ကလေးတွေရဲ့ နွေရာသီကျောင်းပိတ်ရက်တွေကို အိမ်မှာနေရင်း ကုန်ဆုံးစေမယ့်အစား အကျိုးရှိရှိ အသုံးချနိုင်ဖို့ နွေရာသီကာလအတွင်း ဖွင့်လှစ်ထားတဲ့ သင်တန်းတချို့ကို မျှဝေပေးချင်ပါတယ်။
ကလေးတွေအတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမှာ အထောက်အကူပြုတဲ့ ရေကူးသင်တန်း၊ နည်းပညာပိုင်း တိုးတက်မှုအတွက် ကွန်ပျူတာသင်တန်း၊ အတတ်ပညာပိုင်းအတွက် အင်္ဂလိပ်စာသင်တန်း၊ အနုပညာနဲ့ တီထွင်ဖန်တီနိုင်စွမ်းတွေ မြင့်မားဖို့အတွက် ပန်းချီသင်တန်းနဲ့ ဂီတသင်တန်းတို့ ပါဝင်ပါတယ်။ သက်ဆိုင်ရာ သင်တန်းကျောင်း၊ သင်တန်းကြေး၊ သင်တန်းစမယ့်ရက်နဲ့ အချိန်တွေကိုတော့ အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
Art Zone - ပန်းချီသင်တန်း
Art Zone ပန်းချီသင်တန်းကျောင်းမှာ ပန်းချီပညာကို အသက်အငယ်ဆုံး (၄) နှစ်အရွယ်မှ စပြီး အရွယ်စုံ တက်ရောက်သင်ကြားနိုင်ပါတယ်။ သင်တန်းမှာ သွားတက်ချင်သူတွေအတွက် (on campus) အပြင်တန်းနဲ့ Online မှတက်ချင်သူတွေအတွက် (zoom online class) ၂ မျိုးလုံး ဖွင့်လှစ်ပေးထားပါတယ်။
ပန်းချီဆွဲရာမှာ လိုအပ်တဲ့ ဆေးရောင်/စုပ်တံအစရှိသည်တို့ကို သင်တန်းမှာ ထားရှိပေးထားမှာဖြစ်တဲ့အတွက် သင်တန်းသားတွေအနေနဲ့ ယူလာစရာ မလိုပါဘူး။ အခြေခံ မသင်ဖူးသေးဘူးဆိုရင် အခြေခံမှ စတင်သင်ကြားပေးတာဖြစ်ပြီး အခြေခံရှိပြီးသားသူတွေအတွက် လိုအပ်ချက်ပေါ် မူတည်ပြီး လိုက်နိုင်မယ့် Level ကနေ ဆက်လက်သင်ကြားပေးတာ ဖြစ်ပါတယ်။
သင်တန်းကို မတ်လ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး တစ်ပတ် (၂) ရက်နဲ့ (၃) လ တက်ရောက်ရပါမယ်။ သင်တန်းကြေးမှာ (၃) လပြတ်အတွက် -
သင်တန်းချိန်များ
--------
Sat ,Sun တန်းခွဲများ ( start March 2 to May 26 )
10:00 to11:30 AM
2:00 to 3:30 PM
4:00 to 5:30 PM
Tue , Wed တန်းခွဲများ ( start March 5 to May 29 )
10:00 to11:30 AM
3:00 to 4:30 PM
5:00 to 6:30 PM
Thu ,Fri တန်းခွဲများ ( start March 7 to May 31 )
9:00 to 10:30
4:00 to 5:30 PM
Ph : 09 450050473 / 09 459830963
အမှတ် ၁၈၁/ ၁၈၃ ၊ ပထမထပ် ၊ ၅၁လမ်း ( အထက် )၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
British Council - အင်္ဂလိပ်စာသင်တန်း
ကလေးတွေအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်းကို British Council မှာ အပ်ဖို့ စာရင်းပေးသွင်းနိုင်ပါပြီ။ အသက် ၇ နှစ်မှ ၁၅ နှစ် ကလေးတွေအတွက် အင်္ဂလိပ်စာသင်တန်းကို မတ်လ ၂၅ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့အထိ ဖွင့်လှစ်သွားမှာပါ။
