Things To Do

ရန်ကုန်မြို့ ရဲ့ ရှေးဟောင်း ကိုလိုနီခေတ် အဆောက်အဦး (၅) ခု

Five Ancient Colonial Buildings in Yangon

ရန်ကုန်မြို့ဆိုတာ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်ကို ကြံကြံခံဖြတ်သန်းလာတဲ့ ရန်ကုန်မြို့က ကိုလိုနီခေတ်ဗိသုကာလက်ရာတွေကို လေ့လာဖို့အတွက် အကောင်းဆုံး မြို့တော်ဖြစ်ပါတယ်။ 

ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီး (၁၈၂၄) ခုနှစ်မှာ မြန်မာနိုင်ငံက ဗြိတိသျှကိုလိုနီဖြစ်လာခဲ့ပါတယ်။ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက် ကိုလိုနီခေတ်က အဆောက်အအုံတွေက ခေတ်အဆက်ဆက်တွေမှာ ကိုလိုနီခေတ်ထိန်းချုပ်မှု၊ ဂျပန်ကျူးကျော်မှု၊ စစ်တပ်အုပ်ချုပ်မှုနဲ့ ငြိမ်းချမ်းရေးအတွက်ရုန်းကန်မှုတွေအတွက် အမှတ်ရစရာ အမွေအနှစ်များဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ရန်ကုန်မြို့ရဲ့ ရှေးဟောင်းကိုလိုနီခေတ် အဆောက်အဦး (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(5) Myanma Port Authority

Irrawaddy Flotilla ကုမ္ပဏီရဲ့ ရုံးချုပ်ဖြစ်တဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဆောက်အအုံက ယခင်က နယူးယောက်မြို့ပြီးလျှင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အလုပ်အများဆုံး ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီအဆောက်အအုံရဲ့ ဖွဲ့စည်းပုံက Neo-Classical ပုံစံဖြစ်ပြီး ကောရိန္သုမြို့ရှိ ကော်လံတွေက အဆောက်အအုံရဲ့ နှစ်ဖက်စလုံးမှာရှိနေပါတယ်။ အဆောက်အဦးရဲ့ ထင်ရှားတဲ့အရာက မျှော်စင်ဖြစ်ပြီး ခေါင်မိုးနဲ့ ပြတင်းပေါက်တွေပါရှိပြီး ရန်ကုန်မြစ်ရဲ့ အလှအပကို ခံစားလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

Myanma Port Authority – Architectural Guide: Yangon

(4) Strand Hotel

ဒီ Victorian Style ဟိုတယ်ဟာ (၁၉၀၁) မှာ Raffles Singapore နဲ့ E & O Penang တို့ကို တည်ဆောက်ခဲ့တဲံ Armenian ညီအစ်ကိုတွေက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဟိုတယ်က ရန်ကုန်ကိုလိုနီခေတ်ဗိသုကာလက်ရာအထင်ရှားဆုံး အဆောက်အအုံတစ်ခုဖြစ်ပြီး (၂၀၀၈) ခုနှစ်မှာ ပြန်လည်ပြုပြင်မွမ်းမံခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အဆင့်မြင့်ဟိုတယ်တစ်ခုဖြစ်ပါတယ်။ 

Built by the John Darwood, the Strand Hotel Yangon, however, was then  acquired by the Sarkies brothers owning luxry hotels in the Far… | Strand  hotel, Hotel, Yangon

(3) Rowe & Co

ယခု AYA ဘဏ်ရဲ့ ရုံးချုပ်ဖြစ်တဲ့ Rowe & Co အဆောက်အအုံက (၁၉၁၁) ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး အရှေ့တောင်အာရှမှာ အကြီးမားဆုံး Department Stores တစ်ခုဖြစ်ခဲ့ပါတယ်။ 

(၁၉၆၀) ပြည့်နှစ်မှာ Rowe & Co အဆောက်အအုံကို အစိုးရက လူဝင်မှုကြီးကြပ်ရေးရုံးအဖြစ် (၂၀၀၅) ခုနှစ်ထိ ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။

rowe & co. | thirtysixviews

(2) High Court

နောက်ထပ် Victorian Building ဖြစ်တဲ့ Neo Classic အဆောက်အအုံက ရန်ကုန်မြို့ရဲ့ အလည်မှာတည်ရှိတဲ့ တရားရုံးချုပ်ဖြစ်ပါတယ်။

High Court Building_7

(1) Secretariat

လက်ရှိ ၀န်ကြီးများရုံးလို့ လူသိများတဲ့ အဆောက်အဦးကို (၁၉၀၂) ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးတစ်ခုလုံးရဲ့ အတွင်းရေးမှူးဌာနအဖြစ် (၁၉၄၈) ခုနှစ်ထိဖွင့်လှစ်ခဲ့ပါတယ်။

Myanmar past and present meet at the Secretariat | The National

⇐ Previous Next

Read 2149 times