Things To Do

ဂျပန်ဘာသာစကားကို အခမဲ့ လေ့လာနိုင်သော Website များ

Free Japanese Websites To Learn

ဂျပန်ဘာသာစကားဟာ ယနေ့ခေတ် မြန်မာနိုင်ငံမှာ အထူးခေတ်စားလာပြီး ဂျပန်နိုင်ငံကို ပညာတော်သင်သွားတဲ့သူတွေ၊ အလုပ်သွားရောက်လုပ်ကိုင်သူတွေလည်း တစ်နှစ်ပြီးတစ်နှစ် သွားရောက်နှုန်း များလာပါပြီ။ မြန်မာနိုင်ငံမှာပဲ လုပ်ငန်းခွင်တိုးတက်မှုအတွက် လေ့လာထားမယ်ဆိုရင်လည်း လေ့လာသင်ယူဖို့ အသင့်တော်ဆုံး ဘာသာစကားတွေထဲက တစ်ခုဖြစ်ပါတယ်။ 

ဂျပန်ဘာသာစကားကို စိတ်ဝင်စားလို့ လေ့လာချင်တဲ့သူတွေအတွက် အွန်လိုင်းကနေ Self-Learning လုပ်နိုင်မယ့် Free Website (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။  

၁။ Tofugu

၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဝက်ဘ်ဆိုက်ဒ်ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု၊ ရိုးရာဓလေ့ တွေကိုပါ လေ့လာနိုင်ပါတယ်။ ဂျပန်စာကို ပေါ့ပေါ့ပါးပါး လေ့လာနိုင်တဲ့ အကောင်းဆုံး Online Learning Free Website တွေထဲက တစ်ခုပါ။ Self-Study လုပ်နေတဲ့သူတွေအတွက် အဆင်ပြေအောင် ဖန်တီးပေးထားတဲ့ Online Textbook ဖြစ်တဲ့ Textfugu နဲ့လည်း ချိတ်ဆက်ပေးထားပါတယ်။ 

၂။ Learn Japanese Language

ဂျပန်ဘာသာစကားမှာ သင်ကြားရမယ့် Hiragana၊ Katakana နဲ့ Kanji (တရုတ်စာလုံး) တွေရှိပါတယ်။ Kanji စာလုံးတွေဆို တရုတ်စာလုံးတွေဆိုတဲ့အတိုင်း စုတ်ချက်တွေကလည်း ခက်ခဲရှုပ်ထွေးပါတယ်။ ဒီဝက်ဘ်ဆိုက်ဒ်လေးမှာတော့ စာလုံးရေးနည်းတွေကိုပါ Tutorial အနေနဲ့ သေသေချာချာ ဖော်ပြပေးထားတာမို့ လေ့လာရတာ အနည်းနဲ့အများ လွယ်ကူရှင်းလင်းစေမှာပါ။

Advertisement

Click Here > Mata International

၃။ Japanese 101

ဒီဝက်ဘ်ဆိုက်ဒ်လေးကတော့ ဂျပန်ဘာသာစကားအပြင် တစ်ခြားဘာသာစကားမျိုးစုံကိုလည်း လေ့လာနိုင်ပါသေးတယ်။ ဂျပန်ဝေါဟာရတွေကို အခြေခံကစပြီး စုံစုံလင်လင် လေ့လာလို့ရပါတယ်။ ဝေါဟာရတွေအပြင်  ဂျပန်ရုပ်မြင်သံကြားအစီအစဥ်နဲ့  တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ ဝက်ဘ်ဆိုက်ဒ်၊ ဖိုရမ်တွေနဲ့လည်း ချိတ်ဆက်ပေးထားပါသေးတယ်။

၄။ Japanese Pod 101

ဒီဝက်ဘ်ဆိုက်ဒ်ကတော့ Register အရင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင်ခန်းစာတွေကို ဗီဒီယိုဖိုင်၊ အသံဖိုင်တွေနဲ့ ရယူနိုင်ပြီး သတင်းစာတွေကိုပါ အခမဲ့ ရယူနိုင်ပါတယ်။ ချိတ်ဆက်တင်ပေးထားတဲ့ ဖိုရမ်တွေကနေလည်း အကြံအဉာဏ်တွေ၊ အကူအညီတွေ များစွာ ရယူနိုင်ပါတယ်။

၅။ MLC Japanese Language School Resources

MLC Japanese Language School ကတော့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ ကျောင်းဖြစ်ပါတယ်။ သူ့ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ဂျပန်စာလေ့လာဖို့အတွက် ဒေါင်းလုပ် လုပ်လို့ရတဲ့ PDF File တွေကို တင်ပေးထားပါတယ်။ ဂျပန်စာအရည်အချင်းစစ် စာမေးပွဲတွေကိုလည်း အစမ်းဝင်ဖြေကြည့်ပြီး ကိုယ့်ရဲ့ Japanese Language Level ကို ဆန်းစစ်နိုင်ပါတယ်။ 

ဂျပန်နိုင်ငံကို ကျောင်းသွားတတ်ချင်တာပဲဖြစ်ဖြစ်၊ Japan Anime တွေကို ဘာသာပြန်မလိုဘဲ ကြည့်ဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်လိုအပ်ချက်အရ ဂျပန်ဘာသာစကား သင်ယူချင်တာပဲဖြစ်ဖြစ် အခမဲ့လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက်ဒ်တွေဖြစ်လို့ ကိုယ်အားလပ်တဲ့အချိန်မှ လေ့လာသင်ယူနိုင်ပါတယ်။ 

Myanmar Education Guide

⇐ Previous Next

Read 1010 times