သင်တန်းကြေးမှာ ကျပ် 380,000 MMK ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်မှာ (၅) ရက် တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းက တစ်နေ့ (၂) နာရီ၊ သင်ကြားချိန် စုစုပေါင်းနာရီ (၂၆) နာရီရှိပြီး Placement Test ဖြေရန်မလို၊ စာအုပ်ဝယ်ရန် မလိုပါ။
78, Kanna Road, Kyauktada Tsp, Yangon
09 940 070099
Aqua King Myanmar Swimming Club - ရေကူးသင်တန်း
Aqua King Myanmar Swimming Club မှာ နွေရာသီအခြေခံနှင့် အဆင့်မြင့်ရေကူးသင်တန်းတွေကို စတင်ဖွင့်လှစ်နေပါပြီ။
အခြေခံရေကူးသင်တန်း (Learn to swim class)
1. Morning & Afternoon Class
သင်တန်းရက်
သင်တန်းကာလ - ၂ ပတ်
ရေကူးသင်တန်းချိန်
သင်တန်းချိန် - (၁၂) ချိန်
ရေကူးသင်တန်းကြေး
2. Evening Special Class
သင်တန်းသားဦးရေ - ၁၅ ဦးသာ
သင်တန်းရက်
သင်တန်းကာလ - ၂ ပတ်
ရေကူးသင်တန်းချိန်
သင်တန်းချိန် - (၁၂) ချိန်
ရေကူးသင်တန်းကြေး
အဆင့်မြင့်ရေကူးသင်တန်း (Advance Class Morning & Afternoon) (အခြေခံရေကူးသင်တန်း တတ်မြောက်အောင်မြင်ပြီးသူများသာ)
သင်တန်းရက်
သင်တန်းကာလ - ၂ ပတ်
ရေကူးသင်တန်းချိန်
သင်တန်းချိန် - (၁၂) ချိန်
ရေကူးသင်တန်းကြေး
သင်တန်းကြေးတွင် နည်းပြဆရာကြေး၊ ရေကူးကန်ကြေးတို့ ပါဝင်ပါတယ်။ တခြားဘယ် fee မှ ထပ်မံပေးသွင်းစရာ မလိုပါ။ အသက် (၈) နှစ်မှ စပြီး လက်ခံပါတယ်။
ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်စုံစမ်းရန် - 09-75-297-4847 (နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်းသာ)
KMD - ကွန်ပျူတာသင်တန်း
နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ရန်အတွက် KMD မှာ Summer Kid Course တွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းကြေးနဲ့ သင်တန်းအချိန်တွေကိုတော့ KMD Institute ရဲ့ Page Messenger မှာ (သို့)
09 42805 5067 ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်။
Yangon Music Centre - ဂီတသင်တန်း
Yangon Music Centre မှ Summer Music Class ကို March 4 ရက်နေ့တွင် စတင်ဖွင့်လှစ်မှာပါ။ ၃ လသင်တန်းဖြစ်ပြီး တစ်ပတ် (၃) ရက်နဲ့ အဖွဲ့လိုက် သင်ကြားပေးမယ့် အတန်းဖြစ်ပါတယ်။ Mon, Wed, Fri တစ်ပတ် ၃ ရက် သတ်မှတ်ထားပေမဲ့ သတ်မှတ်ထားတဲ့ ရက်တွေမှာ အဆင်မပြေရင် ကျောင်းသား/သူတွေရဲ့ အားလပ်ချိန်နဲ့ ပြန်ညှိပေးပါတယ်။
သင်ကြားပေးမယ့် မှာ Summer Music Class မှာ Course (၃) မျိုး ပါဝင်ပါတယ်။
အသက် (၈) နှစ်မှ စပြီး လူငယ်၊ လူကြီးမရွေး တက်ရောက်နိုင်ပါတယ်။ အချိန်ကတော့ (၁) ရက်ကို တစ်နာရီခွဲ သင်ကြားပေးမှာပါ။
သင်တန်းကြေး
သင်တန်းချိန်
Phone: 09 45855 2060
Address: No 203,Thumingalar Street, Near Yangon International School (YIS), Thingangyun Township,Yangon.
Read 1061 times