Things To Do

Generation X, Y, Z စတဲ့ မျိုးဆက် (၇) ခုအကြောင်းနဲ့ ၎င်းတို့ရဲ့ မွေးနှစ်၊ လူဦးရေ ရာခိုင်နှုန်းများ

About (7) Generations, Generation X, Y, Z etc...

ကမ္ဘာ့လူဦးရေဟာ နှစ်စဉ် (၈၁) မီလီယံလောက် တိုးပွားလာနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ လူဦးရေ  ၇,၆၃၁,၀၉၁,၀၄၀၊  ၂၀၁၉ ခုနှစ်မှာ လူဦးရေ ၇,၇၁၃,၄၆၈,၁၀၀ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ လူဦးရေ ၇,၇၉၄,၇၉၈,၇၃၉ ထိ တိုးပွားလာခဲ့တာပါ။

ကမ္ဘာ့လူဦးရေ တိုးတက် များပြားလာခဲ့သလို မျိုးဆက်တစ်ခုချင်းစီအလိုက် မွေးဖွားတဲ့ ခုနှစ်ပေါ် မူတည်ပြီး Generation တွေလည်း တစ်ဦးနဲ့ တစ်ဦး မတူ ကွဲပြားသွားကြပါတယ်။ အခုဆိုရင် Generation Alpha မျိုးဆက်ကိုပါ ရောက်နေပါပြီ။

ဒါကြောင့် Generation Alpha, X, Y, Z အပါအဝင် Baby Boomer, Silent Generation, Greatest Generation အထိ ၎င်းတို့ရဲ့ မွေးနှစ်၊ အသက်အရွယ်နဲ့ လူဦးရေ စတာတွေအားလုံးကို သေချာသိအောင် တစ်ခုချင်းစီ အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

Generation Alpha

Generation Alpha ဆိုတာက ၂၀၁၀ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်ကြား မွေးဖွားတဲ့သူတွေကို ခေါ်တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အသက် (၁၂) နှစ် မပြည့်သေးတဲ့ ကလေးတွေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အပတ်စဉ် Gen Alpha ၂.၅ သန်းလောက် မွေးဖွားနေပြီး အခုဆိုရင် တစ်ကမ္ဘာလုံးမှာ လူဦးရေ (၂) ဘီလီယံနီးပါးထိ ရှိနေပါပြီ။

Generation Z

၁၉၉၅ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်ကြား မွေးဖွားတဲ့သူတွေကို Generation Z ( Gen Z ) လို့ သတ်မှတ်ပါတယ်။ iGen, Centennials, Post-millennials, Homeland Generation လို့လည်း ခေါ်ကြပါတယ်။ ဒီနှစ်မှာ ၁၂ - ၂၆ နှစ် ပြည့်ပြီးတဲ့ လူငယ်တွေ ဖြစ်ပါတယ်။ Generation Z တွေဟာ ကမ္ဘာ့လူဦးရေရဲ့  (၃၀) ရာခိုင်နှုန်းခန့် ရှိပြီး လူဦးရေအားဖြင့် (၂) ဘီလီယံထိ ရှိပါတယ်။ 

Generation Y

Millennials သို့ Gen Y ဆိုတာကတော့ ၁၉၈၀ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း မွေးဖွားတဲ့သူတွေပါ။ ဒီနှစ်မှာ သူတို့ရဲ့ လက်ရှိအသက်ဟာ ၂၇ - ၄၁ နှစ် ပြည့်နေပြီ ဖြစ်ပြီး လူငယ်လူလတ်ပိုင်းတွေ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  (၁.၈) ဘီလီယံဝန်းကျင်ဟာ Millennials တွေဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၂၃) ရာခိုင်နှုန်း ရှိပါတယ်။ အာရှနိုင်ငံတွေမှာ Millennials အများဆုံး ရှိပါတယ်။

Generation X

၁၉၆၅ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့သူတွေကို Generation X လို့ သတ်မှတ်ပါတယ်။ သူတို့ရဲ့ လက်ရှိအသက်ဟာ ဒီနှစ်မှာ ၄၂ - ၅၆ နှစ် ပြည့်ပြီးပါပြီ။ တစ်ကမ္ဘာလုံးမှာ လူဦးရေအားဖြင့် (၆၅.၂) မီလီယံခန့် ရှိပါတယ်။

Baby Boomer

Baby Boomer ဆိုတာကတော့ ၁၉၄၆ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အတွင်း မွေးဖွားတဲ့သူ လူကြီးပိုင်းတွေကို ခေါ်တာပါ။ ၂၀၂၁ ခုနှစ်မှာ အသက် ၅၇ - ၇၅ နှစ် ပြည့်ပြီးတဲ့သူတွေ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  (၇၁.၆) မီလီယံဝန်းကျင် ရှိပါတယ်။

Silent Generation

Traditionalists (သို့) Silent Generation တွေကတော့ ၁၉၂၅ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ကြား မွေးဖွားခဲ့တဲ့သူတွေဖြစ်လို့ အခုဆိုရင် သူတို့ရဲ့ အသက်က ၇၆ - ၉၆ နှစ် ပြည့်ပြီးသွားပါပြီ။ တစ်ကမ္ဘာလုံးမှာ လူဦးရေအားဖြင့် (၃၀) မီလီယံနီးပါး ရှိပါတယ်။

Greatest Generation 

၁၉၂၄ ခုနှစ်ကနေ ၁၉၀၁ ခုနှစ်ကြား မွေးဖွားခဲ့တဲ့သူတွေကို Greatest Generation လို့ သတ်မှတ်ပါတယ်။ အဦးဆုံး မျိုးဆက်လို့ ပြောလို့ ရပြီး အခုဆိုရင် အသက်က အနည်းဆုံး (၉၇) နှစ် ပြည့်ပြီး ဖြစ်ပါတယ်။ လက်ရှိ တစ်ကမ္ဘာလုံးမှာ အသက်ရှင်သန်သူ ရာခိုင်နှုန်းအနည်းငယ်ပဲ ကျန်ရှိပါတော့တယ်။

မြန်မာနိုင်ငံမှာဆိုရင် ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ…

  • Generation Alpha - ၁၄,၈၀၁,၅၄၄ ဦး ( ၂၆.၈၅ ရာခိုင်နှုန်း )
  • Generation Z - ၉,၇၈၂,၅၅၄ ဦး ( ၁၇.၇၅ ရာခိုင်နှုန်း )
  • Generation Y - ၂၃,၃၄၉,၆၄၁ ဦး ( ၄၂.၃၆ ရာခိုင်နှုန်း )
  • Generation X - ၄,၁၄၃,၅၁၆ ဦး ( ၇.၅၂ ရာခိုင်နှုန်း )
  • Baby Boomer, Silent Generation - ၃,၀၄၆,၅ ၅၀ ဦး ( ၅.၅၃ ရာခိုင်နှုန်း ) ရှိကြောင်း သိရပါတယ်။ 

ကဲ… ပရိတ်သတ်ကြီးကတော့ ဘယ်နှစ်ခုနှစ်မှာ မွေးလဲ…? ဘယ် Generation ထဲမှာ ပါလဲ...?

 

⇐ Previous Next

Read 1875 times