Health & Beauty

ရန်ကုန်မှာ မြူထတာလား? လေထုညစ်ညမ်းနေတာလား?

Air Pollution in Yangon

Photo : The Irrawaddy

ရန်ကုန်မြို့မှာ IQAir ရဲ့ ထုတ်ပြန်ချက်အရ မတ်လ (၁၀) ရက်ကနေ (၁၂) ရက်အတွင်း လေထုညစ်ညမ်းမှု ညွှန်းကိန်း 169 AQI အထိ မြင့်တက်ခဲ့ပါတယ်။ မနက်တိုင်း မြူဆိုင်းနေတာလို့ ထင်ကြပေမယ့် တကယ်တမ်း လေထု ညစ်ညမ်းမှုကြောင့် ကောင်းကင်မှာ အရောင်ပြောင်းနေခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒီလေထုညွှန်းကိန်းဟာ မြို့မှာ နေထိုင်သူ လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ အနီရောင်အဆင့် အခြေအနေတစ်ခုလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ( WHO ) ကလည်း ကြေညာထားတာကို တွေ့ရပါတယ်။ 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ကြေညာချက်အရ မတ်လ (၁၃) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ ရန်ကုန်အပါအဝင် တခြားသော ပြည်နယ်နဲ့ တိုင်းတွေမှာ နေရာကွက်ကြား မိုးရွာသွန်းမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

မိုးရွာသွန်းခြင်းအားဖြင့် ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှု ညွှန်းကိန်းဟာ ပြန်လည် လျော့ကျလာမယ်လို့ မျှော်လင့်ရပြီး IQAir ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီနေ့ မတ်လ (၁၃) ရက်နေ့မှာ 132 AQI, မတ်လ (၁၄) ရက်နေ့မှာ 139 AQI, မတ်လ (၁၅) ရက်နေ့မှာ 124 AQI, (၁၆) ရက်နေ့မှာ 116 AQI, (၁၇) ရက်နေ့မှာ 130 AQI, (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့မှာ 113 AQI စသဖြင့် လျော့ကျလာမယ်လို့ ဖော်ပြထားပါတယ်။

 

ဒါပေမယ့် ဒီညွှန်းကိန်းတွေဟာလည်း လိမ္မော်ရောင်အဆင့် ဖြစ်နေသေးတာမို့ လူတိုင်းအတွက် မဟုတ်ပေမယ့် တချို့လူကြီးပိုင်းတွေနဲ့ ကျန်းမာရေး သိပ်မကောင်းသူတွေအတွက်တော့ အန္တရာယ် များနေဆဲ ဖြစ်ပါတယ်။

 

Advertisement

Click Here > Myat Noe Lay Co., Ltd.

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ကြေညာချက်အရ…

  • AQI 50 အောက် ( အစိမ်းရောင်အဆင့် )
  • AQI 51-100 ကြား ( အဝါရောင်အဆင့် )
  • AQI 101-150 ကြား ( လိမ္မော်ရောင်အဆင့် )
  • AQI 151- 200 ကြား ( အနီရောင်အဆင့် )
  • AQI 201- 300 ကြား ( ခရမ်းရောင်အဆင့် )
  • AQI 301 အထက် ( ကြက်သွေးရောင်အဆင့် ) လို့ သတ်မှတ်ထားပါတယ်။

လေထု သန့်စင်ပေးတဲ့ အပင် (၁၀) မျိုး

> https://bit.ly/424hJuq 

 

AQI 50 အောက် ညွှန်းကိန်းဟာ လူတိုင်းအတွက် အထူးကောင်းမွန်တဲ့ လေထုဖြစ်ပြီး AQI 51-100 ကြားထိ သင့်တင့် ကောင်းမွန်သေးတဲ့ လေထု ဖြစ်ပါတယ်။ AQI 101-150 ကြားဆိုရင်တော့ တချို့သောသူတွေအတွက် သိပ်မကောင်းတဲ့ လေထု ဖြစ်လာပါပြီ။

