Career & Jobs

Email ပို့တဲ့အခါ သိထားရမယ့် စကားစုများနှင့် အတိုကောက်စကားလုံးများ

Phrases About Writing Email And Abbreviations

E-mail အသုံးပြုကြတဲ့အခါ အချိန်ကုန်သက်သာစေဖို့အတွက် စကားလုံးတွေကို အတိုကောက် အသုံးပြုကြပါတယ်။ အတိုကောက် စကားလုံးတွေနဲ့ ရေးထားတဲ့ E-mail တွေကို ကိုယ့်ရဲ့ အထက်လူကြီးစီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေစီကနေ ရဖူးပါလိမ့်မယ်။ အဲ့ဒီအခါမှာ ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ အတိုကောက်စကားလုံးတွေကို နားလည်အောင် ပြန်လုပ်ရတာက အလုပ်ပိုရှုပ်ပါတယ်။ ဒါကြောင့် Email သုံးတဲ့အခါ ဘယ်လိုအချက်အလက်တွေ သိထားသင့်သလဲ၊ Email မှာ အသုံးပြုနေတဲ့ စကားစုလေးတွေ၊ သင်္ကေတလေးတွေ၊ အတိုကောက်စကားလုံးတွေက ဘာကို ကိုယ်စားပြုသလဲ အစရှိတဲ့ အရေးအသားနဲ့ အသုံးအနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Email ပို့တဲ့အခါ သိထားရမယ့်အချက်များ

@ = at (mention)

@ ဆိုတဲ့ သင်္ကေတကို တည်နေရာတွေကို ဖော်ပြတဲ့အခါမှာ အသုံးပြုကြသလို ဖေ့စ်ဘွတ်ခ်၊ တွီတာ အစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ် တွေမှာဆိုရင်တော့ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ရည်ညွှန်းတဲ့အခါမှာလည်း အသုံးပြုကြပါတယ်။

CC = carbon copy

CC ကိုတော့ အီးမေးလ်တွေမှာ တွေ့မြင်ရတာ များပါတယ်။ ကာဗွန်မိတ္တူလို့ ခေါ်ပါတယ်။ မိတ္တူဆိုတဲ့အတိုင်းပဲ ကိုယ်ရေးသားထားပြီး ပေးပို့ချင်တဲ့ စာတွေကို ထပ်ခါတလဲလဲ ပြန်ရေးနေစရာ/ပြန်ပို့နေစရာမလိုဘဲ sent to ရဲ့ Cc နေရာမှာ ကိုယ်ပေးပို့လိုသူတွေရဲ့ အီးမေးလ်လိပ်စာတွေကို ရိုက်ထည့်ရုံနဲ့ အားလုံးစီကို တစ်ချိန်တည်းမှာပဲ ပေးပို့နိုင်ပါတယ်။

DM = Direct Message

DM ကတော့ တိုက်ရိုက်စာပေးပို့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ တခြားသူတွေ မသိစေချင်တဲ့ အရေးကြီး သတင်းအချက်အလက်နဲ့ စာတွေကို ပေးပို့စေချင်ရင် DM ဆိုပြီး အတိုကောက် ရေးသားကြပါတယ်။

W/ = with

တစ်စုံတစ်ခု ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ အတူရှိနေတယ်လို့ ပြောချင်တဲ့အခါမှာ သုံးပါတယ်။

W/out = without

တစ်စုံတစ်ခု ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ မရှိဘူးလို့ ပြောချင်တဲ့အခါမှာ အသုံးပြုကြပါတယ်။

Advertisement

Click Here > M.B.K Rubber Roller Industrial Parts & Mould

Email ရေးသားရာမှာ အသုံးများတဲ့ အတိုကောက်စကားလုံးလေးများ

1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေ အကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲ ဖြစ်ပါတယ်။)

2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့ စကားလုံးကို ဘယ်လိုအချိတ်အဆက်နဲ့ အသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့ လိုပါတယ်။)

3. COB – close of business (လုပ်ငန်းတစ်ခု ပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)

4. COD – cash on delivery (ပစ္စည်းရောက်မှ ငွေချေရတဲ့ ငွေပေးချေမှု အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)

5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့ နောက်ဆုံးအချိန်ကို ပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့ နောက်ဆုံး သန်းခေါင်းယံအချိန်ကို ပြောချင်တာပါ။ ဥပမာ - “I’d like to submit it before EOD.”)

6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့ အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့ အကြောင်းအရာမှာ သုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာ ဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီး သုံးလို့ရပါတယ်။)

7. F2F – face to face (မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")

8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)

9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)

10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီး ပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကို ပြောတာဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)

11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့ e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to XXX as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)

12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာ ပြောထားတာထက် ပိုပြီး ရှင်းလင်းအောင် ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)

13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ မေးခွန်းတွေ မေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)

14. N/A – not applicable (မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့ အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကို သုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)

15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့ အရေးကြီးအချက်အလက်တွေကို စာဖတ်သူ သတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့ အရှေ့မှာ ရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)

16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့ အချိန်ထက် နောက်မကျစေဘဲ လိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)

17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေ အများကြီးနဲ့ မျက်စိရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကို သုံးနိုင်ပါတယ်။)

18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)

19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့ လိုသေးရင် ဒီစကားလုံးကို သုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)

20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့ မက်ဆေ့ခ်ျတွေမှာ ဖော်ပြချင်ရင် “I will be OOO until Tuesday.”)

21. WFH – work from home (တချို့တချို့သော လူတွေဟာ သူတို့ရဲ့ အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့ အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာ ဘယ်သူကတော့ရှိတယ် ဘယ်သူကတော့ မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)

22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့ လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင် အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)

AFAIK = As far as I know

BBL = Be Back Later

BBS = Be Back Soon

BCC = Blind Carbon Copy 

BFFL = Best Friend For Life

BFF = Best Friend Forever

BRB = Be Right Back

CX = Correction

FML = F*** My Life

Gr8 = Great

JK = Just Kidding

IDK = I don’t know

L8r = Later

LOL = Laugh Out Loud

LMAO = Laugh My A** Off

NM = Never mind

NP = No Problem

OT = Off topic (By The Way နဲ့ အသုံးပြုပုံ ဆင်ပါတယ်)

PS = Postscript

ROFL = Roll On The Floor Laughing

TGIF = Thanks God! It’s Friday.

TL;DR = Too long; didn’t read

ThX = Thanks

TTYL = Talk To You Later

TTYS = Talk To You Soon

Y = Why?

YW = Your Welcome

Email ရေးတဲ့အခါ အသုံးဝင်မယ့်စကားစုများ

email 5email 1email 4email 3

Credit To Original Writer

⇐ Previous Next

Read 1084 times