Entertainment

ကျွန်းတောလမ်းပွဲဈေး ပြန်စနေပြီနော် …

Kyun Taw Street Festival Is starting again!

ကျွန်းတောလမ်းပွဲဈေး ပြန်စနေပြီနော် …

 

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ကျွန်းတောလမ်းပွဲဈေး ပြန်စနေပြီနော်။ ပွဲဈေးကျင်းပမဲ့နေ့များက ၂၀၂၅ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖြစ်ပါတယ်။

 ကျွန်းတောလမ်းပွဲဈေး ပြန်စ

ကျွန်းတောလမ်းပွဲဈေးဟာ ရန်ကုန်က စည်ကားတဲ့ ညဈေးပွဲတစ်ခုဖြစ်ပြီး ၂၀၂၅ စက်တင်ဘာလတုန်းက တစ်ခါ ကျင်းပခဲ့ပါသေးတယ်။ ယခု အောက်တိုဘာလမှာ နောက်တစ်ကြိမ် ထပ်မံကျင်းပတာဖြစ်ပြီး ပထမတစ်ခေါက်တုန်းက မရောက်လိုက်သူတွေ၊ လတ်တလောက ပြီးစီးသွားတဲ့ ရေကျော်ပွဲဈေးကို သွားမယ်ဆိုပြီး မရောက်ဖြစ်သူတွေ သွားသင့်သော ပွဲဈေးဖြစ်ပါတယ်။

 

ကျွန်းတောလမ်းပွဲဈေးကို ကျွန်းတောလမ်းတစ်လျှောက် ကျင်းပတာဖြစ်ပြီး ဗားကရာလမ်း Sprit ဘက်က ဝင်လို့ရသလို Time city ဘက်ကလည်း ဝင်လို့ ရပါတယ်။ YBS နဲ့ သွားမယ်ဆိုပါက ရှမ်းလမ်းမှတ်တိုင်ကို ၁၁ , ၂၀ ,၅၉ , ၆၂ , ၇၅ , ၈၅ ,၁၃၆ , ၁၄၄ တို့နဲ့ သွားလို့ရပြီး မဟာမြိုင် မြေနီကုန်းကိုတော့ ၂၁ , ၃၅ , ၃၇ , ၃၉ , ၄၁ , ၆၁ , ၆၅ , ၇၇ , ၇၈ ,၈၂ , ၁၀၄ , ၁၀၅ , ၁၀၆ , ၁၀၇ , ၁၃၁ , ၁၄၀ , ၁၄၅ တို့ကို စီးနိုင်ပါတယ်။ အဲဒီမှတ်တိုင် ၂ ခုကနေ အနည်းငယ် လမ်းလျှောက်ရုံဖြင့် ကျွန်းတောလမ်းပွဲဈေးကို ရောက်ရှိနိုင်ပါတယ်။

 ကျွန်းတောလမ်းပွဲဈေး ပြန်စ

ရန်ကုန်မြို့ရဲ့ စည်ကားသိုက်မြိုက်တဲ့ ပွဲဈေးတွေထဲက တစ်ခုဖြစ်တဲ့ ကျွန်းတောလမ်းပွဲဈေးကို အခုလမှာ ထူးထူးခြားခြား ထပ်မံကျင်းပတာ ဖြစ်ပြီး ယခင်ပွဲဈေးတွေတုန်းက မသွားလိုက်ရသူတွေ၊ သွားပြီး ပျော်လို့ ထပ်သွားမဲ့သူတွေအတွက် MY Yangon Guide က လမ်းညွှန်ပေးလိုက်ပါတယ်နော်။

.

 

Next ⇒

Read 4093 times