Technology

Tips For Buying Computer

Tips For Buying Computer

သင်ဟာ ကွန်ပျူတာတစ်လုံးလောက် ဝယ်ဖို့စိတ်ကူးနေပြီဆိုရင် အဝယ်မမှားဖို့ အရည်အသွေးကောင်းပြီး စျေးမှန်တဲ့ဆိုင်တွေကို သိဖို့လိုလာပါပြီ။

 

ယုံကြည်စိတ်ချရတဲ့ ကွန်ပျူတာနဲ့ ကွန်ပျူတာဆက်စပ်ပစ္စည်း အရောင်းဆိုင်တွေကို ရန်ကုန်လမ်းညွှန်ဝဘ်ဆိုက်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

 

ဒါ့အပြင် ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဝယ်ခင်မှာ ဘယ်လိုအချက်လေးတွေကို ထည့်တွက်စဉ်းစားပြီး စစ်ဆေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ ကိုယ်က ဒီကွန်ပျူတာကို ဘာအတွက်သုံးမှာလဲဆိုတာ စဉ်းစားရပါမယ်။ ဥပမာ- လုပ်ငန်းသုံးလား? ဂိမ်းဆော့ဖို့အတွက်လား? ဒီဇိုင်းဆွဲဖို့အတွက်လား? စသဖြင့် စဉ်းစားရပါမယ်။ ကိုယ်သုံးမယ့် Function တွေ၊ Software တွေနဲ့ ကိုယ်ဝယ်လိုက်တဲ့ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်တွေက ကိုက်ညီမှုရှိမနေဘူးဆို ကိုယ့်အတွက်နစ်နာနိုင်ပါတယ်။

 

၂။ ကွန်ပျူတာရဲ့ Hardware ပိုင်းကို သေချာစစ်ဆေးဖို့လိုပါတယ်။ Hardware ပိုင်းမှာ ဘာတွေပါမလဲဆိုရင် CPU(ကွန်ပျူတာရဲ့စွမ်းဆောင်ရည်)၊ Harddisk(ကွန်ပျူတာရဲ့သိုလှောင်နိုင်မှုပမာဏ)၊ RAM(ကွန်ပျူတာရဲ့မန်မိုရီမြန်နှုန်း)၊ Keyboard၊ Mouse၊ Screen Size 

 

၃။ ကွန်ပျူတာမှာ ပါဝင်တဲ့ အပေါက်တွေ စုံမစုံ သေချာစစ်ပါ။ ဥပမာ - HDMI အပေါက်၊ USB အပေါက်၊ SD ကတ်အပေါက်

 

၄။ ကိုယ်သုံးနိုင်မယ့်ဘက်ဂျက်ကို သေချာသတ်မှတ်ပါ။ ဘယ်လောက်တန်လေးဝယ်ချင်တာလဲ? Laptop ဝယ်ချင်တာလား? Desktop ဝယ်ချင်တာလား? Desktop တွေက Laptop တွေထက် ဈေးပိုသက်သာနေတတ်တာမို့ ကိုယ့်အတွက် ဘယ်အမျိုးအစားက တကယ်အသုံးဝင်မလဲဆိုတာ ကိုယ်သုံးမယ့်ဘက်ဂျက်နဲ့ချိန်ပြီး စဉ်းစားဖို့ အကြံပြုချင်ပါတယ်။

 

ဒီလောက်ဆိုရင်တော့ ကွန်ပျူတာမဝယ်ခင် ဘာတွေစစ်ဆေးရမလဲဆိုတာ သေချာလေးသိသွားပြီလို့ ယူဆပါတယ်။

 

ကွန်ပျူတာအရောင်းဆိုင်ခန်း၊ ကွန်ပျူတာဆက်စပ်ပစ္စည်း အရောင်းဆိုင်တွေနဲ့ ကွန်ပျူတာပြုပြင်ရေးစင်တာတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို သိလိုတယ်ဆိုရင် အောက်ပါရန်ကုန်လမ်းညွှန်ဝဘ်ဆိုက်လင့်ခ်မှာ ဝင်ရောက်ရှာဖွေလိုက်ပါ။

>> https://bit.ly/3oQGpEg

⇐ Previous Next

Read 1329 times