Travel

Classic ဆန်ဆန် ဓာတ်ပုံရိုက်လို့ရမည့် ရန်ကုန်မြို့ရဲ့ နေရာ (၁၀)ခု

(10) places in Yangon where you can take classic photos

ကျွန်တော်တို့တွေက အမှတ်တရတွေကို မှတ်တမ်းတင်ဓာတ်ပုံတွေနဲ့ အတူတူသိမ်းဆည်းထားတတ်ကြပါတယ်။ ပျော်စရာတွေကြုံတဲ့အခါဖြစ်ဖြစ် ဝမ်းနည်းစရာဖြစ်ဖြစ် ဓာတ်ပုံရိုက်ပြီး အမှတ်တရတစ်ခုအဖြစ် ဖန်တီးကြပါတယ်။

ဦးနှောက်ထဲရှိတဲ့ အမှတ်တရတွေက သူတစ်ပါးကို ထုတ်ဖော်ပြသလို့ မရပေမယ့် မှတ်တမ်းတင်ထားတဲ့ဓာတ်ပုံတွေကတော့ "ငါဘယ်တုန်းက သွားခဲ့တာ/လုပ်ခဲ့တာ/ပျော်ပါးကြတာ စသဖြင့် မျှဝေလို့ရပါတယ်။ 

ဓာတ်ပုံရိုက်ကြတဲ့ နေရာမှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့က အလှဓာတ်ပုံ/ရှူခင်းပုံတွေ ရိုက်ကြသလို တချို့က သူငယ်ချင်းအချင်းချင်းဖြစ်စေ၊ မိသားစုအချင်းချင်းဖြစ်စေ Snapပုံတွေရိုက်ပြီး ဆေးထိုးကြပါတယ်။

ကျွန်တော်တို့နေထိုင်တဲ့ ရန်ကုန်မြို့ကတော့ သိတဲ့အတိုင်း လူဦးရေ ထူထပ်ပြီး မြို့နယ်တွေအများကြီးနဲ့ ဖွဲ့စည်းထားတာမို့လို့ သွားစရာ လာစရာတွေက တပုံကြီးပါပဲ။ ဒါပေမယ့် ကိုမြင့်နိုင်ကြီး(Covid-19)ကြောင့် မြို့နယ်တွေ Lockdownချ၊ Stay at homeလုပ်နေရတော့ အပြင်တွေမထွက်ရဘဲ အိမ်တွင်းအောင်းနေကြရပါတယ်။

အချိန်ကြာမြင့်လွန်းတဲ့ ကိုဗစ်ကို သည်းမခံနိုင်တော့ဘဲ မဖြစ်မနေ သွားလာနေရတဲ့သူတွေရှိသလို၊ အိမ်ထဲမနေနိင်တော့လို့ အပြင်ခဏတဖြုတ် ထွက်တဲ့သူတွေလည်း ရှိလာပါပြီ။ အပြင်ထွက်ပြီ ဆိုကတည်းက ပထမဆုံးအနေနဲ့ ဓာတ်ပုံရိုက်ပြီး Social Mediaတွေတင်ပြီး ကြွားကြမှာ အသေအချာပဲလေ။

အကြာကြီးနေမှ အပြင်ထွက်ရတာဆိုတော့ ထွက်ရကျိုးနပ်အောင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတွေကို သိထားဖို့လိုပါတယ်။ အခုချိန်က လူအသွားအလာနည်းတော့ ဓာတ်ပုံရိုက်လို့ ကောင်းမှာ အသေအချာပါပဲ။ 

နောက်ခံ ပန်းချီလေးတွေနဲ့ ရောက်တုန်းရောက်ခိုက်အလှဆုံး ဓာတ်ပုံတွေ ရိုက်လို့ရမယ့် နေရာတွေကတော့...

