Things To Do

ရာသီခွင် (၁၂) ခုအတွက် အချစ်ရေးမှာ အလိုက်ဖက်ဆုံး ရာသီခွင်များ

12 Zodiac Matches That Make The Best Couples

လူနှစ်ယောက် အချိန်တွေအကြာကြီး လက်တွဲမြဲဖို့ဆိုရင် စိတ်တူကိုယ်တူရှိပြီး တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က နားလည်ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ ဒါမှလည်း တစ်ယောက်အတွက် တစ်ယောက်က လက်တွဲဖော်ကောင်းတွေ ဖြစ်မှာပါ။ ရာသီခွင် (၁၂) ခုမှာလည်း လိုက်ဖက်တဲ့ ရာသီခွင်စုံတွဲတွေ ရှိပါတယ်။ ကိုယ့်ရာသီခွင်နဲ့ လိုက်ဖက်မယ့် လက်တွဲဖော်က ဘယ်ရာသီခွင်တွေ ဖြစ်မလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

၁။ ARIES (MARCH 21 – APRIL 19)

Aries လေးတွေက တစ်ဖက်လူအပေါ်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ လက္ခဏာရှိပေမဲ့ သူတို့အပေါ် ထိန်းချုပ်တာမျိုးကိုတော့ မကြိုက်ကြပါဘူး။  ဒါကြောင့်  စိတ်ခံစားချက်ကို လွတ်လွတ်လပ်လပ်ထားတတ်ပြီး ကိုယ်ချစ်ရသူအပေါ်  မှီခိုချင်တဲ့ စိတ်ရှိတဲ့ Libra လေးတွေနဲ့ တွဲသင့်ပါတယ်။  

၂။ TAURUS (APRIL 20 – MAY 21)

ကိုယ်ချစ်ရတဲ့သူတွေကို အရမ်းကို ဦးစားပေး အနစ်နာခံပေးတတ်တဲ့  Taurus ဟာ ကိုယ်ချစ်ရတဲ့သူတွေကို စွန့်လွှတ်ပေးဆပ်တတ်တဲ့ Virgo နဲ့ လိုက်ဖက်ညီတဲ့ စုံတွဲတွေ ဖြစ်ကြပါတယ်။ ချစ်မိပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ထက် ပိုပြီး တစ်ဖက်လူကို ချစ်တတ်တဲ့ စိတ်ရှိကြတဲ့ Virgo နဲ့ Taurus တို့အတွဲဟာ တကယ်ကို ရိုမန့်တစ်ဖြစ်မယ့် စုံတွဲပါ။

၃။ GEMINI (MAY 22 – JUNE 21)

Gemini တွေဟာ အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ လွတ်လပ်ခွင့်တွေကို တစ်ပါးသူကို ပေးလိုက်ရမှာ အရမ်းနှမြောတတ်ကြသူတွေ ဖြစ်ပါတယ်။ ဒီလို စိုးရိမ်တွေဝေတတ်တဲ့ Gemini အတွက် အလိုက်ဖက်ဆုံး ဘဝလက်တွဲဖော်ဟာ ဘဝကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ Sagittarius တွေပါ။

၄။ CANCER (JUNE 22 – JULY 22)

Cancer တွေရဲ့ စိတ်နေသဘောထားဟာ စိတ်ထိခိုက်လွယ်ပြီး စိတ်နုတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က တွေ့သမျှကိုလည်း လွယ်လွယ်ရင်ခုန်ပြီး မချစ်တတ်သလို သစ္စာရှိရှိချစ်ပေးမယ့် ချစ်သူမျိုးကိုပဲ လိုချင်ကြပါတယ်။ ဒါကြောင့် တည်ငြိမ်လေးနက်တဲ့ စိတ်ခံစားချက်ရှိတဲ့ Taurus နဲ့ သစ္စာတရားကို အလေးထားတဲ့ Cancer တွေဟာ အလိုက်ဖက်ဆုံး စုံတွဲတွေ ဖြစ်ကြပါတယ်။

၅။ LEO (JULY 23 – AUGUST 22)

Leo တွေဟာ တက်ကြွရဲရင့်ပြီး ယုံကြည်မှုရှိတဲ့သူတွေပါ။ Libra ရာသီဖွားတွေကတော့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေကောင်းမွန်သူတွေဖြစ်ပြီး မျှတတဲ့ စိတ်ထားကို ပိုင်ဆိုင်တဲ့သူပါ။ Leo တွေက သူတို့ရဲ့အမြင်ကို ပြောဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်မနေခဲ့သူတွေဖြစ်သလို Libra တွေကတော့ Leo တွေ လိုချင်တာကို ချက်ချင်းသိနိုင်စွမ်းရှိတဲ့သူတွေပါ။ ဒီအချက်က နှစ်ဦးသားကြားက နားလည်မှုကို ပိုတိုးလာစေသလို Libra နဲ့ Leo ကို ပြီးပြည့်စုံတဲ့ စုံတွဲဖြစ်စေပါတယ်။

