Travel

ရန်ကုန်မြို့ရှိ ပထမဆုံး နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက်

Elephant Museum In Yangon Zoo

ဆင်ချစ်သူတွေအတွက် မြန်မာ့ပထမဆုံး နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးထဲမှာ လေ့လာစရာနေရာတစ်ခုအဖြစ် ထပ်တိုးဖွင့်လှစ်ထားပါတယ်။

ဒီဆင်ပြတိုက်မှာ အာရှဆင်တွေရဲ့ ပျံ့နှံ့ကျက်စားရာဒေသနဲ့ အလေ့အထတွေ​၊ မြန်မာနိုင်ငံထဲက တောဆင်ရိုင်းတွေ ပျံ့နှံ့ကျက်စားပုံနဲ့ အမူအကျင့်တွေ၊ သူတို့ရဲ့ ခေတ်အဆက်ဆက် ဆင်းသက်လာပုံ သမိုင်းကြောင်း အသေးစိတ်ကို စိတ်ဝင်စားဖွယ် လေ့လာကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါအပြင့် အပြင်မှာတွေ့ဖို့ ခက်ခဲတဲ့ ရှားပါးဆင် အစိတ်အပိုင်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ အစွယ်တွေ၊ အရိုးစုရုပ်ပုံတွေ၊ ဆင်အစိတ်အပိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုပစ္စည်းတွေကို ပြသထားလို့ အသေးစိတ် အနီးကပ်လေ့လာလို့ရပါတယ်။

ဆင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာဖတ်ရှုနိုင်မယ့် စာအုပ်တွေ ထားရှိပေးထားတဲ့အပြင် အမှတ်တရပစ္စည်း အရောင်းဆိုင်မှာ အရည်အသွေး ကောင်းမွန်တဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေကိုလည်း ဝယ်ယူနိုင်ပါတယ်။

အခုလို ဆင်ပြတိုက် ဖွင့်လှစ်လိုက်တာက သဘာဝတောတွင်းမှာ ကျက်စားနေထိုင်ကြတဲ့ တောဆင်ရိုင်းတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့၊ ဆင်နဲ့ လူတွေကြား ပဋိပက္ခ ဖြစ်ပွားမှုတွေ လျော့နည်းလာစေဖို့၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု၊ ဆင်နဲ့ ဆင်အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုတွေကို တားဆီးနှိမ်နင်းတဲ့အခါ ပြည်သူလူထုပါ ပူးပေါင်းကူညီဆောင်ရွက်ပေးလာစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဆင်ချစ်သူတွေကတော့ ဆင်လေးတွေနဲ့ ပိုပြီး ရင်းနှီးချစ်ခင်လာစေဖို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက ဆင်ပြတိုက်ထဲကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

⇐ Previous Next

Read 968 times