Things To Do

Cars DB မှ ကြီးမှူးကျင်းပမဲ့ ကားအရောင်းပြပွဲကြီး

Cars DB Grand Car Sales Exhibition

Cars DB မှ ကြီးမှူးကျင်းပမဲ့ ကားအရောင်းပြပွဲကြီးတစ်ခုကို Pannita Auto Park (အမှတ် (၇)၊ပဏ္ဍိတလမ်း၊အင်းစိန်လမ်းမ ( သံလမ်းမှတ်တိုင်အနီး )၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့) မှာ ၂၀၂၅ နိုဝင်ဘာ ၂၁,၂၂,၂၃ နေ့များတွင် ကျင်းပမယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ ကားချစ်သူမိတ်ဆွေတို့အတွက် Brand New / Used Car အစီးရေ ၁၀၀ ကျော်၊ ကားအမျိုးအစား အစုံကို ခင်းကျင်းပြသသွားမှာပါ။

 

လူစိတ်ဝင်မူများလျက်ရှိတဲ့ EV Car တွေ၊ ဝယ်လိုအားများတဲ့ ICE Car တွေကို Showroom အစုံက လာရောက်ရောင်းချပေးသွားမှာဖြစ်ပြီး အခြား Car Product တွေနဲ့ Insurance Company တွေကပါ ဝင်ရောက်အားဖြည့်သွားမယ့် ကားပြပွဲကြီးဖြစ်ပါတယ်။ ဒါ့အပြင် ကားအရစ်ကျ ဝယ်လိုသူတွေအတွက်လဲ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Best Merchant Finance ကလဲရှိနေမှာဖြစ်ပြီး အကုန်လုံး တစ်နေရာတည်းမှာ One Stop Service ရရှိနိုင်မဲ့ အရောင်းပြပွဲကြီးပဲဖြစ်ပါတယ်။

 

အခုလို စုံစုံလင်လင် ရှိနေမဲ့ ကားအရောင်းပြပွဲကြီးကို စိတ်ဝင်စားတဲ့ မိတ်ဆွေများ ရှိမယ်ဆိုရင်တော့ လာမယ့် နိုဝင်ဘာ ၂၁,၂၂,၂၃ ရက်နေ့တွေမှာ သွားရောက်ကြည့်ရှုနိုင်ဖို့ MY Yangon Guide က သတင်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Cars DB မှ ကြီးမှူးကျင်းပမဲ့ ကားအရောင်းပြပွဲကြီး

 

 

⇐ Previous

Read 20 times