Food & Drink

ဒီဇင်ဘာလအတွင်း (15)%မှ (50)% Discount ပေးနေတဲ့ စားသောက်ဆိုင်(၅)ဆိုင်

Five restaurants offering 15% to 50% discount in December

အခုလိုကာလမှာ အိမ်မှာနေရင်းပဲဖြစ်ဖြစ် ၊ ရုံးမှာအလုပ်လုပ်ရင်းနဲ့ပဲဖြစ်ဖြစ် Delivery ကနေ မှာစားလေ့ရှိကြတာကို တွေ့ရပါတယ်။Delivery နဲ့မှာစားတဲ့အချိန်ဆို ဘယ်ဆိုင်ကတော့ ဘယ်လောက် Discount ချနေပြီဆိုတာကို သိချင်နေကြမှာပါ။ 

ဒီဇင်ဘာလထဲမှာ Discount ချနေတဲ့ဆိုင်တွေကို လိုက်ရှာနေစရာမလိုပဲ ဒီနေရာလေးမှာတင် တစ်စုတစ်စည်းထဲ ဖော်ပြပေးသွားပါမယ်နော်။ ဒါကတော့ (15)% ကနေ (50)% Discount ရရှိတဲ့ဆိုင်တွေ ဖြစ်ပါတယ်။  

(၁)Tealand Myanmar

Tea land မှာဆိုရင်  Milk Tea အစုံအလင်ရတဲ့အပြင် Smoothies ၊  Juices ၊ Green Tea ၊ Oolong Tea ၊ Tea Land ရဲ့ Signature Coffee တွေသာမက နာမည်ကြီး Brulee Milk Tea တို့ကို Cheese သာမက  topping မျိုးစုံနဲ့ မှာယူရရှိနိုင်ပါတယ်။ဒါ့အပြင် ဒီဇင်ဘာ(၃)ရက်နေ့မှ (၇)ရက်နေ့အထိ Foodpanda ကမှာယူသူတိုင်းကို (50)% Discount ရရှိမှာ ဖြစ်ပါတယ်။

(၂) Cheese O'Tea

Cheese O' Tea မှာဆိုရင် အမျိုးစုံသော Milk Tea တွေ ၊ Fresh  Fruit တွေကို ထူးထူးခြားခြား Cheese အရသာတွေနဲ့ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။နိုဝင်ဘာ(၂၈)ရက်မှ ဒီဇင်ဘာ (၇) ရက်နေ့အထိ ဆိုင်မှာ take away ယူမယ်ဆိုရင်တော့  (20)% Discount ရရှိမှာဖြစ်ပြီး  Foodpanda ကနေ မှာယူမယ်ဆိုပါက (15)% Discount ရရှိမှာ ဖြစ်ပါတယ်။

(၃)Hotpot Paradise

 

Hotpot Paradise မှာဆိုရင်တော့ Hotpot Set Menu ပေါင်းများစွာ ရှိပြီး  ဒီဇင်ဘာလအတွင်းမှာ  set menuကို မှာယူမယ်ဆိုရင်   (50)% Discount  ရရှိမှာဖြစ်ပြီး အခြားသော menu များကို မှာယူမည်ဆိုပါက (30)% Discount  ရရှိမယ့် အပြင် 35000ks ဖိုးဝယ်ယူသူတိုင်းအတွက်  delivery free ရရှိမှာ ဖြစ်ပါတယ်။ ဆက်သွယ်မှာယူလိုပါက ဖုန်းနံပါတ် (09 777 200702)သို့ ဆက်သွယ်နိုင်ပါတယ်။

(၄)Ma Li Hku

 

ဒီဆိုင်မှာဆိုရင် ရှမ်းအစားအစာမျိုးစုံသာမက ထမင်းကြော်၊အသုပ်အမျိုးမျိုးစတဲ့ အစားအစာတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။တာမွေ၊ စံပြစျေး၊သုဝဏ္ဏ၊ တောင်ဥက္ကလာပ၊ ရန်ကင်း. စသည့်မြို့နယ်များမှ  (၅၀၀၀) ကျပ် အထက် မှာယူမည်ဆိုပါက  ပို့ခ Free အနေနဲ့ ရရှိမှာဖြစ်ပြီး Foodpanda မှ မှာယူမည်ဆိုပါက (15)%Discount ရရှိမှာ ဖြစ်ပါတယ်။

 

(၅) Royal Thai Restaurant

ဒီဆိုင်လေးမှာဆိုရင် ထိုင်းရိုးရာ မုန့်ဟင်းခါးနဲ့ စုံလင်လှတဲ့ ထိုင်းအစားအစာတွေကို ရရှိမှာ ဖြစ်ပါတယ်။ထိုင်းအစားအစာတွေကို မှာယူမယ်ဆိုရင် အချို့မြို့နယ်တွေကို  Free Delivery အနေဖြင့် သတ်မှတ်ပေးထားတဲ့အပြင် Food Panda ကမှာယူမယ်ဆိုရင်တော့ (20)% Discount ရရှိမှာ ဖြစ်ပါတယ်။

 

 

Next

Read 1954 times