Travel

ငွေ (၄)သောင်း ဝန်းကျင်နဲ့ ရန်ကုန်က အမိုက်စားဟိုတယ် (၅) ခုမှာ Staycation နေကြမယ်

Staycation at 5 luxury hotels in Yangon for around 40,000 Kyats

ခရီးသွားရာသီ ရောက်နေပေမယ့် ကူးစက်ရောဂါတွေကြောင့် ခရီးတွေ မသွားရလို့ စိတ်ညစ်နေကြပြီလား။ ဝေးဝေးလံလံတွေ သွားလို့မရပေမယ့် မွန်းကြပ်နေတဲ့ မြို့ပြကနေ ခဏလောက် ရုန်းထွက်ပြီး အေးအေးဆေးဆေး Relax လုပ်လို့ ကောင်းမယ့် နေရာမျိုးလေးတွေကို MY Yangon က စုစည်းပေးထားပါတယ်။ 

 

ခရီးလည်း မသွားဘူး၊ ခရီးသွားသလို Vibe မျိုးလည်း ရချင်တယ် ဆိုရင် အကောင်းဆုံးက Staycation ပဲပေါ့။ ရန်ကုန်တွင်း နီးနီးနားနားမှာပဲ ကိုယ့်မိသားစု ဒါမှမဟုတ် ကိုယ်ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ပါးပါး၊ ရေလေးကူးရင်း၊ ညစာလေး စားရင်း၊ စကားလက်ဆုံကျရတာမျိုးကလည်း တစ်ကယ့်ကို တန်ဖိုးရှိတဲ့ အားလပ်ရက်တစ်ရက် ဖြစ်စေပါတယ်။ 

 

 

ပျော်ရွှင်ကြည်နူးရတဲ့ Staycation လေးတစ်ခု ဖြစ်ဖို့ ငွေအများကြီး သုံးစရာ မလိုပါဘူးနော်။ ဒီကနေ့မှာတော့ ငွေကျပ် ၄သောင်းပတ်ဝန်းကျင်နဲ့ ရန်ကုန်မြို့နဲ့ အနီးတဝိုက်က Staycation နိုင်မယ့် ဟိုတယ်အချို့ကို MY Yangon ပရိတ်သတ်တွေအတွက် ပြောပြပေးလိုက်ချင်ပါတယ်။ 

 

၁။ Super Hotel Thilawa 

 

 

ဒီဟိုတယ်လေးက ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ စပြီး Year End Special Offer အနေနဲ့ ပရိုမိုးရှင်းလေး တစ်ခု ပြုလုပ်ထားပါတယ်။ ဒါကတော့ လာရောက်တည်းခိုမယ့် ဧည့်သည်တိုင်းကို တစ်ညတည်းတာနဲ့ နောက်ထပ်တစ်ည အခမဲ့ တည်းခိုခွင့် ပေးထားတာ ဖြစ်ပါတယ်။ 

 

ဒီဟိုတယ်ရဲ့ ထူးခြားချက်က သာမန် ရေကူးကန်ပါတာမျိုး မဟုတ်ဘဲ ဂျပန်စတိုင် ရေပူစမ်း (Japanese Style Hot Spring) ရှိနေတာပါ။ ရေပူစမ်းမှာ ရေစိမ်ဖို့သီးသန့်အတွက် Charges ကောက်ခံပေမယ့် Staycation Package ယူထားတဲ့ In House Guest တိုင်းကိုတော့ (၄၅) မိနစ် အခမဲ့ ရေပူစမ်း အသုံးပြုခွင့် ရှိတာပဲ ဖြစ်ပါတယ်။ 

 

 

Staycation အတွက် ဟိုတယ်ရဲ့ ဈေးနှုန်းနဲ့ Service တွေကတော့ ...

  • ၂ယောက်ခန်း (၁) ည - ၄၅,၀၀၀ ကျပ် ( တစ်ညတည်း တစ်ည Free) 
  • Check in/ out - Early Check In (10AM) and Late Check Out (4PM) 
  • Other Offers - Cafe Bar မှာ ကော်ဖီ အခမဲ့ သုံးဆောင်ခွင့်၊ ရေပူစမ်းမှာ (၄၅) မိနစ် အခမဲ့ ရေစိမ်ခွင့်

လိပ်စာ - အမှတ် (၂၅)၊ (Residential & Commercial Area)၊ သီလဝါ SEZ စက်မှုဇုန်၊ ဇုန် (A)၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်’ - 01 230 9000,01 230 9001, 09 797 109 000

 

၂။ Sanctuary Hotel Yangon 

 

 

ဒီဟိုတယ်ကတော့ မြို့တွင်းမှာပဲ Staycation ချင်သူတွေအတွက် ဈေးနှုန်းသက်သာပြီး မြို့ထဲနီးနီးနားနားမှာ တည်ရှိတဲ့ ဟိုတယ်တစ်ခုပါ။ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် Staycation ရင်း နားအေးပါးအေး Chill လို့ရသလို၊ အိမ်မပိုင်တဲ့ သူတွေအတွက်လည်း တစ်နေကုန်ကဲပြီး ညမိုးချူပ်မှ အိမ်ပြန်လို့ရတယ်နော်။ 

 

Staycation အတွက် ဟိုတယ်ရဲ့ ဈေးနှုန်းနဲ့ Service တွေကတော့ … 

  • (၂)ယောက်ခန်း (၁) ည - ၂၅,၀၀၀ ကျပ်မှ စ၍ ၅၀,၀၀၀ ကျပ်အထိ
  • Check in/ out - 1:00 PM to 12:00 PM 
  • Other Offers - မနက်စာ စားသုံးခွင့် 

