Things To Do

Graphic Designer တွေအတွက် အသုံးဝင်မယ့် Free Websites (၁၀) ခု

Free Useful Websites For Graphic Designers

Graphic ဒီဇိုင်းကို ဝါသနာပါသူတွေ၊ စတင်လေ့လာနေတဲ့သူတွေ၊ ဒီနယ်ပယ်မှာ အလုပ်လုပ်နေသူတွေအတွက် Logo တွေ၊ Social Image တွေ၊ Video တွေ၊ Poster တွေကို ဒီဇိုင်းလုပ်တဲ့နေရာမှာ အထောက်အကူပြုမယ့် Website (၁၀) ခုကို အလင်းပြပေးလိုက်ပါတယ်။ သုံးရတာ လွယ်ကူရိုးရှင်းပြီး Mock up တွေ၊ Templates တွေကိုလည်း အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါသေးတယ်။  

(၁) Freepik

Design နယ်ပယ်မှာ Freepik က မသိသူ မရှိတဲ့ နာမည်ကြီး ဝက်ဘ်ဆိုဒ်တစ်ခုပါ။ အခမဲ့ Vectors၊ Photos နဲ့ PSDs တွေ ၁ သန်းကျော်လောက် Resource ရှိပါတယ်။ Presentation တွေ၊ ဝက်ဘ်ဆိုဒ်တွေ၊ ကြော်ငြာတွေနဲ့ မဂ္ဂဇင်းတွေမှာ အသုံးပြုဖို့ရာ လိုသလောက် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

http://www.freepik.com/

(၂) Pixeden

အရည်အသွေးမြင့် Graphic Templates တွေ ရယူနိုင်တဲ့ ဝက်ဘ်ဆိုဒ်ကောင်းတစ်ခုပါ။ Free Background Graphic၊ Text Effect Graphic၊ Web Graphic တို့ကို Offer ပေးပါတယ်။ PSDs Design တွေ ရယူဖို့အတွက် အကောင်းဆုံးဝက်ဘ်ဆိုဒ်တွေထဲက  တစ်ခုအပါအဝင်ပါ။

http://www.pixeden.com/

(၃) Mockup World

ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးဒီဇိုင်နာတွေနဲ့ အေဂျင်စီတွေက ဖန်တီးပေးထားတဲ့ အရည်အသွေးမြင့် Mockup Templates တွေနဲ့ PSD ဒီဇိုင်းများစွာကို ရယူနိုင်ပါတယ်။ 

http://www.mockupworld.co/

(၄) Iconfinder

ဒီဇိုင်းလုပ်တဲ့အခါမှာ Icon တွေကို သေချာပေါက် လိုအပ်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုဒ်နဲ့ဆိုရင် Icon တွေ ရှာဖို့လည်း မခက်တော့သလို 3D illustration တွေ၊ Sticker တွေကိုလည်း ဖရီး ရယူနိုင်ပါတယ်။ 

 https://www.iconfinder.com/

(၅) Designmoo

Free Mockup တွေ ရယူဖို့အတွက် Graphic Designer တော်တော်များများ သုံးကြတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါ။ ဒါ့အပြင် တစ်ခြား UI Kits တွေဖြစ်တဲ့ Vectors၊ Fonts၊ Patterns၊ Textures နဲ့ PSDs စတာတွေကိုလည်း ရယူနိုင်ပါတယ်။

 http://designmoo.com/

Pacific Horizon Enterprise Ltd

Advertisement

Click Here >> Pacific Horizon Enterprise

(၆) Mixkit

Watermark မပါတဲ့ Stock Video၊ Music Tracks၊ Sound Effect နဲ့ Video Templates တွေကို အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်တဲ့ အခမဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။

https://mixkit.co/

(၇) Vecteezy

Vector ပုံတွေ၊ Photo တွေ၊ Pattern တွေ တော်တော်များကို ဖရီးကြိတ်လို့ ရပါမယ်။ ဒါတွေအပြင် Video Footage တွေကိုလည်း အလွယ်တကူ ရှာဖွေ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

https://www.vecteezy.com/

(၈) Free Pngimg

နောက်ခံလည်း ဖျက်ထားရမယ်၊ ပုံကလည်း ကြည်ရမယ်၊ ပုံအမျိုးအစားလည်း စုံရမယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒါလေး သုံးကြည့်ပါ။

https://freepngimg.com/

(၉) Color Hunt

ဒီဇိုင်းဆွဲရာမှာ အရောင်နဲ့ ပတ်သတ်လို့ ခေါင်းစားနေရရင် Inspiration ယူလို့ အကောင်းဆုံး ဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။ Color Hunt နဲ့ တူတဲ့ တခြား Adobe Color နဲ့ Coolors တွေကိုလည်း အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ 

https://colorhunt.co/

(၁၀) Canva 

Graphic Designer တွေအတွက် အသုံးဝင်တဲ့ Tools တွေ ပြောတဲ့အခါမှာ Canva ကိုလည်း ချန်ခဲ့လို့မရပါဘူး။ Canva မှာ Social Media Post၊ Logo၊ Flyer၊ Photo၊ Video တွေကို စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ 

https://www.canva.com/

⇐ Previous Next

Read 856 times