 

AQI 151- 200 လောက်ထိ ညွှန်းကိန်းရောက်ရှိလာပြီဆိုရင်တော့ ဒါဟာ လူတိုင်းအတွက် ကျန်းမာရေးကို စတင် ထိခိုက်လာနိုင်တဲ့ လေထု ဖြစ်ပါတယ်။ AQI 201- 300 ကြားဆိုရင်တော့ တော်တော်လေးကို ထိခိုက်နိုင်တဲ့ အဆင့်ကို ရောက်ရှိပါပြီ။

 

တကယ်လို့ လေထုညွှန်းကိန်းဟာ AQI 301 နဲ့အထက်ကို ရောက်ရှိလာပြီဆိုရင်တော့ အန္တရာယ်အဆင့်ပါ။ တချို့သူတွေ အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်လာနိုင်လို့ နိုင်ငံရဲ့ အရေးပေါ်အဆင့် သတ်မှတ်ပြီး ဂရုစိုက်ရမယ့် အနေအထား ဖြစ်ပါတယ်။

 

အဲယားကွန်း အရောင်းနှင့် ပြုပြင်ရေး  (၉၀၂) ခု

> https://bit.ly/3YJCLM7 

 

လက်ရှိမှာ ရန်ကုန်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ လေထုညစ်ညမ်းမှု အဆင့် (၁) နေရာမှာ ရှိနေပြီး မြို့ရဲ့ လေထုအရည်အသွေးဟာ လိုအပ်တာထက် တဖြည်းဖြည်း နည်းပါးလာနေတာကြောင့် မြို့နေလူထုရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

 

လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့အတွက် Mask တပ်တာ၊ လေထုသန့်စင်စက် တပ်ဆင်တာ၊ Air Freshener ဖြန်းတာ၊ ပြတင်းပေါက် ပိတ်တာတွေ ပြုလုပ်သင့်ပြီး အပြင်ထွက် လေ့ကျင့်ခန်း လုပ်တာမျိုးတွေကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။

 

Air Freshener အရောင်းဆိုင် (၁၇) ခု ရှာရန်

> Air Fresheners

 

ကမ္ဘာပေါ်မှာ လေထုညွှန်းကိန်း ကြက်သွေးရောင်အဆင့် ရောက်ရှိတဲ့ နိုင်ငံနဲ့ မြို့တွေ မရှိသေးပေမယ့် ခရမ်းရောင်အဆင့် ရောက်နေတဲ့ နိုင်ငံတွေတော့ ရှိလာပါပြီ။ အဲဒီနိုင်ငံတွေကတော့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ( 225 AQI ) နဲ့ ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ ( 203 AQI ) တို့ပဲ ဖြစ်ပါတယ်။  

 

တခြား မတ်လ (၁၃) ရက်နေ့ လေထုတိုင်းတာချက်များအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ မြို့တွေကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်။

 

အနီရောင်အဆင့်

  • နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ ( 185 AQI ) 
  • အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ ( 179 AQI ) 
  • ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ ( 176 AQI ) 
  • အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ( 162 AQI ) 
  • ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ( 159 AQI ) 
  • ဘင်္ဂလားဒေ့ရှ်၊ ဒါကာမြို့ ( 154 AQI ) 
  • ဂါနာနိုင်ငံ၊ အက်ကရာမြို့ ( 152 AQI ) 
  • အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ ( 152 AQI ) 

 

Advertisement

Click Here > Lat War (TSM)

 

လေထုညစ်ညမ်းမှုညွှန်းကိန်း ခရမ်းရောင်နဲ့ အနီရောင် အဆင့်တွေထဲမှာ အိန္ဒိယနိုင်ငံက မြို့ (၃) မြို့နဲ့ ပါကစ္စတန်နိုင်ငံက မြို့ (၂) မြို့ထိ ပါဝင်နေပြီး တခြားနိုင်ငံတွေကတော့ တစ်မြို့စီ ပါဝင်နေတာကို တွေ့ရပါတယ်။

