Things To Do

မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ ကင်းဝေးမယ့် လှော်ကားဥယျာဥ် ပြန်ဖွင့်တော့မယ်

Hlaw Gar Park to Reopen From the suffocating life of the city

ကိုဗစ်ကြောင့် ယာယီ ပိတ်ထားခဲ့ရတဲ့ လှော်ကားဥယျာဥ်ကို လာမယ့် ဒီဇင်ဘာ (၂၀)ရက်နေ့ကနေ စပြီး  Birds Watching Tours လို့ခေါ်တဲ့ ဆောင်းခိုငှက်တွေနဲ့ လှော်ကားဥယျာဥ်အတွင်းက သဘာဝအတိုင်း နေထိုင်ကျက်စားတဲ့ ငှက်များကို လေ့လာတဲ့ အစီအစဥ် တစ်ခုနဲ့အတူ ပြန်လည်ဖွင့်လှစ်သွားတော့မှာပါ။

 

 

ဒီလိုဖွင့်တဲ့အခါမှာ ပုံမှန်ဥယျာဥ်ကို လာသလိုမျိုး လက်ခံမှာမဟုတ်ပဲနဲ့ ကြိုတင် စာရင်းပေးပြီးတော့ လာရောက်ရမှာဖြစ်ပါတယ်။ဒီအစီစဥ်အတွက် မနက်(၆) နာရီကနေ ညနေ(၄) နာရီအထိကို တစ်ဖွဲ့မှာ လူ(၅)ဦး၊ (၁၀)ဦး၊(၁၅) ဦး နဲ့ စုစုပေါင်း (၂၀) ဦးအထိပဲ ကြိုတင်စာရင်းပေး လက်ခံမှာပါဆိုတော့ အမြန်စာရင်းသွားပေးဖို့တော့ လိုပါတယ်။ဒါ့အပြင် သဘာဝဥယျာဥ်အတွင်းမှာ Camp(ယာယီတဲ)ထိုးပြီး နေထိုင်နိုင်သလို တောလမ်းလျောက်တာ၊တောလမ်းစက်ဘီးစီးတာ၊ငါးမျှားတာ စတဲ့ Activites တွေကို လုပ်နိုင်ပါတယ်။

အစားအသောက် အစီအစဥ် အနေနဲ့ဆိုရင်လည်း မနက်စာအတွက် ကောက်ညှင်းပေါင်းနဲ့ အကြော်စုံ နေ့လည်စာအတွက် ကြက်သားနဲ့ ဘူးသီး ၊ ကြက်ကြော် ၊ ကြက်ဥမွှေကြော်၊ ငါးသလောက်စဥ်းကော၊ အရွက်သုပ်(သို့)အရွက်ကြော် ၊ ငပိတို့စရာ၊Snack Basket၊ Coffee စတာတွေပါတဲ့ လယ်တော Menu ၊ ကင်စရာ အသားငါးနဲ့ ဝိုင်ပါတဲ့ BBQ Menu အစရှိတာတွေကို ရနိုင်မှာဆိုတော့ ပိတ်ရက်မှာ အေးအေးဆေးဆေး Chill ဖို့ နေရာကောင်းလေးတစ်ခု အဖြစ်ရှိမှာ အသေအချာပါပဲ။ဒီထက်ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ 09 429 998 624 ကိုဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

 

Next

Read 2587 times