Things To Do

Graphic Design ပညာရပ်ကို စတင် လေ့လာချင်သူများအတွက် မရှိမဖြစ် Software (၅) ခု

5 Essential Software for Beginners in Graphic Design

Graphic Designer ဆိုတာ လူငယ်တွေကြားမှာ ခေတ်စားလာတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပြီး Freelance အပြင် Full Time အနေနဲ့ ပါလုပ်ကိုင်လို့ရတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ သတင်း၊ ဆောင်းပါး အစရှိတာတွေအပြင် လုပ်ငန်းတော်တော်များများ ကလည်း Social Media  ပေါ် ရောက်ရှိလာတာကြောင့် Graphic Deigner အလုပ်ကလည်း မရှိမဖြစ် လိုအပ်လာပါတယ်။

ဒါကြောင့်  Graphic Design ကို စိတ်ဝင်စားတဲ့ သူတွေအတွက် သုံးရလွယ်ကူပြီး မရှိမဖြစ်လိုအပ်တဲ့ Software လေးတွေကို ဖော်ပြပေးသွားပါမယ်။ 

၁။ PhotoShop 

PhotoShop ဆိုတဲ့အတိုင်း ဒီ Software မှာ ဓာတ်ပုံတွေကို ဖြတ်တာတွေ၊ ပြင်တာတွေ၊ တစ်ပုံနဲ့တစ်ပုံ ပေါင်းတာတွေအပြင် အခြား Editing တော်တော်များများ ပြုလုပ်လို့ရပါတယ်။ Photoshop ကို Window OS  ရော Mac OS ပါ သုံးလို့ရပါတယ်။ Design Software တွေထဲက အကောင်းဆုံး တစ်ခုလို့ သတ်မှတ်ထားပြီး လွယ်လွယ်ကူကူ နဲ့ သုံးလို့ရတဲ့ Functions တွေအပြင် Plug in တွေကိုလည်း Free Download အနေနဲ့ ရယူနိုင်တာမို့လို့ Begineer တော်တော်များများ သဘောကျကြတဲ့ Software တစ်ခုပါ။ 

၂။ GIMP

ဒီ Software လေးကတော့ Graphic Designer တွေတင်မကပဲ Photographer တွေအတွက်ပါ အသုံးဝင်တဲ့ App လေးဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီးတော့ အဓိက ဓာတ်ပုံတွေကို ပြင်တဲ့အခါမှာ တော်တော်လေး အဆင်ပြေပါတယ်။ တချို့ Features တွေကိုဝယ်သုံးမှရမှာဆိုပေမဲ့ Freeသုံးလို့ရတဲ့ Features တွေနဲ့တင် တော်တော်မိုက်တယ်လို့ ခံစားစေမှာပါ။ ဒီ Software ကို Window OS, Linux OS တို့မှာ အသုံးပြုလို့ရမှာပါ။ 

၃။Adobe Illustrator

Logo တွေ sketches တွေ ဒါမှမဟုတ် Videos တွေအတွက် ပုံထည့်တာတွေ လုပ်မယ်ဆိုရင်တော့ ဒီ Software လေးလောက် အသုံးဝင်တာ မရှိပါဘူး။ အားနည်းချက် တစ်ခုက Official ဝယ်သုံးမယ်ဆိုရင် စျေးတော်တော်ကြီးတာပါ။ 

၄။ Inkscape

Inkscape ရဲ့ အားသာချက်က ဘယ် Platform မဆို သုံးလို့ရတာဖြစ်ပြီး သုံးရတာလည်း တော်တော်လွယ်ကူပါတယ်။ ဒါ့အပြင် Free Download ရရှိနိုင်တော့ စသုံးတဲ့သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ 

၅။Adobe Indesign 

ဒီတစ်ခါတော့ Adobe ဘက်ကို ပြန်လှည့်ကြတာပေါ့။ Indesign ကတော့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေရဲ့ Layout တွေလုပ်တဲ့ Software ပါ။ ဆိုဒ်ချိန်တာတွေ၊ ပုံတွေ၊ ဟိုဟိုဒီဒီ ရွေ့ရတာတွေကို လွယ်လွယ်ကူကူနဲ့ လုပ်လို့ရပါတယ်။ Window OS, Linux OS တို့မှာ အသုံးပြုလို့ရပါတယ်။

⇐ Previous Next

Read 1601 times