Technology

Potential of 5G network with 90 million users

Potential of 5G network with 90 million users

Huawei မှ Online Better World Summit 2020 ကို တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတကာ ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် China Telecom ၊ Etisalat ၊ MTN ၊ GSMA နှင့် 3GPP/ETSI တို့မှ ဧည့်သည်တော်များအပြင် နိုင်ငံပေါင်း (၈၀) ကျော်မှ လူထောင်ပေါင်းများစွာတက်ရောက်ခဲ့သည်။ 

ထိုဆွေးနွေးပွဲတွင် စီးပွားရေး အောင်မြင်မှုကို မောင်းနှင်နိုင်မည့် 5G ၏ အနာဂတ်အလားအလာများအပြင် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အားလုံးအတူတကွ ပါဝင်သော ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးနိုင်ရန်အတွက် နယ်ပယ်ဒေသအသီးသီး၊ နိုင်ငံအသီးသီးမှ Telecom Regulators များ လက်တွဲဖော်ဆောင်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။ 

ယခု ကမ္ဘာပေါ်တွင် 5G အသုံးပြုသူပေါင်း သန်း (၉၀) ကျော် ရှိနေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းအချို့တွင် 5G Network ကို အသုံးပြုလျက်ရှိသည်၊၊ လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော်မှ စတင်၍ IT နည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး လူအများ၏ လူမှုဘဝနှင့် လုပ်ငန်းခွင်ကို ပိုမိုလွယ်ကူစေခဲ့သည်။

သို့သော်  ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မှာ အင်တာနက် အသုံးပြု၍ မရခြင်းနှင့် အခြား ဒစ်ဂျစ်တယ်လ် နည်းပညာများ အသုံးမပြုနိုင်ခြင်းတို့ ရှိနေဆဲ ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ (၂) ဖက်လုံးတွင် Huawei က မိတ်ဖက်များနှင့် ရင်းနှီးနွေးထွေးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတိုးတက်မှုကို တီထွင်ဆန်းသစ်မှုနှင့် ပံ့ပိုးကူညီနိုင်ရန် အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ 

Huawei သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့်အတူ  ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ဆက်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် လူလုပ်အသိဉာဏ်တု (AI) အတွက် နည်းပညာ ဝန်ဆောင်မှုများ ထောက်ပံ့မှု၊ ဗီဒီယို ကွန်ဖရင့်နှင့် စမတ်ဖုန်းများအတွက် COVID-19 ကာလအတွင်း စုစုပေါင်း ကျပ်ငွေ သိန်း (၇၀၀) ကျော် စိုက်ထုတ်ကာ ကူညီဖြေရှင်းပေး လျက်ရှိသည်။ 

စီးပွားရေး လုပ်ငန်းများဆိုင်ရာ ကဏ္ဍတွင် COVID-19 ကာလအတွင်း လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီ လုပ်ငန်းများကိုလည်း Cloud ပေါ်သို့ ရွှေ့ပြောင်းနိုင်ရန် ကူညီပေးလျက်ရှိသည်။

 

Better World Summit ကို တရုတ်၊ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ရုရှ၊ ကိုရီးယား၊ ဂျပန် နှင့် အာရဘီ ဘာသာစကားများဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ပိုမိုသိရှိလိုပါက ဤလင့်ခ် ကိုနှိပ်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။

⇐ Previous Next

Read 1982 times