 

လိမ္မော်ရောင်အဆင့်

  • ဟောင်ကောင် SAR ( 141 AQI ) 
  • အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ ( 134 AQI ) 
  • မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ( 132 AQI )
  • တရုတ်နိုင်ငံ၊ ရှန်ယမ်းမြို့ ( 132 AQI ) 
  • မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့ ( 125 AQI ) 
  • ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ ( 120 AQI ) 
  • ထိုင်ဝမ်နိုင်ငံ၊ Kaohsiung မြို့ ( 119 AQI ) 
  • ကာတာနိုင်ငံ၊ ဒိုဟာမြို့ ( 117 AQI ) 
  • ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ ( 114 AQI ) 
  • ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ( 112 AQI ) 
  • တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ ( 112 AQI ) 
  • တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ ( 110 AQI ) 
  • တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ ( 107 AQI ) 

အိမ်ထဲမှာ လေထုသန့်စင်အောင် ဘယ်လို ပြင်ဆင်သင့်လဲ?

> https://bit.ly/3Tilzft 

 

အပေါ်မှာ ဖော်ပြထားတဲ့ နိုင်ငံနဲ့ မြို့တွေမှာ ကျန်းမာရေးအတွက် မကောင်းမွန်တဲ့ လေထုညစ်ညမ်းမှု အများဆုံး ရှိနေတာ ဖြစ်ပြီး ဒီစာရင်းထဲမှာဆိုရင် ရန်ကုန်မြို့ဟာ တစ်ကမ္ဘာလုံးရဲ့ အဆင့် (၁၃) နေရာကို ရောက်ရှိနေတာကို မြင်တွေ့ရပါလိမ့်မယ်။ 

 

ရန်ကုန်က မြို့နယ်တွေရဲ့ လေထုညွှန်းကိန်းများ ကြည့်ရန်

 

IQAir ရဲ့  ကောက်ယူ ခန့်မှန်းထားတဲ့ စာရင်းအရ သြစတြေးလျနိုင်ငံမှာရှိတဲ့ ကင်ဘာရာမြို့ဟာ လေထုညစ်ညမ်းမှု လုံးဝ မရှိဘူးလို့ သိရပါတယ်။ 0 AQI ဆိုတော့ မြို့နေလူထုအနေနဲ့ လေကောင်းလေသန့်ကို အချိန်တိုင်း နေရာတိုင်း ရှုရှိုက်နေရပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ နော်‌ဝေနိုင်ငံ၊ အိုစလိုမြို့၊ ဗြိတိန်နိုင်ငံ နယူးယောက်မြို့၊ ကနေဒါနိုင်ငံ ဗန်ကူးဗာဘီစီမြို့နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွေဟာလည်း လေထုညွှန်းကိန်း 10 AQI အောက်ပဲ ရှိတာကြောင့် အကောင်းဆုံးလေထုတွေကို ပိုင်ဆိုင်ထားပါတယ်။

 

ကျန်းမာရေးအတွက် သင့်တင့် ကောင်းမွန်တဲ့ လေထုညွှန်းကိန်း အဝါရောင်အဆင့်နဲ့ အစိမ်းရောင်အဆင့် နိုင်ငံနဲ့ မြို့တွေကို အောက်ကလင့်ခ်မှာ ဆက်လက် ကြည့်ရှု လေ့လာနိုင်ပါတယ်။

> https://www.iqair.com/world-air-quality-ranking 

 

ရန်ကုန်အနေနဲ့ မြို့နေလူထုရဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ လေထုအရည်အသွေး ရှိနေတာကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့အတွက် မြို့တွင်းမှာ လေထုသန့်စင်မှုတွေ အများအပြား လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။

 

Su Mon Oo

Ref : IQ Air

⇐ Previous Next

Read 940 times