Food & Drink

မတော်တဆဖြစ်ရာကနေ လူကြိုက်များလာသည့် အစားအသောက် (၇) မျိုး

Foods that came by accident

လူသားတွေဟာ အမြဲတမ်း အသစ်အသစ်တွေကို ရှာဖွေနေပြီး တီထွင်ဆန်းသစ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ စီစဉ်ပြုလုပ်တတ်ကြပါတယ်။ ဒီလိုပဲ အစားအသောက် ဖန်တီးတဲ့နေရာမှာလည်း လူကြိုက်များအောင်၊ နာမည်ကြီးအောင် တမင်ဖန်တီးခဲ့ကြတာမျိုးရှိသလို တချို့အစားအသောက်တွေကတော့ ရည်ရွယ်ချက်မရှိဘဲ အမှတ်တမဲ့ဖြစ်လာခဲ့တာပါ။ ဒါကြောင့် မတော်တဆ ဖြစ်ရာကနေ လူကြိုက်များလာကြတဲ့ အစားအသောက် (၇) မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ အာလူးကြော် (Potato Chips)

၁၈၅၃ ခုနှစ်တုန်းက နယူးယောက်က စားသောက်ဆိုင် တစ်ဆိုင်မှာ စားသုံးသူတစ်ယောက်က စားဖိုမှူးဖြစ်သူ George Crum ကို သူကြော်ပေးလိုက်တဲ့ အာလူးကြော်က အတုံးအရမ်းကြီး မျိုချရခက်တယ်လို့ သွားရစ်ခဲ့ပါတယ်။ အဲဒီမှာ Georgeက အရွဲ့တိုက်တဲ့အနေနဲ့ အာလူးကို ပါးနိုင်သမျှ ပါးအောင် လှီးပြီး ကြော်ပေးလိုက်ပါတယ်။ မထင်မှတ်ပဲ အဲဒီအာလူးကြော်ကို စားသုံးသူက အရမ်းကြိုက်တယ်လို့ ချီးကျူးစကားဆိုခဲ့ပြီးနောက် သူ့ချီးကျူးမှုကို မယုံကြည်တဲ့ Gorge ကိုယ်တိုင် စားကြည့်လိုက်တဲ့အချိန်မှာ အာလူးကြော်က ကြွပ်ကြွပ်လေးနဲ့ စားကောင်းနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီကစပြီး ခပ်ပါးပါးလေးကြော်ထားတဲ့ အာလူးကြော်က လူကြိုက်များလာပြီးတော့ အာလူးပြားကြော် ဆိုပြီးဖြစ်လာတာပါ။

၂။ ဘီယာ

ဘီယာသမိုင်းလေ့လာသူ စာရေးဆရာ Horst Dornbusch က ဘီယာဟာ ၆ ရာစုလောက်မှာ ပေါင်မုန့်ပြုလုပ်တဲ့ ပေါင်မုန့်ဖိုထဲကို မိုးယိုရာကနေ မတော်တဆ ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

၃။ စပျစ်သီးခြောက်

ဘီစီ ၂,၀၀၀ ခန့်တုန်းက လူတွေဟာ စပျစ်သီးခြောက်တွေကို စပျစ်နွယ်ပင်တွေကြားမှာ တွေ့ရှိမြည်းစမ်းကြည့်ခဲ့ရာကနေ စပျစ်သီးခြောက်တွေကို ပြုလုပ်ဖန်တီးလာခဲ့ကြပါတယ်။

၄။ ရေခဲချောင်း

ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ ရေခဲချောင်းကိုတော့ ၁၁ နှစ်အရွယ်ရှိ Frank Epperson ဆိုတဲ့ ကောင်လေးက တီထွင်ခဲ့တာဖြစ်ပါတယ်။ ရေနဲ့ ဖျော်ရည်တွေကို ရောစပ်ပြီး ကစားထားတဲ့ ဖျော်ရည်အရောတွေကို အေးစက်တဲ့ ဆောင်းရာသီကာလမှာ အပြင်မှာ ထားခဲ့မိပြီး အေးခဲသွားရာကနေ ရေခဲချောင်း စတင်ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

၅။ ဒိန်ချဉ်

ဒိန်ချဉ်ကတော့ သိုလှောင်ထားတဲ့ နွားနို့တွေကနေ ရက်ကြာလာတဲ့အခါ အချဉ်ဖောက်ပြီး နို့ပျက်သွားရာကနေ ဖြစ်ပေါ်လာတယ်လို့ လူအများက ယုံကြည်လက်ခံထားကြပါတယ်။

၆။ ချောကလက်ကွတ်ကီး

ချောကလက်ကွတ်ကီးက Ruth Graves Wakefield ဆိုတဲ့ အမျိုးသမီးလေးက ချောကလတ်မုန့် ပြုလုပ်ရာကနေ အမှတ်မထင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

၇။ ရှိန်ပိန်

ရှိန်ပိန်ကိုတော့ Dom Perigon ဆိုသူက ဝိုင်ခွက်ထဲက အမြှုပ်လေးတွေကို ကြည့်ရာကနေ ရှန်ပိန်တီထွင်ဖို့ အကြံဉာဏ်ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

⇐ Previous Next ⇒

Read 3123 times