Food & Drink

ရန်ကုန်မြို့ ညအလှကို အကောင်းဆုံး ခံစားနိုင်မယ့် Rooftop Bar (၁၀) ခု

10 Rooftop Bars In Yangon

သူငယ်ချင်းတို့ရေ ဒီနေ့လေးကတော့ ရုံးဝန်ထမ်းတွေအကြိုက် သောကြာနေ့လေးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ  အလုပ်ကအပြန် ဘော်ဒါတွေနဲ့အတူ TGIF လုပ်ဖို့ စဉ်းစားနေတဲ့ သူတွေအတွက် ရန်ကုန်မြို့ပြရဲ့ ညရှုခင်းအလှကို ခံစားရင်း တစ်ပတ်တာ အမောတွေ ပြေနိုင်စေဖို့ Rooftop Bar (၁၀) ခုကို မျှဝေပေးချင်ပါတယ်။ 

Advertisement

Click Here > Bawgawadi Co., Ltd.

(၁) DATE Bar

ဒီဘားကတော့ နာမည်နဲ့လိုက်အောင် ရိုမန့်တစ်ဖြစ်တဲ့ နေရာလေးမို့ ချစ်သူစုံတွဲလေးတွေ အသွားများပါတယ်။ မီနူးကတော့ အရှေ့တိုင်း၊ အနောက်တိုင်း အစားအစာ တော်တော်စုံစုံ ရပါတယ်။

(၂) Atlas Rooftop Bar & Lounge

ရန်ကုန်မြို့ပြရဲ့  မွန်းကြပ်မှုကနေ ခဏတာ ရုန်းထွက်ပြီး အနားယူလို့ရမယ့် အိုအေစစ်လေးတစ်ခုပါ။ Atlas Rooftop Bar မှာဆိုရင်တော့ အရသာ ထူးခြားတဲ့ ကော့တေးတွေ၊ ရှန်ပိန်၊ ဘီယာနဲ့ တခြား အမြည်းဟင်းလျာတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

(၃) Roof Alchemy

Rooftop Bar တွေပြောရင် ဒီဘားလေးကိုတော့ ချန်ထားခဲ့လို့ မဖြစ်ပါဘူး။ လန်းဆန်းသွားမယ့် ကော့တေးတွေ၊ အမြည်းတွေအပြင် ထမင်းနဲ့ ခေါက်ဆွဲလို ဟင်းပွဲတွေလည်း ရရှိပါတယ်။

(၄) Rooftop 99 Bar & Lounge

မြို့ပြရဲ့ လတ်ဆတ်တဲ့ လေပြေတွေကို ရှုရှိုက်ခံစားရင်း၊ အချစ်သီချင်းအေးအေးလေးတွေကို နားထောင်လို့ရမယ့်အပြင် အရောင်အသွေး စုံလင်တဲ့ ကော့တေးတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

(၅) Vista Rooftop Bar

ညနေခင်းအလှကို ကြည်နူးစွာ ခံစားမယ်၊ Band က ဖျော်ဖြေတဲ့ သီချင်းအေးအေးလေးတွေနဲ့အတူ စီးမျောမယ် ဆိုတဲ့သူတွေအတွက် အကောင်းဆုံး နေရာတစ်ခုကတော့ Vista Rooftop Bar ပါ။ ဒါတင်မကဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံဘုရားကို အဝေးကနေ လှမ်းဖူးမြော်နိုင်သေးလို့ အေးချမ်းပြီး စိတ်ချမ်းသာစေမယ့် နေရာလေးတစ်ခုဆိုလည်း မမှားပါဘူး။

(၆) CoCoon Bar

အရက်ကောင်းကောင်းလည်း သောက်ချင်တယ်၊ အစားအသောက် ကောင်းကောင်းလည်း မြည်းစမ်းကြည့်ချင်တယ် ဆိုရင်တော့ CoCoon Bar က အသင့်တော်ဆုံးပါပဲ။ ဒီဘားရဲ့ နာမည်ကြီး ဟင်းလျာတွေကတော့ ၀က်ဂုတ်သားကင်သုတ်၊ ဆိတ်သားထောင်းနဲ့ တန်ပူရာကြော်တို့ပဲ ဖြစ်ပါတယ်။

(၇) Piano Bar

Piano Bar မှာ ထိုင်ရင်း ရန်ကုန်မြို့ရဲ့ ညအလှကို ခံစားမယ်ဆိုရင် အကောင်းဆုံး ညလေးတစ်ညကို သင်ပိုင်ဆိုင်ရမှာ အမှန်ပါပဲ။ ခမ်းနားတဲ့ ပြင်ဆင်မှုနဲ့အတူ ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ခံစားရင်း ကော့တေးလ် သောက်မယ်ဆိုရင် စိတ်ဖိစီးမှုတွေက အဝေးကို လွှင့်ပျောက်သွားစေမှာပါ။ ဒီဘားရဲ့ ထူးခြားချက်တစ်ခုကတော့ ရေကူးကန် ပါဝင်တာ ဖြစ်ပါတယ်။

(၈) Esperado Rooftop Bar

ဒီဘားလေးကတော့ Esperado Hotel ရဲ့  အပေါ်စီးကနေ မြို့ပြအလှကို ခံစားနိုင်မယ့် ဘားလေးပါ။ အနောက်တိုင်း၊ အရှေ့တိုင်း အစားအသောက်တွေအပြင် ကော့တေး၊ မော့တေး၊ ရှန်ပိန်၊ ဘီယာစတဲ့ သောက်စရာအစုံအလင်ကို အရသာမျိုးစုံ မြည်းစမ်းလို့ရပါတယ်။ 

(၉) Inya View Rooftop Bar

ဒီဘားလေးကတော့ အင်းလျားကန်ကြီးရဲ့ အလှအပကို တမေ့တမောငေးရင်း ဘော်ဒါတွေ စကားစမြည်ပြောဖို့ အကောင်းဆုံးနေရာလေးပါပဲ။ ကော့တေး၊ ဝိုင်နဲ့ တခြားဖျော်ရည်ယမကာတွေအပြင် ဥရောပနဲ့ အာရှအစားအစာတွေ ရပါတယ်။

(၁၀) 360 Degree Bar Yangon

တရုတ်အစားအသောက်တွေအပြင် ရှားရှားပါးပါး အင်းလေးစာတွေပါရတဲ့ ဆိုင်လေးဖြစ်ပါတယ်။ Live Band လေးလည်းရှိတော့ သီချင်းလေး နားထောင်းရင်း အေးအေးဆေးဆေး ငြိမ့်လို့ရမယ့် နေရာလေးဖြစ်ပါတယ်။

⇐ Previous Next

Read 3335 times