မန်ယူအသင်း ၅ ပွဲဆက် အနိုင်ရမှ ဆံပင်ညှပ်မယ် လို့ စိန်ခေါ်ခဲ့သူ တစ်နှစ်ကြာတဲ့အထိ ဆံပင်မညှပ်ဖြစ်သေး။
ကမ္ဘာကျော် ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်သူ ဖရန့်ခ်အီလက် (Frank Ilett) ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ဆံပင်ညှပ်ခဲ့ပြီးနောက် ၆ ရက်နေ့ Aston Villa 0-0 Man Utd. ပွဲအပြီးမှာပဲ မန်ယူအသင်း ၅ ပွဲဆက် အနိုင်ရမှ ဆံပင်ညှပ်မယ် လို့ ထူးထူးခြားခြား စိန်ခေါ်ခဲ့သူ ဖြစ်ပါတယ်။
ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလကို ရောက်ရှိလာပြီ ဖြစ်ချိန် တစ်နှစ်အတောအတွင်းကာလမှာ သူအားပေးတဲ့ မန်ယူအသင်းဟာ ဘောလုံးပွဲပေါင်း ၆၀ ကျော်ကို ကန်ခဲ့ပြီး ဖြစ်သော်လည်း ၅ ပွဲဆက် အနိုင်မရရှိခဲ့ခြင်းကြောင့် ဖရန့်ခ်အီလက်ဟာ ဆံပင်ညှပ်ခွင့် မရပဲ ဖြစ်နေပါတယ်။ တစ်နှစ်ကြာ ဆံပင်မညှပ်ပဲ ရှိနေတဲ့ ဖရန့်ခ်အီလက်ရဲ့ ပုံစံသွင်ပြင်ဟာ မန်ယူအသင်းရဲ့ လက်ရှိကာလ ရုန်းကန်နေရမှုကို တိုက်ရိုက်ထင်ဟပ်နေစေတာလည်း ဖြစ်ပါတယ်။
ဖရန့်ခ်အီလက်ကတော့ သူ့ရဲ့ စိန်ခေါ်မှုကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပြီး “ဒီလောက်အထိ အကြာကြီး ဆက်ဖြစ်နေမယ်လို့ ကျွန်တော် လုံးဝမမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ မကြာခင်မှာ အသင်းဟာ ကောင်းမွန်တဲ့ နိုင်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်က တခြားသူတွေထက် ပိုပြီးတော့ အသင်းရဲ့ နိုင်ပွဲတွေ မြန်မြန်ဖြစ်လာဖို့ အလိုလားဆုံးသူတစ်ယောက်ပါ” လို့ ဖွင့်ဟခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ၂၀၂၅/၂၀၂၆ ဘောလုံးရာသီကို ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်နေရပြီး (Carabao Cup) ပြိုင်ပွဲတွင် လိဂ်တူး (League Two) အသင်းဖြစ်သည့် ဂရင်းမ်စဘီ (Grimsby) ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။ ဒီအတွက် ဖရန့်ခ်အီလက်ရဲ့ ဆံပင် ဘယ်နေ့ညှပ်ခွင့်ရမလဲဆိုတာ မန်ယူနိုက်တက်အသင်းရဲ့ ပရိသတ်များသာမက ဘောလုံးပရိသတ်အများစု ဆက်လက်စောင့်ကြည့်ချင်စရာ စိတ်ဝင်စားစရာကောင်းတဲ့ Topic တစ်ခု ဖြစ်နေပါတယ်။
,
Read 38 times