၂၇လမ်း-၂၈လမ်းကြား (Middle Block)

ဒို့အိမ် | MingalaGO မြန်မာခရီးသွားလမ်းညွှန် – မြန်မာနိုင်ငံခရီးသွားဆိုင်ရာ  တန်ဖိုးရှိအသုံးဝင်သော သတင်းအချက်အလက်များ

ရွှေဘုံသာလမ်း-၂၉လမ်းကြား (Upper Block)

ရန်ကုန်မြို့ အိမ်နောက်ဖေးလမ်းကြား ပန်းခြံများအကောင်အ  ထည်ဖော်မှုပြည်သူများပူးပေါင်းပါဝင်ရန် အမှန်တကယ်လိုအပ်နေ – News4UMyanmar

လမ်း၃၀-ဗိုလ်ဆွန်ပက်လမ်းကြား (Upper Block)

ကမ္ဘာမြေပေါ်က လမ်းကြားလေးတစ်နေရာ | Yangon Life

ဗိုလ်ဆွန်ပက်လမ်း-၃၁လမ်းကြား (Middle Block)

YATHAZONE

မြန်မာ့ပန်းဆယ်မျိုး/ဗိုလ်ဆွန်ပက်လမ်း-၃၁လမ်းကြား (Bottom Block)

သတင်းများ

၃၁လမ်း-၃၂လမ်းကြား (Middle Block)

YATHAZONE

ဝဇီရာရုပ်ရှင်လမ်း/၃၃လမ်း-၃၄လမ်းကြား (Upper Block)

MOI Webportal Myanmar - ရန်ကုန်မြို့ ရုပ်ရှင်လမ်းကြားဥယျာဉ်ကို (၃၃)လမ်းနှင့်  (၃၄)လမ်း (အထက်)တွင် ဖွင့်လှစ်မည် ...

မဟာဗန္ဓုလလမ်း-၃၅လမ်းကြား (Upper Block)

ဆိပ်ကမ်းသာလမ်း-၃၉လမ်းကြား (Middle Block)

YATHAZONE

၄၁လမ်း-၄၂လမ်းကြား (Upper Block)

Doh Eain - YGN WALLS က ဆွဲပေးခဲ့တဲ့ ၄၁ လမ်း-၄၂ လမ်း... | Facebook

ဒီလို လှပတဲ့နေရာမျိုးတွေ ဖန်တီးဖို့က လွယ်တော့မလွယ်ပါဘူး။ ညစ်တီးညစ်ပတ်တွေနဲ့ သူများတိုက်နောက်ကြားလမ်းကို သေချာပြင်ဆင်ပေးထားကြတာမို့လို့ စည်ကမ်းတကျ သွားကြဖို့တော့ မျှော်လင့်ပါတယ်။ ဒါမှလည်း နောက်ထပ်လှပတဲ့ ဒီလိုနေရာမျိုးတွေ အများကြီးပေါ်လာပြီး စိတ်ကြိုက်ဓာတ်ပုံတွေ လိုက်ရိုက်လို့ရမှာမို့လို့ပါ။

ကဲ ဒါဆိုရင် အပြင်ရောက်တုန်းလေး သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် ကောင်လေး/ကောင်မလေးနဲ့ ဖြစ်ဖြစ် အမှတ်တရပုံလေးတွေ လှလှလေးဖန်တီးလိုက်ကြတော့နော်။

တစ်ခုတော့ မှာချင်ပါတယ်။ အဲ့တာက ကိုဗစ်ကာလလည်းဖြစ်နေတော့ ဘယ်နေရာရာသွားသွား Maskတပ်၊ ဘာကိုင်ကိုင် လက်ဆေးဖို့ပဲ ဖြစ်ပါတယ်။

နောက်ထပ်နေရာ အသစ်တွေကို သိထားရင်လဲ Commentမှာ ပြန်လည်မျှဝေပေးကြပါဦးဗျ။

By MY Yangon Guide

Photo Credit

⇐ Previous Next

Read 9074 times