Things To Do

သမိုင်းအငွေ့အသက်များ ထင်ဟပ်နေသော ဗိုလ်ချုပ်အောင်ဆန်းပြတိုက်

General Aung San Museum

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည်  ဗဟန်းမြို့နယ်တွင် တည်ရှိပြီး ၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဗိုလ်ချုပ်ရှိစဉ်အခါက နေအိမ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင်မှု ပြတိုက်အဖြစ် ဗိုလ်ချုပ်၏ စာအုပ်၊ ပရိဘောဂ၊ မိသားစုဓာတ်ပုံ၊ ကား စသည့် အသုံးအဆောင်များ အပါအဝင် သူ၏ ဘဝဇာတ်ကြောင်းနှင့် အမှတ်တရလက်ရာများကို ပြသထားရှိသည်။

ဘဲဥပုံစံမြေကွက်ဖြစ်ပြီး အကျယ်အားဖြင့်(၂.၄၂၃ ဧက) ရှိသည်။ ၁၉၂၁ တွင် ဆောက်လုပ်ခဲ့ပြီး အနောက်တိုင်း ဗိသုကာဟန်ဖြင့် ၁၈ ပေမြင့်သည့်ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာမူကာ ဥရောပပုံစံ သဖွယ် တည်ဆောက်ထားခြင်း ဖြစ်သည်။

သာမန်နှစ်များတွင် ဇူလိုင် ၁၉၊ ၂၀၊ ၂၁ သုံးရက်စလုံးကို မနက် ၆ နာရီမှ ည ၆ နာရီအထိ အထူးအနေဖြင့် ဖွင့်လှစ်ထားပါသည်။

ပုံမှန် ပြတိုက်ဖွင့်သည့် အချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေ အထိ နံနက် ၉ နာရီမှညနေ ၅  နာရီ အတွင်း ဖြစ်သည်။ အစိုးရ ရုံးပိတ်ရက်များတွင် ပြတိုက်ဖွင့်လှစ်ထားခြင်းမရှိပေ။ဝင်ကြေး အနေဖြင့် မြန်မာပြည်သားများအတွက် ဝင်ကြေးအခမဲ့ ဖြစ်ပြီး နိုင်ငံခြားသား လူမျိုးများအတွက် တစ်ဦးလျှင် ဝင်ကြေး ၅၀၀၀ ကျပ် နှုန်းဖြင့် ကောက်ခံလျှက်ရှိသည်။

ဗိုလ်ချုပ်နေအိမ်အစအဆုံးကို ၃၆၀ ဒီဂရီ မြင်ကွင်းဖြင့် အသေးစိတ်ကို အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

https://bit.ly/2CZmtu5 

⇐ Previous Next ⇒

Read 4358 times