Technology

How To Recover Lost Files From Phone

How To Recover Lost Files From Phone

သင့် Android ဖုန်းထဲက မှားဖျက်မိသွားတဲ့ Call Log၊ SMS၊ Photo၊ Video စတဲ့ အရေးကြီးတဲ့ ဒေတာတွေကို ပြန်လည်ရယူဖို့ အကောင်းဆုံး Android App (၃) ခုနဲ့တကွ ပြန်ယူနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။  

မှားဖျက်မိသွားတဲ့ ဒေတာတွေကို လွယ်လွယ်ကူကူ ပြန်ယူလို့ရမယ့် App (၃) ခုက “Mobisaver”၊ “SMS & Call Log Backup” နဲ့ “Recovery Bin” တို့ ဖြစ်ပါတယ်။

မိမိဖုန်းနဲ့ အဆင်ပြေကိုက်ညီနိုင်မယ့် App ကို ရွေးချယ်ပြီး Play Store မှာ အလွယ်တကူ ဒေါင်းလုတ်ဆွဲ ရယူနိုင်ပါတယ်။ ဖုန်းနဲ့လုပ်တာထက် PC နဲ့ တွဲဖက်ပြီး လုပ်တာက ပိုမိုလွယ်ကူနိုင်ပါတယ်။ ဖုန်းထဲကနေ လုပ်မယ်ဆိုရင်တော့ ဘယ် App ကို အသုံးပြုပြု ၊ ဖုန်းကို Root ဖောက်ထားဖို့ လိုအပ်ပါတယ်။

1. Mobisaver

 

“Mobisaver” ကို အသုံးပြုမယ်ဆိုရင် နှစ်သက်ရာအချိန်တစ်ခု သတ်မှတ်နိုင်ပြီး အဲဒီအချိန်အတွင်း ကိုယ်မှားပြီး ဖျက်လိုက်မိတဲ့ ဒေတာတွေကို ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် ဖျက်ပြီးသား ဒေတာတွေကို ပြန်လည်ရယူတဲ့အခါ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို နဂိုပုံ အရည်အသွေးအတိုင်း ပြန်မရတော့ဘဲ ဖြစ်တတ်ပါတယ်။

“Mobisaver” ကို အသုံးပြုရင် အဲသလို ဖြစ်တာကို အတတ်နိုင်ဆုံး ကာကွယ်ပေးထားပြီး ပြန်လည်ရယူလိုတဲ့ ဒေတာတွေ အားလုံးကို နဂိုအရည်အသွေးအတိုင်း ပြန်ရစေပါတယ်။

2. SMS & Call Log Backup

“SMS & Call Log Backup” က မှားဖျက်လိုက်မိတဲ့ Call Log နဲ့ SMS တွေကို ရိုးရှင်းစွာ ပြန်လည် ရယူနိုင်တဲ့ App ဖြစ်ပါတယ်။

3. Recovery Bin

“Recovery Bin” က “Mobisaver” နဲ့ လုပ်ဆောင်ချက်တွေ ဆင်တူပြီး အသုံးပြုပုံက ပိုမိုရိုရှင်းတာကို တွေ့ရပါတယ်။ "Recovery Bin" နဲ့ "Mobisaver" မှာ ကိုယ်ပြန်ယူချင်တဲ့ ဒေတာဖိုင်တွေကို Select လုပ် Scan ဖတ်ပြီး ပြန်ယူနိုင်ပါတယ်။

အကယ်၍ Call Log တွေပဲ ပြန်လည်ရယူချင်တာဆိုရင်တော့ သက်ဆိုင်ရာ အော်ပရေတာတွေရဲ့ Call Center တွေကို ဆက်သွယ် အကူညီတောင်ပြီး ပြန်လည်ရယူနိုင်ပါတယ်။

⇐ Previous Next

Read 1903 times