Food & Drink

၂၀,၀၀၀ အောက်နဲ့ ဟော့ပေါ့၊ အကင်ဘူဖေး အဝစားလို့ရမယ့် ဆိုင် (၇) ဆိုင်

7 Best Hotpot & BBQ Buffet Restaurants In Yangon

အစားအသောက်ဆိုရင် အလှမစားဘဲ အ၀စားရတာတွေကိုမှ သဘောကျတဲ့ Foodie လေးတွေအတွက် ဟော့ပေါ့၊ အကင်ဘူဖေးကို စိတ်ကြိုက် အ၀စားလို့ရမယ့် ရန်ကုန်မြို့က ဆိုင် (၇) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) Manpuku Buffet Style

ဂျပန်စတိုင်အကင်တွေကို ဘူဖေးစားမယ်ဆိုတဲ့ သူတွေအတွက်ကတော့ Manpuku ဆိုင်ကို ညွန်းပေးချင်ပါတယ်။  တစ်ဦးစာ အဝစား စျေးနှုန်းအနေနဲ့ ၁၇,၈၀၀ ကျပ်ကနေ စရှိပါတယ်။ Package က သုံးခုရှိတော့ မီနူးတွေအပေါ်မူတည်ပြီး စျေးနှုန်းအနည်းငယ် ကွာပါလိမ့်မယ်။ စျေးနှုန်းသင့်တင့်ပြီးတော့ အရသာလည်းကောင်းတာကြောင့် နာမည်ရတဲ့ BBQ ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ၃ ပေ ၆ လက်မအောက် ကလေးဆို Free စားသုံးလို့ ရပါတယ်။ ဒါကြောင့် ကလေးတွေပါခေါ်ပြီး မိသားစုလိုက် သွားစားမယ်ဆိုရင် ပိုပြီးတန်ပါတယ်။

Yadana Street, Yankin Township, Yangon

09 961 555977

(၂) Mr.Jerry Thai BBQ & Hot Pot

ထိုင်းစတိုင် အကင်ဘူဖေးတွေကို အ၀စားလို့ရမယ့် နေရာလေးတစ်ခု ဖြစ်ပါတယ်။ အသားကင်တွေကို Cheese တွေနဲ့ ထူးထူးခြားခြား စားလို့ရတဲ့ ဆိုင်လေးဖြစ်တဲ့အတွက် BBQ ကို Cheese နဲ့ စားရတာ ကြိုက်သူတွေအတွက်တော့ ပိုအဆင်ပြေပါတယ်။ လူကြီးတစ်ယောက်စာ အ၀စားဘူဖေးကိုမှ ၁၇,၅၀၀ ကျပ်လောက်ကနေ စရှိပါတယ်။ အကင်အ၀စားပြီး အီလာပြီဆိုရင် အအီပြေ ဟောပေါ့ချဉ်စပ်ဟင်းရည်လေးလည်း သောက်လို့ရပါတယ်။ အချိုတည်းမယ်ဆိုလည်း မြန်မာမုန့်တွေဖြစ်တဲ့ သာခွေယိုင်ဆိမ့်ဆိမ့်လေး၊ ဆွမ်းမွှေးကျောက်ကျောလေး၊ သရက်သီး အုန်းနို့ သာကူချိုချိုလေး၊ ပူတင်းရွှေကြည်အိအိလေး ဒါမှမဟုတ် သီးစုံ Mocktail တွေ သောက်လို့ရပါတယ်။

No.33,Waizayantar Road,Thingyan Kyon, Yangon

09 40405 0341

(၃) Little Korea BBQ

ကိုရီးယားစတိုင် အသားကင် ကြိုက်နှစ်သက်သူတွေကြားထဲမှာ ရေပန်းစားတာကတော့ Little BBQ Korea ပါ။ ဘူးဖေးဆိုပေမယ့် ဟင်းပွဲတွေကို မီနူးကြည့်ပြီး ကြိုက်နှစ်သက်ရာ မှာယူရမှပါ။ အဝစား တစ်ဦးစျေးနှုန်းကို ၁၉၈,၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ကိုရီးယားဆော့စ်တွေနဲ့ နှပ်ထားတဲ့ အသားကင်အပြင် တခြား Side Dish တွေ အများကြီးရှိလို့ ကိုရီးယားစာ နှစ်သက်သူတွေ သဘောတွေ့မယ့်ဆိုင် ဖြစ်ပါတယ်။ 

No. 313 Thitsar Street (near Pone Na Mi Bus stop), South Okkalapa, Yangon

09 40884 8899


     Advertisement

Click Here > ATT

 

(၄) Hotpot King

ဒီဆိုင်ကတော့ ဟော့ပေါ့ရော BBQ ရောအတွက် ဘူဖေးစနစ်ဖြစ်ပြီး အကင်တွေနဲ့ အလိုက်ဖက်ဆုံး ဘီယာလေးကိုပါ တစ်နေရာတည်းမှာတင် တွဲဖက်သောက်နိုင်မယ့် ဆိုင်လေး ဖြစ်ပါတယ်။ အ၀စား ဘူဖေးအချိန်ကို ၂ နာရီ ပေးထားပြီး တစ်ယောက်ကို ၁၇,၄၄၀ ကျပ်မှ စသတ်မှတ်ပါတယ်။ ဟော့ပေါ့ဟင်းရည်၊ လတ်ဆတ်တဲ့ ပင်လယ်စာတွေနဲ့ အသားတွေကြောင့် လူကြိုက်များတဲ့ ဆိုင်လေးလည်း ဖြစ်ပါတယ်။ 

