမှာ မိမိရဲ့ JobNet Profile ကို Digital CV အဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ JobNet Profile မှာ အလုပ်အတွေ့အကြုံနဲ့ ကိုယ်ရေးအချက်အလက်တွေကို Update လုပ်ထားဖို့ အရေးကြီးပါတယ်။ 

 

JobNet Digital CV ကို ဘယ်လိုပြင်ဆင်မလဲ

အရင်ဆုံး JobNet.com.mm မှာ Register လုပ်ထားတဲ့ Email/Password နဲ့ Login ဝင်ပါ။ အကယ်လို သင်က Register မလုပ်ရသေးရင် Register အရင်လုပ်ပါ။ Login ဝင်ပြီးတာနဲ့ အလုပ်လျှောက်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ဖို့ My Profile ကို ရွေးချယ်ပါ။

 

ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီးသွားပြီဆိုရင် Menu Option ကနေတဆင့် My Digital CV ID ကို နှိပ်လိုက်ရင် QR Code ပေါ်လာမှာ ဖြစ်ပါတယ်။ အလုပ်လျှောက်တဲ့အခါမှာ အဲဒီ QR Code ကို အလုပ်ရှင်က Scan ဖတ်လိုက်ရုံနဲ့ JobNet Profile မှာ ဖြည့်စွက်ထားတဲ့ ကိုယ့်ရဲ့ အချက်အလက်တွေအားလုံးက အလုပ်ရှင်ဆီကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ 

 
ဒါ့အပြင် JobNATION အလုပ်အကိုင်ပြပွဲကြီးမှာ ပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ QR code ကို ကိုယ့်ဘက်က Scan ဖတ်လိုက်ရင်လည်း အဲဒီကုမ္ပဏီတွေမှာ ခေါ်ယူနေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ မိမိနဲ့ကိုက်ညီတဲ့ အလုပ်ကို ရွေးချယ်ပြီး “APPLY NOW” နှိပ်လိုက်တာနဲ့ မိမိရဲ့ Digital CV က ကုမ္ပဏီတွေစီ တိုက်ရိုက်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ 

 

JobNATION ပွဲမှာတင် မိမိကို အင်တာဗျူး တန်းလုပ်နိုင်တာကြောင့် မိမိလျှောက်ထားမယ့် ရာထူးအတွက် အင်တာဗျူးဖြေဖို့ကို လေ့ကျင့်ထားပါ။ သပ်သပ်ရပ်ရပ်နဲ့ ပရော်ဖက်ရှင်နယ်ကျကျ ဝတ်သွားဖို့ကိုလည်း မမေ့ပါနဲ့။ ဒီအလုပ်အကိုင်ပြပွဲကြီးဟာ သင့်အတွက် လစာမြင့် အလုပ်အကိုင်တွေ ရှာဖွေဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်လာနိုင်တာကြောင့် ပွဲတက်ရောက်ချင်တယ်ဆိုရင် အောက်ပါလင့်ခ်မှာ စာရင်းသွင်းထားလိုက်ပါ။ 

>> https://bit.ly/3U6nwxP 

 

ရက်စွဲ - ၁၈ ရက် (စနေနေ့)၊ မေလ၊ ၂၀၂၄

အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီ

နေရာ - Novotel Yangon Max Hotel 

⇐ Previous Next

Read 261 times