လိပ်စာ - အမှတ် ၁၁၇/၁၂၇၊ (၃၃)လမ်း အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - 01 837 3411 

 

၃။ Hotel Sincere Smile Yangon 

 

 

ဒီဟိုတယ်လေးကတော့ ရန်ကုန် မြို့အစွန်၊ ပုဇွန်တောင်ချောင်းကို မျက်နှာမူထားတဲ့ ဟိုတယ်လေးပါ။ ဈေးနှုန်းသင့်တင့်ပြီး Service ကောင်းတဲ့အပြင် Early Check in ဝင်ချင်သူတွေအတွက်လည်း အခန်း အခြေအနေအပေါ် မူတည်ပြီး စီစဉ်ပေးပါတယ်တဲ့နော်။ Staycation အတွက် ဟိုတယ်ရဲ့ ဈေးနှုန်းနဲ့ Service တွေကတော့ … 

 

Daycation 

  • ၂ယောက်ခန်း (၁) ရက် - ၃၀,၀၀၀ကျပ် 
  • Check in/out - 10:00 AM to 6:00 PM 
  • Other Offers - ရေကူးကန် အခမဲ့ အသုံးပြုခွင့် 

 

Nightcation 

  • ၂ယောက်ခန်း (၁) ည - ၃၅,၀၀၀ ကျပ် မှ ၅၀,၀၀၀ ကျပ်အထိ
  • Check in/out - 2:00 PM to 12PM (Early Check in လည်း ရရှိနိုင်ပါတယ်) 
  • Other Offers - မနက်စာ ဘူးဖေး စားသုံးခွင့်၊ ရေကူးကန် အခမဲ့ အသုံးပြုခွင့် 

လိပ်စာ - မြယမုံအိမ်ရာ၊ ကြီးပွားရေး ရပ်ကွက်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - 09 961 406 000 

 

၄။ Yangon Great City Hotel 

 

 

ဒီဟိုတယ်ကတော့ ရန်ကုန်မြို့ရဲ့ အစွန်မကျ၊ အလယ်မကျ မြို့တစ်ခုဖြစ်တဲ့ အင်းစိန်မြို့နယ်အတွင်းက ဟိုတယ်အသစ်ကလေးတစ်ခုပါ။ ဟိုတယ်မှာ တည်းခိုသူများအတွက် Sweet December ပရိုမိုးရှင်းတွေလည်း ပေးနေပြီးတော့ မြို့ထဲနဲ့ သိပ်မဝေးတာကြောင့် ညမအိပ်ချင်သူတွေလည်း တစ်နေကုန် Chill ပြီး မိုးချူပ်မှ အိမ်ပြန်လို့ ရတယ်နော်။ 

 

Staycation အတွက် ဟိုတယ်ရဲ့ ဈေးနှုန်းနဲ့ Service တွေကတော့ 

  • ၂ယောက်ခန်း (၁) ည - ၄၀,၀၀၀ကျပ် 
  • Check in/ out - 1:00 PM to 12:00 PM 
  • Other Offers - မနက်စာ အခမဲ့ သုံးဆောင်ခွင့်၊ ရေကူးကန် အခမဲ့ အသုံးပြုခွင့် 

လိပ်စာ - အမှတ် (၇)၊ မဂ္ဂင်ကျောင်းလမ်း၊အင်းစိန်မြို့နယ်၊ရန်ကုန်မြို့၊ (ဘိုကုန်းမှတ်တိုင်အနီး)

ဖုန်း - 09 884 453 976, 09 884 453 977 

 

၅။ Hotel Scion Yangon 

 

 

ဒီဟိုတယ်လေးက ရန်ကုန်မြို့ရဲ့ အလှပဆုံး မြင်ကွင်းတွေကို အပေါ်စီးကနေ တစ်မေ့တစ်မော ငေးနိုင်မယ့် နေရာလေးတစ်ခုပါပဲ။ ဟိုတယ်ခန်းတစ်ခုရဲ့ Window View ကို Full Glass အသုံးပြုထားတာမို့ ညဘက် အခန်းထဲမှာပဲ ဝိုင်လေး သောက်ရင်း မြို့ပြရဲ့ ရီဝေဝေ အလှတရားတွေကို ခံစားနိုင်မှာပါနော်။

 

Staycation အတွက် ဟိုတယ်ရဲ့ ဈေးနှုန်းနဲ့ Service တွေကတော့ 

  • ၂ယောက်အိပ်ခန်း (၁) ည - ၃၂,၀၀၀ကျပ်မှစ၍ … 
  • Check in/ out - 1:00 PM to 12:PM 
  • Other Offers - မနက်စာ အခမဲ့ သုံးဆောင်ခွင့် 

လိပ်စာ - အမှတ် ၁၄၆၊ ရွှေနှင်းဆီလမ်း၊ ၉မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။

ဖုန်း - 09 887 788 091, 09 887 788 092, 09 887 788 093, 09 887 788 09 4, 09 887 788 095

 

ကဲ၊ Staycation အတွက် ဈေးနှုန်းသင့်တဲ့ ဟိုတယ်တွေလည်း စုံသလောက် ဖြစ်နေပြီဆိုတော့ သင်ရော ပိတ်ရက်ကို ဘယ်ဟိုတယ်မှာ Staycation ချင်လဲဆိုတာ ပြောပြပေးခဲ့ဦးနော်။

⇐ Previous Next

Read 15832 times