N0 (47), Sayar San Road, Bahan Township, Yangon

09 777 777008

(၅) Shwe Kaung Hotpot & BBQ Buffet

ရွှေကောင်းဆိုင်ကတော့ ဆိုင်ခွဲအများအပြားရှိသည့်အထဲ ဆိုင်ခွဲ (၂) ဆိုင်မှာဘဲ ဘူဖေးစနစ်ရနိုင်တာဖြစ်ပါတယ်။ ကျန်တဲ့ ဆိုင်တွေကတော့ ကိုယ်မှာစားသလောက်ဘဲ ပေးရတဲ့ A La Charte စနစ် ဖြစ်ပါတယ်။ ရွှေကောင်းမှာ ဘီယာ၊ အသား၊ ငါး၊ ပင်လယ်စာ၊ အသားလုံး၊ ကလီစာတွေအပြင် လတ်ဆတ်တဲ့ အသီးအနှံမျိုးစုံလည်း ရနိုင်ပါသေးတယ်။ ရွှေကောင်းက ဆူရှီလည်း အရသာကောင်းလို့ နာမည်ကြီးပါတယ်။ တစ်ယောက်ချင်းဆီအတွက် အ၀စား စျေးနှုန်းကတော့  ၁၈,၈၀၀ ကျပ်မှ စရှိပြီး စားသုံးချိန်ကိုတော့ ၂ နာရီ ပေးထားပါတယ်။ ရွှေကောင်းရဲ့ ဘူဖေးစနစ် ရနိုင်မဲ့ ဆိုင် (၂) ဆိုင်လိပ်စာတွေကတော့ -

People's Park Brunch (09420805895)

Moe Kaung, Yankin Branch (09 783 715 820, 09 797 779 249)

(၆) Hotpot City Ahlone

ဟော့ပေါ့ဘူဖေးဆိုင်တွေ ပြောတော့မယ်ဆိုရင် Hotpot City Ahlone ကို ချန်ခဲ့လို့ မရပါဘူး။ ဒီဆိုင်မှာက အကင်၊ အသုပ်၊ အကြော်၊ အပေါင်း ဟင်းပွဲတွေလို စားသောက်ဖွယ်ရာ အမျိုးပေါင်း ရာကျော်ရှိနေတော့ စိတ်ကြိုက် ရွေးချယ်စားသုံးလို့ ရပါတယ်။ လူတစ်ယောက်ကို ဘူဖေးစားသုံးချိန် (၂) နာရီပေးထားပါတယ်။ စျေးနှုန်းအနေနဲ့လည်း တစ်ဦးစာကို မန်ဘာကတ်ပါရင် ၁၉,၈၀၀ ကျပ်နဲ့ မန်ဘာကတ်မပါရင် ၂၁,၉၀၀ ကျပ်ကနေ စရှိပါတယ်။

No(71/A), Corner of Thit Taw Street and Min Ye Kyaw Swar Street, Ahlone Township

09 780 888866

(၇) Thai Pot

Thai Pot ဆိုင်ကတော့ ၁၀ နှစ်တိုင် လူကြိုက်များတဲ့ ဆိုင်အဖြစ် ရပ်တည်လာတဲ့ ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ အ၀စားတစ်ယောက်ကို ၂၃,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး အချိန်ကလည်း အကန့်အသတ်မရှိ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ Thai Pot မှာဆိုရင် ကိုယ်တိုင်နှပ်ထားတဲ့ လတ်ဆတ်တဲ့ အသားနှပ် (၂၁) မျိုး၊ Seafood ကြိုက်သူတွေအတွက် ပင်လယ်စာအမယ်မျိုးစုံ၊ Hot Pot အရသာအရည် (၄) မျိုး၊ အကင်လေးတွေနဲ့ တို့စားလို့ ကောင်းတဲ့ အချဉ် (၅) မျိုး၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ၊ အချိုပွဲအနေနဲ့ ရေခဲမုန့်နဲ့ အအေးမျိုးစုံ ရှိပါတယ်။ အသားကင်နဲ့အတူ တို့စားတဲ့အခါမှာ အချဉ်အပြင် နောက်တစ်မျိုး စားလို့ကောင်းတဲ့ Cheese ကိုလည်း အကန့်အသတ်မရှိ ယူခွင့်ပေးထားပါတယ်။

No.4, Kan Street, Hlaing, Yangon

09 500 7997

ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ ဟော့ပေါ့၊ BBQ စားသောက်ဆိုင် (၂၆၁) ဆိုင်ကို သက်ဆိုင်ရာ မြို့နယ် (၄၃) ခုအလိုက် အောက်ကလင့်ခ်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

https://bit.ly/3Jou9ov

တခြားသော စီးပွားရေးလုပ်တွေ၊ အရောင်းဆိုင်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို သိချင်တယ်ဆိုရင် ရန်ကုန်လမ်းညွှန်ဝက်ဆိုဒ်မှာ သက်ဆိုင်ရာ မြို့နယ်အလိုက် ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

> https://www.yangondirectory.com/

⇐ Previous Next

Read 6806 times