Health & Beauty

Myanmar Mental Health Organizations

Myanmar Mental Health Organizations

US နိုင်ငံရဲ့ လေ့လာတွေ့ရှိချက်တွေအရ လူ (၅) ယောက်မှာ ပျမ်းမျှ (၁) ယောက်လာက်က စိတ်ဒဏ်ရာရပြီး စိတ်ဝေဒနာကို ခံစားနေကြရပါတယ်။ ဒီနေရာမှာ ပြောချင်တဲ့ စိတ်ကျန်းမာရေးဆိုတာ စိတ်မနှံ့တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ 

စိတ်ကျန်းမာရေးဆိုတာ စိတ်မနှံ့တာအပြင် ငယ်စဉ်ကလေးဘ၀မှာ ကိုယ်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အခြေအနေကြောင့် ရရှိလာတဲ့ စိတ်ဒဏ်ရာတွေ၊ အသက်ရွယ်ကြီးလာတာနဲ့အမျှ မလိုချင်ဘဲ ရရှိလာတဲ့ ပူပန်သောကတွေ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ထိခိုက်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်ကလူတွေ စိတ်ဒဏ်ရာကြောင့် မွန်းကြပ်လာတာမျိုးဖြစ်ရင် တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေ၊ စိတ်ဆရာဝန်တွေထံမှာ ရင်ဖွင့်တိုင်ပင်ဆွေးနွေးပြီး သူတို့ရဲ့ ကူညီဖေးမမှု ရယူသင့်ပါတယ်။

ဒါကြောင့် ပြင်းထန်တဲ့ စိတ်ခံစားချက်တွေကြောင့် အဆိုးဘက်မရောက်သွားရအောင် အခမဲ့ ကူညီပေးနေတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရဲ့ ဖုန်းနံပါတ်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဒေါက်တာ ဦးတင်အောင်မိုး

ဆက်သွယ်ရန်ဖုန်း - ၀၉၅၁၃၇၉၇၆

ဖော်ပြပါ ဒေါက်တာသည် ကျွမ်းကျင်တဲ့ စိတ်ဒဏ်ရာအထူးကုဆရာဝန်ဖြစ်ပြီး အခကြေးငွေမယူဘဲ ကူညီပေးပါတယ်။ တနင်္လာနေ့မှ သောကြာနေ့အတွင်း ညနေ (၅) နာရီမှ (၁၁) နာရီအတွင်း စိတ်ခံစားချက်များကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

(၂) Well-Being Counselling and Psychological Services

ဆက်သွယ်ရန်ဖုန်း - ၀၉၇၇၇၁၃၁၂၁၈

ရန်ကုန်ကလူတွေကတော့ လူတွေ့ဆက်သွယ်နိုင်ပြီး တခြားနယ်ကလူတွေကတော့ အွန်လိုင်းမှတဆင့် ဆက်သွယ်နိုင်ပါတယ်။

(၃) မတ္တနွိုင်းရား စိတ်ကျန်းမာရေးစင်တာ

ဆက်သွယ်ရန်ဖုန်း - ၀၉၉၆၁၁၄၀၀၀၀၊ ၀၈၀၀၈၀၀၉၉၃၃

မြန်မာ၊ ချင်း၊ ကရင်၊ ရခိုင်၊ မွန်ဘာသာစကားနှင့် တိုင်ပင်ဆွေးနွေးနိုင်တဲ့ ဝန်ဆောင်မှုလည်းရှိပါတယ်။

(၄) Citta Counsultancy – Psycholigical Services

ဆက်သွယ်ရန်ဖုန်း - ၀၉၉၆၀၉၈၉၅၅၁

မိနစ် ၃၀ အခမဲ့ ဝန်ဆောင်မှုရှိပါတယ်။ မိနစ် ၃၀ ထက်ပိုသော (သို့) ၄ ခါထက်ပိုရင် အခကြေးငွေပေးရပါတယ်။

(၅) Counselling Corner

ဆက်သွယ်ရန်ဖုန်း - ၀၉၇၈၅၀၇၄၁၇၃

လူတွေ့နဲ့ အွန်လိုင်းဝန်ဆောင်မှုများ ရှိပါတယ်။

(၆) Honest Hour

ဆက်သွယ်ရန်ဖုန်း - ၀၉၇၉၂၈၂၄၅၂၂

အခမဲ့မဟုတ်ပေမဲ့ အခေကြေးငွေပေးပြီး (၁) နာရီလောက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ပါတယ်။

(၇) Reachout Myanmar

ဆက်သွယ်ရန်ဖုန်း - ၀၉၇၆၇၁၂၈၉၂၇

Viber မှတဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(၈) Aung Clinic Mental Health Initiative

ဆက်သွယ်ရန်ဖုန်း - ၀၉၂၆၂၅၅၀၉၃၇

⇐ Previous Next

Read 1226 times