Things To Do

Career Development & Pathway

Career Development & Pathway

MY Yangon မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ Times City Job Fair 2025 Event မှာ ထပ်မံပါဝင်လာတဲ့ အစီအစဉ်ကောင်းလေး တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ အဲဒါကတော့ Times City Job Fair 2025 ပွဲရဲ့တန်ဖိုးကို ပိုမိုမြင့်မားစေမယ့် အစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးနယ်ပယ်က ထိပ်တန်းပညာရှင်နှစ်ဦးရဲ့ အဖိုးတန်ဟောပြောမှုတွေပဲ ဖြစ်ပါတယ်။

ပထမနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ (နေ့လယ် ၁း၃၀ - ၂း၃၀) မှာတော့ စီးပွားရေးနဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အတွေ့အကြုံရှိသူ ဆရာဦးမိုးကျော်က "Career Development" ဆိုတဲ့ ခေါင်းစဉ်နဲ့ လူငယ်တွေကို လမ်းညွှန်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ (နေ့လယ် ၁း၃၀ - ၂း၃၀) မှာတော့ လုပ်ငန်းခွင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေမှာ တက်ကြွစွာ ပါဝင်နေသူ ဆရာဦးသူရိန်ငြိမ်းက "Career Pathway" ဆိုတဲ့ ခေါင်းစဉ်နဲ့ လူငယ်တို့အတွက် ဘဝလမ်းညွှန်မှုတွေ ပေးသွားမှာပါ။

 Times City Job Fair 2025


ကျောင်းသား/သူတွေ၊ Fresh Graduate တွေကအစ အတွေ့အကြုံရှိပြီးသား Professional တွေအထိ လုပ်ငန်းခွင်ဝင်လိုသူအားလုံးအတွက် ရည်ရွယ်ထားတဲ့ Times City Job Fair 2025 Event မှာ CV တင်ပြီး ချက်ချင်း အင်တာဗျူးဖြေဆိုနိုင်တာ၊ Networking ကောင်းကောင်းရနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေအပြင် ထိပ်တန်းပညာရှင်နှစ်ဦးရဲ့ အတွေ့အကြုံ၊ အသိပညာနဲ့ ဉာဏ်ပညာတွေကို တစ်နေရာတည်းမှာ နားထောင်ခွင့်ရမှာကြောင့် တန်ဖိုးရှိတဲ့ အခွင့်အရေးဆိုလည်း မမှားပါဘူး။ ဆရာ ၂ ဦးရဲ့ ဟောပြောမှုတွေကို နားထောင်ခွင့်ရတာဟာ အလုပ်အကိုင်ရရှိရေးအတွက်တင်မကဘဲ တစ်သက်တာလုံးအတွက် တန်ဖိုးရှိတဲ့ အသိအမြင်များ ရရှိတဲ့ အတွေ့အကြုံလည်း ဖြစ်စေပါမယ်။ 

ဒါကြောင့်မို့လို့ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ Times City Job Fair 2025 ကို သူငယ်ချင်းတွေနဲ့ အတူတူသွားဖို့ အခုပဲ စီစဉ်လိုက်တော့နော်! 

 

 Times City Job Fair 2025

⇐ Previous

Read 51 times