Technology

Pros and cons of storing your data in cloud storage

Pros and cons of storing your data in cloud storage

အခုလူတော်တော်များများက ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေ အရေးကြီးတဲ့ Data တွေကို Cloud Storage နဲ့သိမ်းဆည်းလာကြပါတယ်။ ဒီတော့ Cloud Storage ဆိုတာဘာလဲ သူ့ကိုဘယ်လိုသုံးရတာလဲ ဆိုတာ ပြောပြပေးသွားမှာပါ။

 

Cloud Storage ဆိုတာကတော့ Online Storage System တစ်မျိုးပါပဲ ။ လက်ထဲမှာ( Hard Disk, memory stick ) စတဲ့အရာတွေနဲ့ မသိမ်းပဲ မမြင်ရတဲ့ Server တွေပေါ်မှာ သိမ်းတာပါ။ သူ့ကိုသုံးခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ အချိန်မှာ ကိုယ်သိမ်းထားတဲ့ အရာတွေကို ယူနိုင်စွမ်းရှိပါတယ်။ 

ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိတယ်

Cloud Storage ကိုသုံးခြင်းရဲ့ ကောင်းကျိုးတွေကတော့ Storage သက်သာတာပါ။ဥပမာ- ကိုယ်က ဖုန်းတစ်လုံးကိုဝယ်မယ်ဆို storage ပိုလိုချင်တာနဲ့ ​စျေးကြီးတဲ့ Version ကိုဝယ်စရာမလိုပါဘူး ။ စျေးအနိမ့်ဆုံးဟာကို ဝယ်ပြီး ကိုယ့်ရဲ့ ဓာတ်ပုံတွေ ၊ရုပ်ရှင်တွေ၊ အရေးကြီးပေမယ့်လည်း အခုအသုံးမလိုသေးတဲ့ data တွေစတာတွေကို Cloud ပေါ်မှာ သိမ်းထားလိုက်ရုံပါပဲ။ဒါ့အပြက် ကိုယ့်အလုပ်မှာ သိမ်းထားတဲ့ ကွန်ပြူတာက အချက်တွေကိုလည်း အိမ်ကနေတစ်ဆင့်ယူပြီး အလုပ်လုပ်နိုင်ပါသေးတယ်။ 

 

ဘာလို့ Cloud Storage တွေကို တွင်တွင်ကျယ်ကျယ် သုံးလာကြလဲဆိုတော့ Hard disk တွေ CD တွေက တစ်နေရာနဲ့တစ်နေရာ သယ်ရမလွယ်ကူတာရယ်၊ ကိုယ့်ရဲ့ ဖုန်းတွေ Laptop တွေမှာ နေရာမလောက်လာလို့ရယ်နဲ့ အလွယ်တကူ သိမ်းဆည်းရ လွယ်ကူတာတွေရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ 

ဆိုးကျိုးတွေကတော့ ဘယ်အရာမှ အလကားမရဘူးဆိုတဲ့အတိုင်း သူကလည်း အလကားမရပါဘူး။ များသောအားဖြင့် 5GB လောက် အလကားပေးတတ်ကြပေမဲ့ အဲ့ဒီပမာဏ ကျော်သွားတာနဲ့ အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။ ကိုယ်အသုံးပြုချင်သလောက်ကို ဝယ်သုံးရတော့မှာဖြစ်ပြီး ​စျေးနှုန်းကလည်း မသေးလှပါဘူး။ 

Cloud Server တွေ down တာဖြစ်ဖြစ် Hack ခံရတာပဲဖြစ်ဖြစ်ဆို ကိုယ့်ရဲ့အချက်အလက်တွေ အကုန်ပါသွားမှာပါ။ ဘာပဲပြောပြော အရင်ကထက်စာရင် Cloud Storage တွေပေါ်လာတဲ့အခါ Data တွေကို သိမ်းဆည်းရတာ ပိုလွယ်ကူလာတာကိုတွေ့ရမှာပါ။ ကိုယ့်ရဲ့ဖုန်း ဒါမှမဟုတ် Laptop မှာ storage မလောက်တော့ဘူးဆိုရင်တော့ Cloud Storage ကိုစမ်းသုံးဖို့ တိုက်တွန်းချင်ပါတယ်။ 

နာမည်ကြီးတဲ့ Cloud Storage တွေကတော့ Google Drive, Drop Box, Apple iCloud, Onedrive အစရှိတာတွေပဲ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 1467 times