Health & Beauty

အိပ်ရာ၀င်ခါနီး အလွယ်တကူ ပြုလုပ်ရုံနဲ့ ဝိတ်ကျစေမယ့် နည်းလမ်းကောင်းလေးတွေ

Here are some tips to help you lose weight at bedtime

 

ပင်ကို၀နေတဲ့သူတွေအတွက်ပဲဖြစ်ဖြစ်၊  နည်းလမ်းမျိုးစုံကြောင့် ၀နေတာပဲဖြစ်ဖြစ် မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားချင်တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းတွေလုပ်ဖို့ အချိန်လည်း သိပ်မပေးနိုင်တဲ့သူတွေအတွက် အိပ်ရာဝင်ခါနီးမှာ အလွယ်တကူ ပြုလုပ်ရုံနဲ့ ဝိတ်ကျစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိတယ်ဆိုရင်ရော မသိချင်ကြဘူးလား၊၊ 

 

အိပ်ပျော်နေစဥ်အတောအတွင်းမှာ ခန္ဓာကိုယ်အတွင်းရှိ ကယ်လိုရီ ပမာဏဟာ (၃၀၀)မှ (၄၀၀) အကြားလောင်ကျွမ်းလေ့ရှိပါတယ်။တစ်နာရီကြာ အားကစား ပြုလုပ်ခြင်းဟာ အိပ်ပျော်နေစဥ်အတွင်း ကယ်လိုရီလောင်ကျွမ်းတဲ့ ပမာဏနဲ့ ညီမျှပါတယ်။

 

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းဟာ အားကစားပြုလုပ်သလိုပဲ ၀ိတ်ကျစေတဲ့အတွက် နှစ်ခြိုက်စွာ အိပ်ပျော်ရုံနဲ့ ၀ိတ်ကျစေမယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါမယ်နော်။

 

(၁) အခန်းအပူချိန်ကို ဂရုစိုက်ပါ။

 

 

ညဘက်အိပ်စက်တဲ့အချိန်ကျရင် အိပ်ခန်းအပူချိန်ကို (၁၈) ဒီဂရီ စင်တီဂရိတ် ထားရှိမယ်ဆိုရင် ပိုမိုအိပ်ပျော်စေနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေအဆိုအရ သိရပါတယ်။ ပိုမိုအိပ်ပျော်စေခြင်းအားဖြင့် ခန္ဓာကိုယ်က အဆီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်တဲ့အတွက် ၀ိတ်ပိုကျစေမှာ ဖြစ်ပါတယ်။ဒါ့အပြင်ချောင်ချိတဲ့ အ၀တ်တွေကို ၀တ်ဆင်ပြီးအိပ်စက်ခြင်းဟာလည်း ပိုမိုပြီးတော့ အိပ်ပျော်စေနိုင်မှာ ဖြစ်ပါတယ်။

 

(၂)စပျစ်သီး ဖျော်ရည်သောက်သုံးပါ။

 

 

အိပ်ရာ၀င်ခါနီးအချိန်မှာ စပျစ်သီးဖျော်ရည်ကို သောက်သုံးခြင်းဟာ ဝိတ်ကျစေခြင်းအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ စပျစ်သီးမှာ ပါ၀င်တဲ့ Resveratrol လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ဒါ့ကြောင့် အိပ်ရာ၀င်ခါနီးတိုင်း စပျစ်သီးဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။

 

(၃)အိပ်ချိန်၊ထချိန်ကို ပုံမှန်ထားရှိပါ။

 

 

အိပ်စက်ချိန်မမှန်ခြင်းဟာ ပိုမိုဝိတ်တက်စေတယ်လို့ လေ့လာ ဆန်းစစ်ချက်တွေအရ သိရှိရပါတယ်။အိပ်ချိန်ပုံမှန်မဟုတ်ခြင်းအားဖြင့် Melatonin ဟော်မုန်းကို ဖြစ်ပေါ်စေပြီး   ၎င်းဟာ ကယ်လိုရီကို လောင်ကျွမ်းစေနိုင်တဲ့ ဓာတ်ကိုလျော့ကျစေနိုင်ပါတယ်။ဒါ့ကြောင့် အိပ်ချိန်ပုံမှန်မရှိခြင်းဟာ ၀ိတ်တက်ခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

(၄)အလင်းရောင်မှိန်မှိန်မှာ ဖုန်းအစရှိတဲ့ ပစ္စည်းများ သုံးစွဲခြင်းကို ကန့်သတ်မှု ပြုလုပ်ပါ။

 

 

အိပ်ရာ၀င်ခါနီးအချိန်မှာ ဖုန်းကိုသုံးစွဲခြင်းဟာ အိပ်ပျော်ဖို့အတွက် ပိုမိုခက်ခဲစေတဲ့အရာပဲ ဖြစ်ပါတယ်။ဖုန်းမျက်နှာပြင်မှာ ရှိတဲ့ အပြာရောင်အလင်းကြောင့် အိပ်စက်မှုဟော်မုန်းကို အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါ့ကြောင့်  အိပ်ခါနီးကျရင် ဖုန်းများ သုံးစွဲခြင်းကို အကန့်အသတ် ပြုလုပ်ပါ။ 

 

(၅)ပရိုတင်းပါ၀င်တဲ့ အစားအသောက်တွေကို စားသုံးပါ။

 

 

အိပ်ရာ၀င်ခါနီးအချိန်ကျရင် ပရိုတင်းဓာတ် ပမာဏ များပြားတဲ့ ဒိန်ချဉ်နဲ့  မြေပဲထောပတ်တို့ကို စားသုံးပေးပါ။ ထိုအစားအစာတွေဟာ ဇီ၀ဖြစ်စဉ်နှုန်းကိုမြှင့်တင်ပေးပြီး ကြွက်သားကြီးထွားခြင်းကို အားပေးတဲ့အပြင် ပိုမိုအိပ်ပျော်စေနိုင်ပါတယ်။

 

ဒီနည်းလမ်းလေးတွေဟာ လွယ်ကူစေတဲ့အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ၀ိတ်ကျစေမှာ ဖြစ်ပါတယ်။

 

Ref:brightside.me








⇐ Previous Next

Read 2124 times