Things To Do

၂၀၂၃ ခုနှစ် ကမ္ဘာ့လူသုံးအများဆုံး ဘာသာစကား (၁၀) ခု

10 Most Spoken Languages in the World 2023

ဘာသာစကားဆိုတာ မတူညီတဲ့ နိုင်ငံသီးသီးက လူတွေနဲ့ ပြောဆိုဆက်ဆံနိုင်ဖို့အတွက် ပေါင်းကူးတံတားဖြစ်ပါတယ်။ ဘာသာစကားတစ်ခု သင်ယူတတ်မြောက်ထားတာက သက်မွေးအလုပ်၊ ပညာရေးနဲ့ စီးပွားရေးတို့အတွက် အသုံးတည့်ပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း ၇,၀၀၀ ကျော် ရှိတဲ့ထဲက တချို့ဘာသာစကားတွေက တဖြည်းဖြည်း လူသိနည်း ပျောက်ကွယ်သွားပေမယ့် တချို့ကတော့ လူသိများလာပြီး ကမ္ဘာ့အသုံးအများဆုံး ဘာသာစကားတွေ ဖြစ်လာခဲ့ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး အသုံးပြု ပြောဆိုနေတဲ့ ဘာသာစကား (၁၀) ခုကို မျှဝေပေးလိုက်ပါတယ်။   

၁။ English 

လက်ရှိအချိန်မှာတော့ အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနေသူ လူဦးရေ ၁.၅ ကုဋေရှိပြီး ဒီဘာသာစကားက ကမ္ဘာသုံး ဘာသာစကား ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို တစ်ကမ္ဘာလုံးရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ကဏ္ဍတွေမှာ ကြားခံဘာသာအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ အရေးမှာရော အပြောမှာပါ သင်ယူဖို့ လွယ်ကူတဲ့ ဘာသာစကားလည်း ဖြစ်ပါတယ်။

၁ ။ Mandarin

မန်ဒရင်းဘာသာစကားကို အသုံးပြုသူ လူဦးရေဟာ ကမ္ဘာပေါ်မှာ ၁ ကုဋေကျော်ရှိပြီး ကမ္ဘာ့လူသုံးအများဆုံး ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ မန်ဒရင်းဘာသာစကားကို တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့မှာ အစိုးရရုံးသုံး ဘာသာစကားအဖြစ် ပြဌာန်းထားပြီး စင်္ကာပူနိုင်ငံရဲ့ တရားဝင် ဘာသာစကား လေးမျိုးထဲမှ တစ်မျိုးအဖြစ် ပါဝင်ပါတယ်။

၃။ Hindi/ Urdu

အိန္ဒိယနိုင်ငံရဲ့ ဘာသာစကားဟာ ဟင်ဒီနဲ့ အူရ်ဒူဆိုပြီး နှစ်မျိုးရှိပြီး နှစ်မျိုးစလုံးက ရေးသားပုံချင်း၊ ပြောဆိုပုံချင်း ကွာခြားပါတယ်။ အူရ်ဒူဘာသာစကားကိုတော့ အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံက လူတွေ ပိုပြောကြပါတယ်။ ဟင်ဒီ သို့မဟုတ် အူရ်ဒူစကား တစ်မျိုးမျိုးကို ဖြစ်စေ၊ နှစ်မျိုးစလုံးကို ဖြစ်စေ ပြောဆိုသူ လူဦးရေက ကမ္ဘာပေါ်မှာ ၆၀၂ သန်းကျော် ရှိပါတယ်။

၄။ Spanish

စပိန်ဘာသာစကားကို အသုံးပြုပြီး ပြောတဲ့ လူဦးရေက ၅၄၈ သန်းကျော် ရှိပါတယ်။ စပိန်ဘာသာစကားက စပိန်နိုင်ငံအပြင် စပိန်ကိုလိုနီလက်အောက်ခံအဖြစ် ရောက်ခဲ့ကြတဲ့ ဥရောပ နိုင်ငံတွေ တော်တော်များများမှာလည်း ရုံးသုံးဘာသာစကားအဖြစ် ဆက်သုံးနေကြဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကမှာလည်း စပိန်ဘာသာစကား ပြောကြတဲ့သူတွေ ရှိပါတယ်။

၅။ French

ပြင်သစ်ဘာသာစကားဟာ နိုင်ငံပေါင်း (၂၉) ခုရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ မာဒါဂါစကာ၊ ကွန်ဂို၊ ကင်မရွန်၊ စီနီဂေါ၊ ဘီနင်၊ ဟီတီ အစရှိတဲ့ နိုင်ငံတွေမှာ ပြင်သစ်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြပါတယ်။ အာဖရိကနိုင်ငံတွေမှာ ပြင်သစ်ဘာသာစကားဟာ ဒုတိယအသုံးများဆုံး ဘာသာစကား ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပြင်သစ်ဘာသာစကား ပြောဆိုသူ လူဦးရေမှာ ၂၇၄ သန်းကျော် ရှိပါတယ်။

