Things To Do

အိမ်အသုံးစရိတ်လျှော့ချဖို့နည်းလမ်းကောင်းတချို့

Some Suggestion To Reduce Your Monthly Spend

လအစက ဖောင်းထားတဲ့အိတ်ကလေးက လကုန်ခါနီးလေ ပိန်လာလေပိန်လာလေနဲ့ ဒီလိုနဲ့ လလည်းကုန်သွားရော ပြောင်သလင်းခါသွားရော။ အဲဒီမှာ ခေါင်းကိုက်ပြီ၊ တစ်လလုံးလုံးဘာတွေဘယ်လိုသုံးခဲ့မိတာလဲ၊ တစ်ခါတလေ နောင်တလည်းရတယ်။ ကဲ.. ဒီပြဿနာကို ဘယ်လိုအဖြေရှာကြမတုန်း..

(၁) အိမ်မှာချက်စားပါ

 

အိမ်မှာချက်စားခြင်းက Fast food ‌တွေစားတာ၊ လမ်းဘေးမသန့်စာတွေစားတာထက် ကျန်းမာရေးနဲ့လည်း အများကြီး ပိုညီညွတ်ပြီး ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်ပါတယ်။ ဟင်းချက်ရင်းနဲ့ အကြံကောင်းဉာဏ်ကောင်းတွေလည်း ရတတ်တာမို့ ငွေကုန်သက်သာ၊ တိုးတက်စေမယ့်နည်းလမ်းလေးပါနော်။

(၂) ဈေးဝယ်စာရင်းပြုလုပ်ထားပါ

 

ဈေးဝယ်တဲ့အခါ လက်ဗလာနဲ့သွားတာထက် ဝယ်မယ့်စာရင်းကို သေချာချရေးသွားပါ။ ဒီတော့မှ မလိုအပ်တဲ့အပိုပစ္စည်းတွေကို စိတ်အလိုလိုက်ပြီး ဝယ်မိတဲ့ ပြဿနာကနေ ရှောင်ကွင်းနိုင်မှာဖြစ်ပါတယ်။

(၃) သုံးသမျှစာရင်းပြုစုပါ

 

ဒီနေ့ဘယ်လောက်ဖိုးစားလိုက်တယ်၊ ဘယ်လောက်ဖိုးဝယ်လိုက်တယ် စသဖြင့် သုံးသမျှကို နေ့စဉ်စာရင်းရေးမှတ်ပါ။ တစ်လပြည့်တဲ့အခါကျ စာရင်းပြန်ချုပ်ရင် ကိုယ်ဘယ်နေရာမှာ ဘယ်လောက်တောင် သုံးလိုက်မိသလဲဆိုတာ သိရပြီး နောင်မဖြစ်အောင် ရှောင်နိုင်ပါလိမ့်မယ်။

(၄) လျှော့ဈေးကိုစောင့်ပါ

 

မိုးရာသီလျှော့ဈေး၊ ဆောင်းရာသီလျှော့ဈေး စသဖြင့် လျှော့ဈေးတွေက တစ်နှစ်ပတ်လုံးမပြတ်ရှိနေပါတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပြီးဝယ်တတ်ဖို့သာ လိုတာပါ။ 

(၅) လစဉ်အသုံးစရိတ်သတ်မှတ်ပါ

 

တစ်လကိုဘယ်လောက်သုံးမယ်ဆိုတဲ့ တိကျတဲ့ ပမာဏတစ်ခုကြိုတင်သတ်မှတ်ထားပါ။ အိမ်လခ၊ စားစရိတ်၊ အပိုအသုံးစရိတ် စသဖြင့် နေရာတိုင်းမှာ ပမာဏတစ်ခုစီသတ်မှတ်ပြီး ခွဲထားနိုင်ခြင်းအားဖြင့် အပိုကုန်ကျစရိတ်တွေကို လျှော့ချနိုင်ပါလိမ့်မယ်။

 

⇐ Previous Next

Read 1209 times