Technology

What are the cool features of Apple's new ‌ Update I 14?

What are the cool features of Apple's new ‌ Update I 14?

Apple ကသူတို့ရဲ့ iPhone တွေ iPad တွေအတွက် IOs 14 ကိုယမန်နေ့ကပဲ ထုတ်ပေးသွားခဲ့ပါတယ်။ဆိုတော့ ဒီ IOs 14မှာ ဘယ်လိုအသုံးဝင်တဲ့ Feature တွေပါဝင်လာလဲဆိုတာ အောက်မှာဆက်ပြီးဖတ်ကြည့်လိုက်ပါ…..

 

  1. Translation App

ဟာ မလိုပါဘူးငါတို့မှာ Google Translation ရှိနေတာပဲလို့မထင်လိုက်ပါနဲ့။ ဒီ Appလေးကတော်တော်လေးကို မိုက်တာပါ။ Google မရတဲ့နေရာတွေ (ဥပမာ-တရုတ်နိုင်ငံမှာဆို တော်တော် အသုံးဝင်နိုင်မှာပါ)။ လူနှစ်ယောက်စကားပြောနေတာကို တစ်ချိန်တည်းမှာ မိမိလိုချင်တဲ့ ဘာသာစကားကို ဘာသာပြန်ပေးနိုင်မယ့် Appလေးတစ်ခုပါ။ 

  1. Widgets  

    Android ဖုန်းတွေလိုမျိုးပဲ iPhone တွေမှာလည်း Widgets တွေထည့်လိုရလာပါပြီ:3

    Weather ,Clock,Music Player, Photos စတာတွေကို Widgets တွေအနေနဲ့ သုံးလို့ရပါပြီ။ 

  1. Overlay Phone Call 

ကျွန်တော်တို့ မကိုင်ချင်တဲ့ဖုန်းတွေဝင်လာရင် အရင်ကအရမ်းတိုင်ပတ်တယ်။ ချလို့ကလည်းမရ၊ ကိုင်လည်းမကိုင်ချင်နဲ့(ဥပမာ-အကြွေးတောင်းတာတို့ဘာတို့:3)။ အခုတော့အဲ့တာတွေ စိတ်ပူစရာမလိုတော့ပါဘူး ။ Phone ဝင်လာမယ်ဆိုရင်တောင် Screen အပေါ်ပိုင်းလေးမှာပဲ သေးသေးလေးပေါ်တော့မှာမလို့ မကိုင်ချင်လည်းရတယ် Minimize လုပ်ချင်လည်းရပါတယ်။ 

  1. Photos caption 

Photos တွေမှာလည်း ဘယ်နေ့ကဘယ်သူက ရိုက်ပေးတာဘာညာနဲ့ caption ထည့်လို့ရပါပြီ။

စော်များတယ်ဆိုလည်း နာမည်မမေ့သွားအောင်ထည့်လို့ရတာပေါ့(ကြယ်စင်၊မြတ်နိုး၊လမင်း ဘာညာ….) 

  1. Siri’s New UI 

အရင်က Siri ကိုခေါ်မယ်ဆို Screen တစ်ခုလုံးအပြည့်ကြီးဖြစ်သွားတာမလား။ အခု UI လေးကတော့ တော်တော်မိုက်ပါတယ်။ ပူစီပေါင်းလေး တက်လာသလိုလေးဖြစ်နေမှာပါ။

  1. Emoji can search now 

ကိုယ်က အသည်းပုံကပို့ချင်နေပြီ ရှာလို့ကမတွေ့ဘူးဆိုတာတွေမဖြစ်တော့ပါဘူး။ 

ပို့ချင်တဲ့ အမျိုးအစားကို keyboard မှာ ရှာလိုက်တာနဲ့ သူနဲ့ပတ်သတ်တဲ့ဟာတွေ အကုန်ကျလာမှာပါ။ ဒါလည်းတော်တော်လေးမိုက်တာပဲ။ 

  1. Green Dot & Orange Dot 

ကျွန်တော်ကတော့ ဒီဟာလေးကို အကြိုက်ဆုံးပါပဲ ။ဥပမာ- App ကနေ Mic ကိုသုံးနေရင် အဝါရောင်အစက်လေးပေါ်နေပြီး camera ကိုသုံးနေရင်လဲ အစိမ်းရောင်အစက်လေးပေါ်နေမှာပါ။ 

  1. Back Tap 

screenshot ရိုက်ချင်လား ဒါမှမဟုတ် သုံးနေကြ App တစ်ခုကိုဖွင့်ချင်လား လက်ညိုးလေးနဲ့ နှစ်ချက်ပုတ်လိုက်ရုံပါပဲ။ 

ဒါကတော့ ကျွန်တော် လက်ရှိတွေ့ရသလောက် အမြင်သာဆုံး Feature တွေပါ။ တခြားမိုက်တဲ့ Feature လေးတွေရှိသေးတယ်ဆို အောက်မှာပြောသွားခဲ့ပါဦး။ 

 

⇐ Previous Next

Read 1326 times