     Advertisement

 

Click Here > Yarobi

၆။ Arabic

အာရဗီဘာသာစကားကို အသုံးပြုသူ လူဦးရေဟာ ကမ္ဘာပေါ်မှာ ၂၇၄ သန်း ရှိပြီး အာရပ်နိုင်ငံတွေရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ ပါလက်စတိုင်း၊ အီဂျစ်၊ ဆော်ဒီအာရေ‌ဗျ၊ တူနီးရှား၊ ဘာရိန်း၊ ယူအေအီး၊ ယီမင်၊ မောရစ်သျှ၊ မိုရိုကို၊ အိုမန်၊ ကာတာ၊ ဂျော်ဒန်၊ အီရတ် အစရှိတဲ့ နိုင်ငံတွရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသက လူတွေ အများဆုံး ဒီဘာသာစကားကို ပြောဆိုကြပါတယ်။ 

၇။ Bengali 

ဘင်္ဂလီဘာသာစကားကို ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၇၂ သန်းကျော်က ပြောဆို သုံးစွဲနေကြပါတယ်။ ဘင်္ဂလီဘာသာစကားဟာ အိန္ဒိယနိုင်ငံမှာ ဒုတိယ အသုံးအများဆုံး ဘာသာစကားလည်း ဖြစ်သလို အိန္ဒိယရဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ ပိုမို အသုံးပြုကြပါတယ်။ ဘင်္ဂလီဘာသာစကားဟာ အိန္ဒိယနဲ့ ဘင်္ဂလာ‌ဒေ့ရှ်နိုင်ငံတို့ရဲ့ အစိုးရ ရုံးသုံးဘာသာစကားဖြစ်ပါတယ်။

၈။ Russian

ရုရှားဘာသာစကားဟာ လူဦးရေ ၂၅၈ သန်းကျော် ပြောဆိုသုံးစွဲကြပြီး ကမ္ဘာကုလသမ္မဂအဖွဲ့ကြီးရဲ့ တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသော ဘာသာစကားခြောက်မျိုးထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဆိုပါ ကုလသမ္မဂအဖွဲ့ကြီးရဲ့ တရားဝင်ရုံးသုံး ဘာသာစကား ခြောက်မျိုးကတော့ အာရဗီ၊ တရုတ် (မန်ဒရင်း)၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်နဲ့ ရုရှားဘာသာစကားတို့ ဖြစ်ပါတယ်။ ရုရှားဘာသာစကားကို ပိုလန်၊ ချက် စတဲ့ နိုင်ငံတွေမှာလည်း အသုံးပြု ‌ပြောဆိုကြပါတယ်။

၉။ Portuguese

ပေါ်တူဂီနိုင်ငံက သေးငယ်ပေမယ့် တစ်ချိန်တုန်းက နယ်ချဲ့ခဲ့လို့ ပေါ်တူဂီ လက်အောက်ရောက်ခဲ့တဲ့ နိုင်ငံတွေမှာ ပေါ်တူဂီ ဘာသာစကားကို အမွေရရှိခဲ့တာကြောင့် ပေါ်တူဂီဘာသာစကား ပြောဆိုသူ အများအပြား ရှိပါတယ်။ ဘရာဇီး၊ အင်ဂိုလာ၊ ကိတ်ဗာဒီ၊ အရှေ့တီမော၊ မကာအို၊ မိုဇမ်ဘစ် နိုင်ငံတွေမှာ ပေါ်တူဂီဘာသာစကားကို ပြောဆိုကြပါတယ်။ လက်ရှိ ကမ္ဘာမှာ ပေါ်တူဂီဘာသာစကား ပြောဆိုသူ လူဦးရေ ၂၅၇ သန်းကျော် ရှိပါတယ်။

၁၀။ Indonesian

အင်ဒိုစကားကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်ပြီး လေယူလေသိမ်းမတူတဲ့ စကားဝဲပုံ အမျိုးမျိုးနဲ့ အင်ဒိုဘာသာစကား မူကွဲပေါင်း (၈၀၀) ကျော် ရှိပါတယ်။ ဒီတော့ အတိအကျ ပြောရရင် မလေးစကားနဲ့ ဆင်တူတဲ့ ဘာဟာဆာ အင်ဒိုနီးရှားစကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာပေါ်တွင် ဘာဟာဆာ အင်ဒိုနီးရှားဘာသာစကားကို ပြောဆို သုံးစွဲသူ လူဦးရေမှာ ၁၉၉ သန်းကျော် ရှိပါတယ်။ 

ဘာသာစကားသင်တန်းကျောင်း (၈၀၀) ကျော်ကို ရန်ကုန်လမ်းညွှန်ဝက်ဆိုဒ်မှာ သက်ဆိုင်ရာမြို့နယ်အလိုက် အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

https://bit.ly/3Zj1KX8

https://www.yangondirectory.com/

⇐ Previous Next

Read 1819 times