၆။ VIRGO (AUGUST 23 – SEPTEMBER 22)

Virgo တွေက Relationship တစ်ခုကို ကောင်းစွာ ထိန်းသိမ်းနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာ အရမ်းကို ချစ်တတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် Virgo တွေက အတွေးများပြီး စိတ်မြန်လက်မြန်ရှိတဲ့ Scorpio တွေကို ထိန်းနိုင်တဲ့ ရာသီဖွားတွေဖြစ်လို့ Virgo နဲ့ Scorpio ကလည်း လိုက်ဖက်ပါတယ်။

Advertisement

Click Here > Fuji Aluminum

၇။ LIBRA (SEPTEMBER 23 – OCTOBER 22)

ရာသီခွင်တွေအားလုံးထဲမှာမှ Libra တွေဟာ ကိုယ်ဘာဖြစ်ချင်နေတယ်၊ ကိုယ့်စိတ်အနေအထား ဘယ်လိုရှိတယ်ဆိုတာကို အသိကြဆုံးပါ။ ဒါပေမဲ့ Relationship ကြာရှည်တည်မြဲဖို့ အရမ်းတွေးမထားတတ်တဲ့ Libra တွေအတွက်တော့ Relationship တည်မြဲအောင် ထိန်းပေးနိုင်တဲ့ Leo ရာသီခွင်တွေနဲ့သာ တွဲသင့်ပါတယ်။

၈။ SCORPIO (OCTOBER 23 – NOVEMBER 22)

Scorpions တွေက အချစ်များတတ်ကြသူတွေဖြစ်ပါတယ်။ ချစ်မိပြီဆိုရင်လည်း ဘာမှမတွေးတတ်ဘဲ ချစ်တတ်ကြသူတွေဖြစ်ပါတယ်။ Pisces တွေက ကြင်နာတတ်တဲ့ စိတ်အပြည့်ရှိသူတွေ ဖြစ်ပါတယ်။ Scorpio နဲ့ Pisces ဟာဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သင့်မြတ်ကြသူတွေဖြစ်ပြီး ချစ်ခြင်းမေတ္တာကို လှပစွာပုံဖော်နိုင်ကြမယ့် စုံတွဲတွေအဖြစ် သတ်မှတ်လို့ရပါတယ်။

၉။ SAGITTARIUS (NOVEMBER 23 – DECEMBER 21)

လွယ်လပ်မှုကိုနှစ်သက်ပြီး အမြဲအနောက်က တကောက်ကောက်လိုက်နေတာကို မကြိုက်တဲ့ Sagittarius တွေကတော့ လွတ်လွတ်လပ်လပ်နေတတ်ပြီး အတွေးအခေါ် အမြော်အမြင်ကောင်းတဲ့ Aquarius ရာသီဖွားတွေနဲ့ လိုက်ဖက်ပါတယ်။

၁၀။ CAPRICORN (DECEMBER 22 – JANUARY 20)

အလုပ်ကြိုးစားပြီး ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက်ဆို ဘယ်အရာကိုမဆို လွှတ်ချဖို့ ဝန်မလေးတတ်တဲ့ Capricorn တွေက အကြောင်းအရာတိုင်းကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး စီမံရမယ်ဆိုတာ နားလည်တဲ့ Virgo တွေကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်ပါတယ်။

၁၁။ AQUARIUS (JANUARY 21 – FEBRUARY 18)

သူတစ်ပါးဆန္ဒကို အမြဲဦးစားပေးတတ်လွန်းတာကြောင့် ငြီးငွေ့နေပြီဖြစ်တဲ့ Aquarius တွေက ကိုယ့်စိတ်ကို နည်းအမျိုးမျိုးနဲ့ ပျော်အောင်လုပ်ပေးနိုင်မယ့် Gemini တွေနဲ့ ပိုလိုက်ဖက်ပါတယ်။

၁၂။ PISCES (FEBRUARY 19 – MARCH 20)

ရာသီခွင်တွေအားလုံးထဲမှာမှ နားလည်ရအခက်ဆုံးက Pisces ရာသီခွင်တွေပါ။ စိတ်ကူးအိမ်မက်တွေ များပြီး အကောင်းဆုံးကိုပဲ မျှော်လင့်နေတတ်တဲ့ Pisces လေးတွေနဲ့ အကိုက်ညီဆုံး ဘဝလက်တွဲဖော်ကတော့ နှလုံးသားကို ဘယ်လိုကိုင်တွယ်ရမယ်မှန်း ကောင်းကောင်းသိတဲ့ Cancer တွေပါ။ 

⇐ Previous Next

Read 3898 times