Things To Do

Rescheduled Events in Yangon

Rescheduled Events in Yangon

တန်ဆောင်တိုင်ကာလဖြစ်တဲ့ နိုဝင်ဘာလဆန်းမှာ ကျင်းပပြုလုပ်မဲ့ ရန်ကုန်မြို့က Event အချို့ဟာ အခါမဲ့ရွာသွန်းမှုကြောင့် ပွဲစဉ်များကို ရက်ရွှေ့ပြီး ပြန်လည်ကျင်းပမယ်လို့ ကြေညာခဲ့တာကို MY Yangon Guide က ပြန်လည်မျှဝေလိုက်ပါတယ်။

 Rescheduled Events in Yangon

“MYEA စျေးပွဲတော်”

Myanmar Plaza Outdoor Fountain Area မှာ အောက်တိုဘာလ (၃၁) ရက်နေ့ကနေ နိုဝင်ဘာလ (၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင်ကျင်းပပြုလုပ်မည့် MYEA စျေးပွဲတော်ရဲ့ပထမရက်မှာ မမျှော်လင့်ထားသည့် မိုးများအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုအခြေအနေများကြောင့် ဆိုင်ခန်းခင်းကျင်းပြသသူများနှင့် လာရောက်လည်ပတ်သူများရဲ့ ဘေးကင်းလုံခြုံမှုကို ရှေးရှု့၍ယာယီရပ်နားပြီး နိုဝင်ဘာလ (၁၄) ရက်ကနေ (၁၆) ရက်နေ့တွေမှာ ပြန်လည်စီစဉ်ကျင်းပမည့်အကြောင်း Myanmar Plaza က ကြေညာထားပါတယ်။

 Rescheduled Events in Yangon

“Starry Night Tazaungdaing Bazaar”

ယခုလက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများကြောင့် ဝန်ကြီးများရုံး (ရန်ကုန်) မှာ ကျင်းပလျက်ရှိတဲ့ Starry Night Tazaungdaing Bazaar ညဈေးပွဲတော်ရဲ့ ကျန်ရှိနေသောရက်များကို

နိုဝင်ဘာလ (၂၁) ရက်နေ့နှင့် (၂၂) ရက်နေ့တို့ကို ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပါသည်လို့ ကြေညာထားပါတယ်။ Starry Night Tazaungdaing Bazaar ပွဲမှာ လာရောက်ဖျော်ဖြေသွားမယ့် အနုပညာရှင်များကတော့ အပြောင်းအလဲမရှိဘဲ -

နိုဝင်ဘာ (၂၁) ရက်နေ့ - May Kha Lar & Reborn Band

နိုဝင်ဘာ (၂၂) ရက်နေ့ - SHINE & Swan Band တို့မှ ဖျော်ဖြေတင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။

Rescheduled Events in Yangon

TAZAUNGDAING FULL MOON ROCK NIGHT

နိုဝင်ဘာ ၄ရက်နေ့ (တန်ဆောင်တိုင်လပြည့်) Inya Lake Hotel (မြက်ခင်းပြင်) တွင် ကျင်းပရန်စီစဉ်ထားသော TAZAUNGDAING FULL MOON ROCK NIGHT ပွဲအား မိုးသည်းထန်စွာ ရွာသွန်းနေမှုနှင့် ရာသီဥတုအခြေအနေများကြောင့် ရွှေ့ဆိုင်းလိုက်ပြီး ပိုမိုကောင်းမွန်သော အစီအစဉ်များထည့်ကာ 16th November တွင်ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း ပရိသတ်များနှင့် အနုပညာရှင်များအား အသိပေးအပ်ပါတယ်လို့ ကြေညာထားပါတယ်။

 

တန်ဆောင်တိုင်ကာလမှာ သွားဖို့ အားခဲထားပြီးမှ အခါမဲ့မိုးက ပွဲဖျက်လို့ မသွားဖြစ်လိုက်တဲ့ ပွဲတွေထဲက ဘယ်ပွဲကို မကျေပွဲနွှဲဖို့ စီစဉ်ထားသလဲ Yangoners တို့ရေ … Event တစ်ခုဆိုတာကလည်း ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ရာသီဥတု သာသာယာယာ ရှိပြီး မိုးလေကင်းရှင်းချိန်မှ ပိုပြီးပျော်စရာကောင်းတာမို့ ရက်ရွှေ့ထားတဲ့ နေ့ရက်တွေမှာ ဘယ်ပွဲသွားမလဲ ကြိုတင်စဉ်းစားနိုင်ဖို့ MY Yangon Guide က မျှဝေပေးလိုက်ရပါတယ်။

 

⇐ Previous

Read 61 times