Entertainment

Attack on Titanရဲ့ Final Seasonက ပရိသတ်ကြိုက်တဲ့ Characterတွေ တကယ်သေမှာလား?

Will the popular characters from Attack on Titan Final Season really die?

Attack on Titanလို့ ပြောလိုက်တာနဲ့ Anime Loverတွေအနေနဲ့ သိပြီးသားဖြစ်မှာပါ။ (၂၀၁၃)ခုနှစ် (၄)လပိုင်း (၇)ရက်နေ့မှာ Season (1)ရဲ့ Episode (1)ကို စတင်ပြသခဲ့ပြီး Rating 8.8%ထိ ရရှိထားတဲ့ Attack on Titanဇာတ်လမ်းတွဲက ၇နှစ်လောက်ရှိနေတာတောင် ယနေ့အချိန်ထိ ပရိသတ်တွေကြား ရေပန်းစားနေတုန်းပါပဲ။

Attack on Titanက Season (1),(2) အပြင် Season (3)(Part1,2)အနေနဲ့ ထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ anime ပရိသတ်တွေ မျှော်လင့်နေကြတဲ့အတိုင်း Attack on Titanရဲ့ Final Seasonက တကယ်ထွက်ရှိလာခဲ့ပါပြီ။ 

၄လပိုင်းလောက်ကတည်းက ထွက်ရှိမယ်လို့ သတင်းတွေထွက်နေပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့ရပြီး ဒီဇင်ဘာလ (၇)ရက်နေ့မှာတော့ NHKကနေ Episode (1)နဲ့အတူတူ ပရိသတ်တွေကြား On Going Seriesအဖြစ် ရောက်ရှိလာပါပြီ။ Netflixမှာ ဒီဇင်ဘာလ (၁၂)ရက်နေ့မှာ စတင်ပြသမယ်လို့လည်း သိရပါတယ်။

Attack on Titanရဲ့ Final Seasonထွက်လို့ ပျော်ရပေမယ့် ဒီနေရာမှာ ဝမ်းနည်းစရာ သတင်းတစ်ခုရှိနေပါတယ်။ အဲ့တာကတော့ Final Seasonမှာ စုစုပေါင်း Episode (16)ပိုင်းသာ ပါဝင်မှာဖြစ်ပြီး Blu-Ray Volumesနှစ်ချပ်နဲ့သာ ထွက်ရှိလာမယ်လို့ Hajime Isayamaရဲ့ Offical Siteမှာကြေညာထားပါတယ်။

ဒါဟာ ပရိသတ်တွေမမျှော်လင့်ထားတဲ့ ဝမ်းနည်းစရာသတင်းဆိုးလို့တောင်ပြောလို့ရပါတယ်။ Episode 16ပိုင်းပဲ ပါမှာဆိုတော့ Mangaက Chapter (2)ခုကို Episode တစ်ခုထွက်မှာ သေချာနေပါပြီ။ ဒါပေမယ့် ပရိသတ်တွေကြား Movieတစ်ခုအဖြစ် ဖန်တီးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိနေပါတယ်။

Attack On Titan' Season 4: The 10 Things To Expect In The Hit Anime's Final  Season

Final Seasonရဲ့ မေးစရာ မေးခွန်းတစ်ခုကတော့ ပရိသတ်တွေကြိုက်ကြတဲ့ Characterတွေ တကယ်သေမှာလား? ဒီအတွက် အဖြေကတော့ "Yes"လို့ပဲ ထင်ပါတယ်။ မင်မင်အထင် ဝမ်းနည်းစရာ ဇာတ်သိမ်းတောင် ဖြစ်သွားနိုင်ပါတယ်။

ရှေ့Seasonတွေမှာ ကတည်းက တံတိုင်းတွေရဲ့ အပြင်ဘက်မှာ မွေးရပ်မြေရှိတယ်လို့ ယုံကြည်ကြတဲ့ Reinerတို့က ဇာတ်လမ်းရဲ့ လှည့်ကွက်အရ လူဆိုးတွေဆိုပေမယ့် တကယ်တော့ မြို့ကိုကယ်တင်ဖို့ကြိုးစားနေတဲ့ လူကောင်းတွေဖြစ်နေမယ်လို့ ခန့်မှန်းရပါတယ်။ 

ဇာတ်လမ်းရဲ့ အဓိက Villainက Erenတို့ထဲမှာ ရှိနေနိုင်ပါတယ်။ ဒါကိုErenက သိပြီး Reinerတို့အဖွဲ့နဲ့ ပူးပေါင်း ဖော်ထုတ်ကြမယ်လို့ ထင်ပါတယ်။ Erenရဲ့ Titanနဲ့ Beast Titan (၂)ကောင်ပေါင်းပြီး တခြား Titanတွေကို ချကြမယ့် Sceneကိုတော့ အများကြီးမျှော်လင့်ထားပါတယ်။ 

Levi သေမယ်လို့ ပြောနေကြပေမယ့်လည်း တချို့က ဒဏ်ရာလောက်ပဲ ရမယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် Sashaလေး သေမယ်လို့ သတင်းထွက်နေတာကြီးက မင်မင်ကို အသည်းကွဲစေတာ အမှန်ပဲ။ တကယ်ဟုတ် မဟုတ်ကတော့ ဇာတ်လမ်းကို စောင့်ကြည့်မှ သိမှာပါ။ 

ကဲ ဒီတော့ Final Seasonဆိုတဲ့ အတိုင်း Final Feelingကို အပြည့်အဝခံစားရမလားဆိုတာ အတူတူစောင့်ကြည့်ရင်းနဲ့ ဝမ်းနည်းစရာကောင်းတဲ့ဇာတ်သိမ်း ဖြစ်မလား? ပျော်စရာကောင်းတဲ့ Happy Endingဖြစ်မလားဆိုတာ ရင်ခုန်ကြတာပေါ့။

Attack On Titan Season 4 Release Date Confirmed? Expected Plot, Characters  And All Other Recent Updates, Is Attack On Titan 4 The Last Season? - The  Global Coverage

ကျွန်တော်တို့သိထားတဲ့အတိုင်း Anime ဆိုတာ just japanese animation မဟုတ်ပါဘူး။ လေ့လာစရာ၊ သင်ယူစရာ၊ မှတ်သားစရာတွေအများကြီးပါတဲ့ animationတစ်ခုပါ။ 

လူတစ်ယောက်က ဘယ်လိုအောင်မြင်မှုရသလဲ။ အမှားအမှန်ဘယ်လိုဆုံးဖြတ်မလဲ။ ဒွိဟဖြစ်နေတဲ့အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးချသင့်သလဲ။ ကိုယ်လုံးဝ ယုံကြည်ထားတဲ့သူတွေကရော မိတ်ဆွေအစစ်ဟုတ်သလားဆိုပြီး ဒီAnimeမှာ ပေးထားတဲ့ Messageက တကယ်ကို ထိရောက်ပါတယ်။

Final Seasonအပေါ် မင်မင် အမြင်တော့ ခန့်မှန်းပြီးပြီ၊ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ? Commentမှာ ဆွေးနွေးပေးကြပါဦးဗျ။

Attack On Titan Season 4 Part 2 release date in 2021: Netflix Japan teases  2-part Shingeki no Kyojin final season

By MY Yangon Guide

⇐ Previous Next

Read 2213 times