Entertainment

သီချင်းစာသား အနည်းငယ်မှတ်မိရုံနဲ့ Google မှာ သီချင်းများစွာ ရှာဖွေနိုင်မည့် Hum to search

 Hum to search for many songs on Google with just a few lyrics

တစ်ခါတစ်လေကျရင်  သီချင်းနာမည်မမှတ်မိတဲ့အချိန်မှာ အဲဒီသီချင်းကိုရှာလို့မရတဲ့ အချိန်မျိုး ကြုံတွေ့ရတက်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာအတွက်  Google က သီချင်းအနည်းငယ်ဆိုပြရုံ၊ သီချင်းတီးလုံးလေးကို ဆိုပြရုံနဲ့  ကိုယ်လိုချင်တဲ့ သီချင်းကိုရှာဖွေနိုင်မယ့် hum-to-search ဆိုသည့် service အသစ်တစ်ခုကို Google မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

အဆိုပါ Search feature အသစ်ကို Google မှ အောက်တိုဘာလ (၁၅) ရက်နေ့မှ စတင်မိတ်ဆက်ပေးခဲ့တာ  ဖြစ်ပြီး သုံးစွဲသူ users များမှ  သီချင်းတီးလုံးလေးကို  ဆိုပြရုံနဲ့ Google မှ user များ ရှာဖွေချင်တဲ့ သီချင်းတွေကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။

ထို  feature အသစ်ကို အသုံးပြုဖို့အတွက် user အနေနဲ့ မိမိရဲ့ ဖုန်းမှာ နောက်ဆုံးထွက်ရှိထားတဲ့Google Application (သို့)  Google Search ကို ဖွင့်ပါ။Google ရဲ့ ညာဘက်ထောင့်မှာ ရှိတဲ့  Microphone icon လေးကို နှိပ်ပြီး  “Hey Google” လို့ပြောပါ။(သို့) “ Search a song” လို့ရိုက်ရှာပြီး  အဆိုပါ icon လေးကို နှိပ်လို့လည်း ရပါတယ်။

ထို့နောက် user မှ ရှာလိုတဲ့ သီချင်းကို (၁၀ မှ ၁၅ စက္ကန့်) အထိဆိုပြလိုက်ရုံနဲ့ သံစဥ်နဲ့ကိုက်ညီတဲ့ သီ သီချင်းအပုဒ်အနည်းငယ်ကို Google မှ ပြသပေးမှာဖြစ်ပါတယ်။ Users များအနေနဲ့ သီချင်းဆိုရာတွင် အသံ pitch လုံးဝမှန်ကန်နေရန် မလိုအပ်ပဲ  ပုံမှန်အတိုင်း သီချင်းဆိုပြရုံနဲ့ အသုံးပြုနိုင်မယ်လို့ Google က ကြော်ငြာထားရှိပါတယ်။

hum-to-search feature ဟာ  Apple iOS ဖုန်းများတွင်  အင်္ဂလိပ်ဘာသာနဲ့ပဲ  ရရှိနိုင်မှာ ဖြစ်ပြီး  Google  ရဲ့  Android mobile platform မှာဆိုရင်တော့  ဘာသာစကားပေါင်း (၂၀) ကျော်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google ကနေ ဒီလို feature အသစ်ကို ပြုလုပ်ဖို့အတွက် အချိန်များစွာ အသုံးပြုခဲ့ရပါတယ်။(၂၀၁၇) ခုနှစ်မှာ music recognition technology ကို အသုံးပြူပြီး Pixel 2 ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်မှာ ထို နည်းပညာကို အသုံးပြုပြီး  Google app မှာရှိတဲ့  SoundSearch feature မှာ သီချင်းပေါင်းများစွာကို တိုးချဲ့ပြုလုပ်နိုင်ခဲ့ပါတယ်။   

နောက်ပိုင်းမှာ Machine Learning ကိုအသုံးပြုပြီး  Software ကနေ သီချင်းဆိုတဲ့အသံကို  analyze လုပ်ကာ digits sequences တွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ Digitized လုပ်ထားတဲ့ သီချင်းပေါင်းများစွာကို  တိုက်စစ်ပြီးတဲ့ အချိန်မှာ user လိုချင်တဲ့ အကိုက်ညီဆုံးသီချင်းကို အခုလိုမျိုး hum-to-search feature မှာ ဖော်ပြပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လစဉ်လတိုင်း “What song is playing” ဆိုပြီး မေးတဲ့ အကြိမ်ရေ သန်း (၁၀၀) ခန့်ရှိတဲ့အတွက်  ဒီ feature ကို အသုံးပြုတဲ့သူတွေ ပိုများလာမယ်လို့ Google ရဲ့ တာဝန်ရှိသူ တစ်ဦးမှ ပြောပြထားပါတယ်။

ဒီ Google ရဲ့ Feature လေးဟာ IOS ရော ၊ Android  ဖုန်းတွေမှာပါ အသုံးပြုလို့ရတယ်ဆိုတော့ စမ်းသုံးကြည့်ပြီးရင် Comment လေးတွေမှာ ‌‌ဝေမျှခဲ့ကြပါအုံးနော်။

 

 

⇐ Previous Next

Read 1802 times